All-New Envista Crossover ကားသစ် တစ်စီးကို စတင် မိတ်ဆက်လိုက်ခြင်းဖြင့် Buick ကတော့ သူတို့ရဲ့ တရုတ် ကား ဈေးကွက်ထဲက Lineup ကို စတင်ချဲ့ထွင်လာခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန် Brand ဖြစ်တဲ့ Buick ကတော့ အခု ကားသစ်ကို Urban Compact SUV တစ်စီးအဖြစ် ရည်ညွှန်းထားပြီး တရုတ်ဈေးကွက်ထဲက လူငယ် ကားအသုံး ပြုသူတွေအတွက်ကို ရည်ရွယ်ထားပါတယ်။ အဆိုပါ ကားသစ်ကတော့ လတ်တလော တရုတ်ဈေးကွက်ထဲ ပြိုင်ဆိုင် မှု ပြင်းထန်နေတဲ့ Crossover Segment အပိုင်းမှာ အတော်လေးကို ကြိုးစားယှဉ်ပြိုင်ရတော့မှာပါ။ ပုံမှန်အားဖြင့် ကတော့ အခုလိုခပ်မြင့်မြင့် Crossover ကားတစ်စီးက တရုတ်ဈေးကွက်အတွက် သိပ်အဆန်းမဟုတ် တော့ပေမယ့်လည်း Buick အနေနဲ့ အခုကားအသစ်ကို သူတို့ရဲ့ Global Design အသစ်အဖြစ် စတင်မိတ်ဆက် ပေးထားတယ်လို့ ဆိုထားလိုက်တာကြောင့် သာမန် ထက်တော့ ပိုစိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။ Headlights ခပ်ပါးပါးတွေ ၊ ဘန်ဘာအောက်က Grille ခပ်ကြီးကြီးတွေနဲ့အတူ ယခင် Electra-X Concept ဆီက ပုံစံတစ်ချို့နဲ့ အခု ကားအသစ်မှာတော့ Buick ရဲ့ Logo အသစ်ကိုကအစ အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ ကား တစ်စီးလုံးကို ခြုံကြည့်မယ် ဆိုရင်တော့ Coupe-Crossover ကားတစ်စီး အဖြစ်မြင်လို့ ရနိုင်ပြီး ခပ်လျှောလျှော အမိုးလိုင်းနဲ့ Overhang ခပ်တိုတိုတွေ ကြောင့် ဖြစ်ပါတယ်။ ကားရဲ့ Fender တွေကတော့ ခပ်တောင့်တောင့် ပုံစံဖြစ်ပြီး အရှေ့ ဘက်ကို အလေးပေးထားတဲ့ဟန်ပန် အနေအထားနဲ့ Nose တို့ ကြောင့်လည်း ကားက ပုံမှန်ထက်ကို ပိုပြီး Premium ဆန်နေ တာတွေ့ရမှာပါ။

Photo Credit: motor 1.com

ကားကတော့ ၁၈၂.၆ လက်မ အရှည် ၊ ၇၁.၅ လက်မ အကျယ်နဲ့ အမြင့် ၆၁.၆ လက်မ ရှိကာ Wheelbase ကတော့ ၁၀၆.၃ လက်မ အထိကိုရှိထားပါတယ်။ ကားရဲ့အတွင်းခန်းမှာတော့ အတော်လေး လေဝင်လေထွက် ကောင်းတဲ့ ကျယ်ဝန်းမှုကို ခံစားရမှာဖြစ်ပြီး အနက်ရောင် Pillar တွေနဲ့ အနက်ရောင် မျက်နှာကျက်တွေကလွဲလို့ အခြား အပိုင်းတွေမှာ အရောင်တွေ ရှုပ်မနေပဲ ရှင်းလင်းတဲ့ ခံစားချက်မျိုး ရစေပါတယ်။ ကားရဲ့ Dashboard ကို လွှမ်းမိုးထားတာ ကတော့ ၁၀.၂၅ လက်မ အရွယ် Screen ၂ ခု တွဲကြီးဖြစ်ကာ Digital Instrument Cluster နဲ့ Touchscreen Infotainment Display တွေအကုန်လုံးကိုတော့ Baidu ရဲ့ လမ်းညွှန် စနစ်တွေ သုံးထားပါတယ်။ အဲကွန်း HVAC စနစ်တွေနဲ့ အခြားသော အသံ စနစ်တွေ အတွက်တော့ သာမန်နှိပ်ရတဲ့ ခလုတ်တွေပဲ ပါဝင်လာခဲ့ ပါတယ်။

Photo Credit: motor 1.com

ကားအသစ်ရဲ့ စက်ပိုင်း ဆိုင်ရာအတွက် ကိုတော့ 1.5 Liter Turbocharged Ecotec Gas အင်ဂျင်တစ်မျိုးပဲ ‌ရွေးချယ် နိုင်မှာ ဖြစ်ပြီး စွမ်းဆောင်ရည်ကတော့ 181 hp အထိ ရှိနေပါတယ်။ ကားအတွက်တော့ CVT Gear နဲ့ တွဲဖက် ပေးထားကာ တစ်နာရီ ၆၂ မိုင် နှုန်း အရှိန်တင်ဖို့ ဆိုရင် ၇.၉ စက္ကန့်ပဲ အချိန်ယူရမှာ ဖြစ်ပါတယ်။ ကားရဲ့ စွမ်းအင်သုံးစွဲမှု အပိုင်းမှာတော့ ကီလို ၁၀၀ လောက်မှသာ ၆.၅၂ လီတာ လောက် ကုန်မှာဖြစ်ပြီး တစ်ဂါလံ ကို ၃၆ မိုင်လောက် အထိ မောင်းနိုင်မယ့် သဘော ဖြစ်ပါတယ်။ ကားမှာ နဂိုကတည်းကရော ဒါမှမဟုတ်ထပ်မံ ရွေးချယ်ဝယ်ယူနိုင်တဲ့အရာတွေ အနေနဲ့ရော ပါလာမယ့် ဝန်ဆောင်မှုတွေကတော့ ပတ်ပတ် လည် မြင်နိုင်မယ့် ကင်မရာတွေ ၊ လျှပ်စစ်ပစ္စည်းတွေ အတွက် ကြိုးမဲ့ အားသွင်းစနစ်နဲ့ Apple CarPlay ကြိုးမဲ့စနစ်တို့အပြင် OTA Update‌ တွေနဲ့ အခြားစနစ် အစုံပါပဲ။ အခု Envista ကားသစ်ကတော့ Buick ရဲ့ ကားတွေထဲ Tune Melody ဆိုတဲ့ အဆင့်မြင့် အသံစနစ်ကို Arkamys နဲ့ ပူးပေါင်း ဖန်တီးလာတဲ့ ပထမ‌ဆုံးကားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးအချက် အနေနဲ့ အကြိုက်အတွေ့နိုင်ဆုံး ရွေးချယ်စရာ အဖြစ် Sport ဆန်တဲ့ GS Package ကိုလည်း ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com