တရုတ် ကားဈေးကွက်ထဲမှာ ကားသစ်တွေ ထွက်တော့မယ်ဆိုတိုင်း ကြိုမြင်နေကြ နေရာတစ်ခုလို ဖြစ်နေတဲ့ တရုတ် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဆီကတော့ အခုဆိုရင် Buick ကားကုမ္ပဏီရဲ့ အနာဂတ် ကားသစ် ၂ မျိုးကိုလည်း မြင်တွေ့လာရပြန်ပါပြီ။ အဆိုပါ ကား ၂ မျိုးထဲက တစ်စီးကတော့ ပြန်လည်ဆန်းသစ်ထားတဲ့ Encore GX ဖြစ်ပြီး Electra-X EV Concept ကနေ Inspire ယူထားတဲ့ အရှေ့ဘက် ထောင့် ကျကျ ဒီဇိုင်းအသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကားသစ်မှာတော့ Daytime Running Lights တွေ အကြားမှာ ထည့်ပေးထားမယ့်  ရိုးရိုးရှင်းရှင်း တံဆိပ် အသစ်ကိုလည်း စမြင်ရဖို့ ရှိနေပါတယ်။ ကားရဲ့ အဓိက မီးကြီးပိုင်းတွေကတော့ အခုနောက်ပိုင်း လျှပ်စစ်ကားသစ် တွေမှာ ခေတ်စားလာတဲ့ Intake Vents အတု ‌ပုံစံလေးတွေ အပေါ်မှာ ထည့်ပေးထားတဲ့ပုံပဲ သုံးထားပါတယ်။ သေချာတာ ကတော့ ကုမ္ပဏီက ကားရဲ့ အရှေ့ပိုင်း ဒီဇိုင်းအသစ်တွေဘက်ကို အတော်လေး အချိန်ပေးအားစိုက်ခဲ့ ပုံရပြီး ကားအနောက်ဘက်ပိုင်းကတော့ ယခင်ကားနဲ့ အတူတူ ဖြစ်နေဆဲပါပဲ။

Photo Credit: motor 1.com

ပေါက်ကြားလာတဲ့ နောက်ထပ် ကား ၁ မျိုး ပုံစံကတော့ Electra E5 လို့ အမည်ပေးထားမယ့် Crossover အသစ် တစ်စီးပါပဲ။ အဆိုပါ ကားကလည်း Electra-X Concept ပေါ်မှာ အခြေခံထားမှာ ဖြစ်ပြီး Encore GX နဲ့လည်း တူညီ တာလေးတွေ ရှိပါတယ်။ အဆိုပါ အချက်တွေထဲက တစ်ချက်ကတော့ Headlights တွေ အပေါ်မှာ ပါဝင်လာတဲ့ ခပ်ပါးပါး Daytime Running Lights တွေပါပဲ။ ဒါပေမယ့် E5 ကားမှာ သိသာ ကွဲပြားသွားတဲ့ တစ်ချက်ကတော့ Grille အပိတ်နဲ့ လုံးဝလျှပ်စစ် သီးသန့် ကားဖြစ်သွားတာပါ။ အဆိုပါ ကားမှာတော့ ကြမ်းခင်းပိုင်းလည်း ခပ်ထူထူရှိပြီး အဓိက ကလည်း ဘက်ထရီကြောင့် ဖြစ်ပါတယ်။ ကားရဲ့ အရွယ်အစားကတော့ အလယ်အလတ် ဆိုဒ်ကိုမှ လေးထောင့် ကျကျ အနောက်ဘက် အဆုံးသတ် ရှိတာမျိုးကို မြင်ရမှာပါ။

Photo Credit: motor 1.com

တစ်ခု မသေချာသေးတာ ကတော့ အခုကားက တရုတ်ဈေးကွက် အတွက်ပဲလား ၊ အမေရိက အပါအဝင် အခြား ဈေးကွက် တွေထဲပါ ရောက်မရောက် ဆိုတာပါပဲ။ GM အနေနဲ့ကတော့ ပြီးခဲ့တဲ့ လနှောင်းပိုင်း လောက် တုန်းက‌ပဲ Electric E1 ဆိုတဲ့ ကားအမျိုးအစား နာမည်ကနေ Electra E9 ဆိုတဲ့ နာမည် အထိကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့သေးတာ တွေ့ရပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ကနဦးမှာ သူတို့ရဲ့ ပထမဆုံး လျှပ်စစ် ကားကို ၂၀၂၄ မှာ စတင် မိတ်ဆက်ဖို့ ရည်ရွယ်ထားပြီး ၂၀၃၀ ကစလို့ လျှပ်စစ်ကားတွေကိုပဲ သီးသန့်ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပထမဆုံး လျှပ်စစ် ကားကတော့ GM ရဲ့ Ultium Platform သုံးထားမယ့် ကားဖြစ်ပြီး Cadillac Lyriq ကားအရွယ်လောက် ရှိလာမယ်လို့ ကနဦး သိထားရပါတယ်။ Buick Encore GX ဆိုတဲ့ ကားကိုကတော့ ၂၀၁၀ ကတည်းက အမေရိကနဲ့ အခြားဈေးကွက်မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ ကုမ္ပဏီက ရောင်းချလာတဲ့ ကားသစ်တွေ ကို 2023 Model အနေနဲ့ပဲ သတ်မှတ်ထားပြီးဖြစ်တာကြောင့် လာမယ့် မော်ဒယ်အသစ်ဟာ ၂၀၂၄ မော်ဒယ်ပဲ ဖြစ်လာ နိုင်ပါတယ်။ ဒါကြောင့် လည်း GX ကားသစ်ကို စတင်မျှော်လင့်လို့ ရနိုင်နေတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ CES ပွဲကြီးလည်း နီးလာပြန်တာကြောင့် E5 ကားကိုရော တကယ်မြင်ရမှာလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: motor 1.com