အမေရိက ဈေးကွက် ထဲမှာတော့ Crossover နဲ့ SUV တို့ကို ကောင်းကောင်း ထုတ်လုပ်ပေးထားနိုင်ခဲ့တဲ့ Buick တို့ကတော့ အခု ဆယ်စုနှစ် အကြာမှာ တန်ဖိုးတွေပါ အတော်လေး ကွာခြားတိုးတက်လာခဲ့ပါပြီ။ ဒါပေ မယ့် တရုတ်ကား ဈေးကွက်ကတော့ တော်တော်လေးကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဈေးကွက်အသစ် ဖြစ်နေကာ အထူးသဖြင့် Buick ရဲ့ GL8 လို ဘက်စုံသုံး ကားမျိုးကို ပိုပြီး စိတ်ဝင်စားနေကြတာပါ။ အခုဆိုရင် တော့ အဆိုပါ ကားကိုပဲ ပုံပြောင်း Version အသစ် ထွက်လာခဲ့ပြီး ပိုပြီးလည်း ခန့်ညားတဲ့ အသွင်အပြင် အသစ်တွေ ရလာခဲ့ပါတယ်။ အခု ကားမှာတော့ အရှေ့ပိုင်း တစ်ပိုင်းလုံး ပြောင်းလဲ ပြင်ဆင်ထားတဲ့ Fascia အသစ်ကိုမှ Trim Level အလိုက် Grille Design တွေကိုပါ ပြောင်းပေးထားဦးမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် GL8 Avenir Trim အသစ် မှာ ဆိုရင် Chrome တွေ အများကြီး ထည့်ပေးထားပြီး လက်ရှိ ခေတ်စား နေတဲ့ Grille ခပ်ကျယ်ကျယ် ပုံမျိုး သုံးပေးထား ပါတယ်။ GL8 ES ကားကတော့ နည်းနည်းပိုပြီး ရိုးရိုးရှင်းရှင်းတဲ့ Sport ဆန်တဲ့ အရသာ ပေးထားနိုင်တာကို တွေ့ရမှာပါ။

Photo Credit: motor 1.com

ကားရဲ့ Grade အမျိုးမျိုး ပေါ်မူတည်ပြီးတော့ Minivan ကားလေးမှာ Matrix LED Headlights တွေ ၊ ၁၈ လက်မ အရွယ် ဘီးတွေနဲ့ Electric Swivel ထိုင်ခုံတွေလည်း ပါဝင်လာ ပါလိမ့်မယ်။ အဆိုပါ ထိုင်ခုံတွေ ကတော့ ဘေးဘက် ကို လုံးဝလှည့်လိုက်လို့ ရတာကြောင့် မသန်စွမ်းသူတွေအတွက် ပိုပြီး အဆင်ပြေပြေ ရှိနေမှာပါ။ GL8 Legacy Trim ကားကတော့ လုံခြုံရေးပိုင်းကို ပိုမိုအားစိုက်ထုတ်ထားတာဖြစ်ပြီး Adaptive Cruise Control စနစ် ၊ Lane Keep Assist နဲ့ Lane Departure Warning သတိ ပေးစနစ်တွေအပြင် အလိုအလျောက် ပါကင်ဘရိတ် စနစ်တွေလည်း ပါဝင်လာပါသေးတယ်။

Photo Credit: motor 1.com

အခု ကားအသစ်တွေထဲ အသစ် စက်စက် ထပ်ပါဝင်လာတာ‌ကတော့ မိသားစုစီးဖို့အတွက် သီးသန့်ထုတ်လုပ် ပေးထားတဲ့ GL8 ES Trim ကားသစ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ကားမှာတော့ မိသားစုတွေအတွက် ကျယ် ကျယ် ဝန်းဝန်း ရှိစေမယ့် အနောက်ခန်းအပြင် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ကားပေါ် အတက်အဆင်း အဆင်ပြေစေမယ့် ပုံစံ တွေ လုပ်ပေးထားတာပါ။ ကားမှာတော့ ၁၂ လက်မ အရွယ် Instrument Cluster ကို ၂ ခု ထည့်ပေးထားပြီး တံခါး နှစ်ဘက်လုံး ကလည်း အလိုအလျောက် ထိုးတံခါးတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် အနောက်ဘက်တံခါးကလည်း အလိုအလျောက်မတင်ပေးတဲ့ တံခါးဖြစ့်ပြီး ၊ အတွင်းခန်းမှာ လည်း ခေါက်သိမ်းထားလို့ရတဲ့ စားပွဲတွေနဲ့ Continental ဆီကနေ အထူး ယူဆောင်ထားတဲ့အလိုအလျောက် ပြန်လည် ထိန်းသိမ်းဖာထေးနိုင်တဲ့ တာယာတွေပါ ပါဝင်ထား ဦးမှာပါ။ အခု ကားကို တကယ်တော့ တရုတ်ဈေးကွက်ထဲမှာ ၁၉၉၉ ခုနှစ်ကတည်းက စတင်ရောင်းချနေခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိ အစီးရေ ၁.၆ သန်းကျော် ရောင်းချခဲ့ရပြီးပါပြီ။ အခုကားအသစ်ရဲ့ စက်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ ရှိမရှိဆိုတာ ကို မပြောထား သေးပေမယ့်လည်း တကယ်တမ်းမှာတော့ 2.0 Liter Hybrid Powetrain ကိုမှ 9-Speed Automatic Transmission ဂီယာနဲ့ တွဲဖက်ထားတဲ့ ပုံစံမျိုးလည်း ရလာနိုင်ပါသေးတယ်။

Ref: motor 1.com