Cadillac ကတော့ သူတို့ရဲ့ ခေတ်ပေါ် အဆင့်မြင့်ဆုံးသော ဇိမ်ခံ ကားသစ်တစ်စီး ဖြစ်တဲ့ Flagship Sedan တစ်စီးကို မကြာခင် ချပြလာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ Celestiq ကားပဲ ဖြစ်ပြီး ယခင် CT6 Flagship Sedan အစားဝင်လာတဲ့ သာမန် ကားတစ်စီးတော့ ဖြစ်မနေပဲ နည်းပညာပိုင်း အရရော အသွင်အပြင်ပိုင်းတွေ အရပါ Rolls-Royce Phantom နဲ့ Bentley Mulsanne ကားတွေလိုမျိုး ဇိမ်ခံ အလန်းစားကြီးတွေ ဖြစ်လာမှာပါ။ ဇိမ်ခံ ဆိုပေမယ့် ယခင်လိုမျိုး ခပ်ဟောင်းဟောင်း နည်းပညာတွေနဲ့ ဖြစ် လာမှာ မဟုတ်ပဲ ခပ်ကြီးကြီး ခပ်ထင်ထင်ရှားရှားနဲ့ ကား ကောင်းတစ်စီး ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် GM ရဲ့ Ultium Electric Platform အပေါ် အခြေခံ ဖန်တီးထားပြီး နည်းပညာမြင့် Gadgets တွေဖြစ်တဲ့ Four-Panel Glass Roof အမိုး လိုဟာမျိုးတွေလည်း ထည့်ပေးထားပါတယ်။ အထူးသဖြင့် ယာဉ်မောင်းနဲ့ ခရီးသည်တို့အကြား အမိုးရဲ့ အကြည် ၊ အနောက် အနေအထားတွေကို စိတ်ကြိုက် သီးသန့်ဆီ ချိန်ညှိနိုင်မှာ ဖြစ်ပြီး Dashboard အပြည့် ထည့်ပေးထားတဲ့ Digital Display ကြီး ကလည်း တစ်ခါတစ်လေ မှာ ခပ်မှောင်မှောင် အနေအထားလေး ရောက်အောင် အလိုအလျောက် လုပ်ပေးထားနိုင်ပြီး ယာဉ်မောင်းကို အနှောင့် အယှက် မဖြစ်ရအောင် စီစဉ် ပေးထားတာပဲ ဖြစ်ပါတယ်။

                                                          Photo Credit: MotorAuthority

အဆိုပါ ကားသစ် ဘယ်တော့လောက် ထွက်လာမလဲ ဆိုတာ အတိအကျမသိရသေး ပေမယ့်လည်း ထုတ်ဖို့ အနီးစပ် ဆုံးသော Concept ကား တစ်စီးကိုတော့ အခုလာမယ့် ဇူလိုင် လ နှောင်းပိုင်းလောက်မှာတင် မြင်လာရဖို့ ရှိလာခဲ့ပြီ လို့ ပြီးခဲ့တဲ့ အပတ်ကပဲ ကုမ္ပဏီဘက်က အတည်ပြုခဲ့ ပါတယ်။ တစ်ချို့သော Teaser ပုံရိပ်တွေ အရလည်း ကားရဲ့ ဒီဇိုင်း တစ်ချို့ ကိုပါ မြင်တွေ့လာရပါတယ်။ Celestiq ကားသစ်ရဲ့ အသေးစိတ် ဖြစ်လာနိုင်တဲ့ အထင်ကြီးစရာ အပိုင်းတွေ ကတော့ Coach ဇိမ်ခံ အဆင့် ကားတစ်စီး ဖြစ်အောင် ပြပေးထား နိုင်တဲ့ အပိုင်းတွေပါပဲ။ သာမန် ထုတ်လုပ်တဲ့ ကား တစ်စီးရဲ့ အဆင့်ထက်စာရင်တော့ တော်တော်ကို သိသာ နေတဲ့ အပြင်အဆင် တွေဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် ၊ မီချီဂန် ပြည်နယ် ၊ Warren မှာရှိတဲ့ GM ရဲ့ Global Technical Center မှာလည်း အခု ကားအသစ် ထုတ်လုပ်ဖို့ အတွက် ကို ဒေါ်လာ ၈၁ သန်း အထိ ကို ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပြီး အဆိုပါ စင်တာကတော့ ယခင်ကတည်းက GM ရဲ့ ဒီဇိုင်း ပိုင်းနဲ့ ကားသစ် တွေ ထုတ်လုပ်တာကို အစပြုနေခဲ့တဲ့ စင်တာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာလည်း ဘက်ထရီအသစ် သုတေသနပိုင်း တွေကိုပါ ဆက်လက် လုပ်ကိုင်နေတဲ့ စင်တာတစ်ခုလည်း ဖြစ်ပြန်ပါတယ်။

                                                         Photo Credit: MotorAuthority

အဆိုပါ စင်တာမှာ ရှိတဲ့ Celestiq ကားအပိုင်း ဖန်တီးမှုကတော့ ထုတ်လုပ်မှုပိုင်းကို အနည်းငယ်သာ အား စိုက်ထားပြီး 3D Printer နဲ့ ပုံစံ ထုတ်ရတာ မျိုးတွေကို ပိုပြီး အထူးပြု လုပ်ကိုင်ထားတာလည်း ဖြစ်ပါတယ်။ Cadillac အနေနဲ့ ကတော့ Celestiq ကားသစ်မှာ 3 D Print ပုံစံအပိုင်းတွေကို ယခင်ထုတ်လုပ်ခဲ့တဲ့ ကား တွေတုန်းကထက် ပိုသုံး ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု Celestiq ကားတွေကိုတော့ တစ်ရက်ကို ကားအစီးရေ ၁.၂ စီး နှုန်း အထိ ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပြီး ဈေးနှုန်းတွေကလည်း အခြေခံ ဈေးမှာတင်ပဲ $ 200,000 လောက်ကနေကို စတင် လာမယ်လို့ သိထား ရပါတယ်။ စက်ပိုင်းဆိုင်ရာကတော့ သိထားတဲ့အတိုင်း လျှပ်စစ်သီးသန့် ဖြစ်လာမှာ ဖြစ်ပြီး All-Wheel Drive နဲ့ All-Wheel Steering စနစ် တွေလည်း ပါဝင် လာတော့မှာပါ။ Ultium Platform ကြောင့်လည်း အခု ကား အသစ်ရဲ့ Range ကို ပိုတိုး တက်လာစေပြီး တစ်ခါ အားသွင်းထား ရင်ကို မိုင် ၄၀၀ လောက် အထိ မောင်းနှင်လာ နိုင်မှာ ဖြစ်ပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း ကလည်း လျှပ်စစ်ကားတွေ အတွက်တော့ 1,000 Hp ဆိုတဲ့ ပမာဏ နဲ့ အတူ အံ့အားသင့်စရာ ဖြစ်လာမှာပါ။ Cadillac အတွက် တကယ့် Flagship Sedan တစ်စီး ဖြစ်လာမယ့် အပြင် Brand အတွက် ခေတ်သစ်တစ်ရပ် ဖော်ဆောင် ပေးလာမှာ ဖြစ်တယ်လို့ GM ရဲ့ President ဖြစ်သူ Mark Reuss က ဆိုထား ပါတယ်။ အဆိုပါ ကားတစ်စီးချင်းစီ ကိုလည်း သမိုင်းဝင် စက်ပိုင်းဆိုင်ရာ စင်တာကြီး ဆီက လက်မှုပညာရှင် တွေက သေချာ ဂရုတစိုက် ထုတ်လုပ်ပေးသွားမှာ ဖြစ်လို့ တကယ်ကို လှပထူးခြား နေမှာတော့ သေချာနေပြီ ဖြစ်ပါ တယ်။

Ref: MotorAuthority