General Motors ရဲ့ Opel ထုတ်ကားတွေခေတ်ထဲ နောက်ဆုံးကျန်နေသေးတဲ့ Subcompact Crossover ကားလေး Buick Encore ဆိုတဲ့ ကားလေးလည်း အခုတော့ အပြီးအပိုင် နှုတ်ဆက်ရပါတော့မယ်။ တစ်ချို့ သော ဈေးကွက် တွေထဲမှာတော့ Opel Mokka နဲ့ Chevrolet Trax တို့ဆိုပြီး နာမည်အမျိုးမျိုးနဲ့ လူသိများ တဲ့ အဆိုပါ ကားလေး ကတော့ အခုထုတ်လုပ်ပေးထားတဲ့ ၂၀၂၂ မော်ဒယ်ပြီးရင် ထပ်မလာတော့ ဘူးလို့ သိရပါတယ်။ အဆိုပါ ကားကလည်း မနှစ်က အမေရိက ဈေးကွက်ထဲမှာတင် အစီးရေ ၂၀,၀၀၀ လောက်ပဲ ရောင်းချခဲ့ရပြီး ပထမမျိုးဆက် အဆိုပါ ကားလေးကိုတော့ မလိုချင်သူတွေ များလာခဲ့ရပါပြီ။ GM Authority ကလာတဲ့ သတင်းတွေအရတော့ GM အနေနဲ့ 2022 Encore ကားကို အခုနှစ်ရဲ့ တတိယ လေး လပတ် လောက်မှာပဲ အဆုံးသတ် သွားဖို့ဆုံးဖြတ်ထားပြီး လက်ရှိမှာ တော့ အဆိုပါ ကားမော်ဒယ်တွေကို တောင်ကိုရီးယား နိုင်ငံမှာ ရှိတဲ့ GM Bupyeong စက်ရုံမှာ ထုတ်လုပ်နေတာပါ။ မနှစ်က အဆိုပါ ကားလေး ရဲ့ ရောင်းအားကတော့ ၅၀ ရာခိုင်နှုန်း လောက် အထိကို ကျဆင်းသွားခဲ့တာ ဖြစ်ပြီး အခုနှစ် မှာတော့ အသစ် ဆက်မထုတ်လုပ်နိုင်တော့တဲ့ အထိကို ဖြစ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အွန်လိုင်းသတင်း တစ်ချို့အရတော့ GM ရဲ့ အခုလို ဆုံးဖြတ်ချက်ကို အတော်များများက မျှော်လင့်ထားကြ ပြီး ရောင်းအား ကျဆင်းလာတာနဲ့ အဆုံးသတ် ရတော့တာပါ။ ဒါပေမယ့်လည်း ပိုပြီး ခေတ်မှီတဲ့အသွင် ရှိနေ သေးတဲ့ Encore GX ကတော့ ဈေးကွက်ထဲ ဆက်ရှိနေသေးပြီး သေချာကြည့်မယ် ဆိုရင်တော့ အဆိုပါကား လည်း သက်တမ်း သိပ်မကျန်တော့တဲ့ အနေအထားပါ။ ၂၀၁၈ ခုနှစ်က အဆိုပါ ကားကို Trim Level ၆ မျိုး အထိ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ နဲ့ ၂၀၂၀ မော်ဒယ်တွေ အရောက်မှာတော့ ၄ မျိုးပဲ ရရှိတော့တာ ဖြစ်ပါ တယ်။ ဒါ့အပြင် ၂၀၂၁ အရောက်မှာ တော့ Trim ၂ မျိုးသာ ထုတ်လုပ်ပေးနိုင်တော့ပြီး အခု ၂၀၂၂ အတွက် ဆိုရင်တော့ ၁ မျိုးတည်းပဲ ရနိုင်တော့ အထိ တဖြည်းဖြည်း ကျဆင်းသွားခဲ့တာပါ။

Photo Credit: motor 1.com

ကားရဲ့ အင်ဂျင်ပိုင်းကလည်း 1.4 Liter Turbocharged Gas အင်ဂျင်တစ်မျိုးတည်း ရနိုင်တာဖြစ်ပြီး စွမ်း ဆောင်ရည် ကတော့ 138 hp နဲ့ 148 lb-ft Torque အထိ ရနိုင်ပါတယ်။ ကားကတော့ All-Wheel Drive စနစ်ကို ရွေးချယ်နိုင်ပြီး 2022 Encore အတွက် အခြေခံ ဈေးနှုန်းကတော့ $ 24,600 ကျသင့်တာ ဖြစ်ပါ တယ်။ 2022 Encore GX ကားကတော့ နည်းနည်း ဈေးပိုကြီးပြီး $ 25,800 ဖြစ်သွား ခဲ့ကာ Select ၊ Preferred နဲ့ Essence တို့ဆိုပြီး Trim Level ၃ မျိုး ရနိုင်ပါသေးတယ်။ အင်ဂျင်ပိုင်းတွေမှာကတော့ 1.2 Liter နဲ့ 1.3 Liter ဆိုတဲ့ Turbocharged Engine ၂ မျိုး ရနိုင်ပြီး Trim Level တွေ အပေါ် မူတည်ကာ ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ပိုပြီး စွမ်းဆောင်ရည် ကောင်းတဲ့ ကားမှာတော့ Nine-Speed Automatic ဂီယာကိုမှ All-Wheel Drive အနေနဲ့ ရနိုင်သေးတာကြောင့် ဒီကားကတော့ဘယ်လောက် အထိ သက်တမ်း ရှည်နိုင်ဦးမလဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com