General Motors ရဲ့ Ultium Platform နဲ့ ဘက်ထရီ နည်းပညာတွေကို အခြေစိုက် ဖန်တီးထားတဲ့ လျှပ်စစ် ကားတွေ ကို Buick က ထုတ်လုပ်ဖို့ပြင်ဆင်နေပြီး အခုဆိုရင်တော့ Electra-X ဆိုတဲ့ Concept ကားတစ်စီးကိုစတင်ချပြလာခဲ့ပါပြီ။ အဆိုပါ Electra-X Concept ကားကိုတော့ အခု ဇွန်လ အစောပိုင်းလောက်မှာ ကျင်းပမယ့် တရုတ်ဈေးကွက်အတွင်းက Buick Brand Event ပွဲမှာ စတင်မိတ်ဆက်ပေး မှာ ဖြစ်ပါတယ်။ အခု ကားသစ်ကတော့ ၂၀၂၀ တုန်းက မိတ်ဆက် ပေးခဲ့ဖူးတဲ့ Buick ရဲ့ Electra Concept ပြီး နောက်ဆက်တွဲ အနေနဲ့ ထွက်ပေါ်လာတာ ဖြစ်ကာ Brand ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းတွေနဲ့ အတူ SUV တစ်စီးအသွင်အဖြစ် မြင်လာရပါတယ်။ Buick ကတော့ ကားရဲ့ အသွင်ကို သန့်ရှင်း သပ်ရပ်ပြီး ၊ အနာဂါတ် ဆန်တဲ့ ကိုယ်ထည် အချိုးအစားတွေနဲ့ ကျယ်ဝန်းတဲ့ အတွင်းခန်းတွေ ပေါင်းစပ်ကာ ဖန်တီး ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု Concept ကားမှာတော့ နည်းပညာပိုင်း အနေနဲ့ Super Cruise Driver-Assist စနစ်သစ်နဲ့ အတူ ဒီဂျစ်တယ် စနစ် အပြည့်အဝ သုံး ထားတဲ့ Dashboard တို့ ပါဝင်လာပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာတွေ အကြောင်းကိုတော့ ဖော်ပြထားခြင်း မရှိသေးပေမယ့်လည်း ယခင် Electra Concept မှာတုန်းကတော့ 583 hp အထိ စွမ်းဆောင်ရည်ရှိပြီး တစ်ခါအားသွင်းထားရုံနဲ့ မိုင် ၄၀၀ လောက် မောင်းနိုင်တဲ့ လျှပ်စစ်မော်တာ ၊ ဘက်ထရီတွေ ပါဝင်လာခဲ့ ဖူးတာပါ။ ဒါ့အပြင် ယခင် Concept မှာကတည်းကိုက GM ရဲ့ Ultium နည်းပညာကို သုံးထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေး ပဲ အဆိုပါ Ultium နည်းပညာ သုံးထားတဲ့ မောင်းသူမဲ့ Minivan Concept တစ်စီးကိုလည်း ၂၀၂၁ တုန်းက Buick တို့ ချပြခဲ့ဖူးပါသေးတယ်။

Photo Credit: MotorAuthority

အခု Electra-X Concept အသစ်ကတော့ တရုတ်ဈေးကွက်ထဲ အနာဂါတ်မှာ မြင်ရနိုင်တဲ့ လျှပ်စစ်ကားတွေ အသွင်ကို ဖော်ပြနေပြီးတော့ တစ်ချို့သော အချက်အလက်တွေ အရတော့ အမေရိက ဈေးကွက်အထိကို ရောက်လာနိုင်တဲ့ ကားတွေ အဖြစ်လည်း မြင်နေရပြန်ပါတယ်။ Buick ကုမ္ပဏီ ဘက်ကတော့ Ultium အခြေပြု လျှပ်စစ်ကား ၂ မျိုး ကို လာမယ့် ၂၀၂၃ နှစ်ကုန် ပိုင်းလောက်ကစ စတင်ရောင်းချနိုင် မယ် လို့ အတည်ပြုထားပြီး အဆိုပါ ကား ၂ မျိုးလုံး ကတော့ SUV ကားတွေ ဖြစ်မယ်လို့ သိရပါတယ်။ တစ်စီးကတော့ သာမန် SUV တစ်စီးရဲ့ ကိုယ်ထည် အချိုးအစား မျိုးဖြစ်လာနိုင်ပြီးနောက် တစ်စီးကတော့ Coupe ဆန်ဆန် ပုံစံမျိုးလေး ပိုဖြစ်လာနိုင်မယ်လို့ သိရပါတယ်။ တကယ်လို့ အဆိုပါ ကားသစ် နှစ်မျိုး လုံးမှာ Electra ဆိုတဲ့ နာမည်ကိုပဲ ပါလာမယ်ဆိုရင်တောင် သိပ်ပြီးတော့ အံ့အားသင့်စရာ တော့ရှိနေ မှာ မဟုတ်ပဲ အဆိုပါ နာမည်ကတော့ Buick ရဲ့ Lineup တွေထဲက ဆယ်စုနှစ် ပေါင်းများစွာ အထိ ရှိနေခဲ့လို့ ပဲ ဖြစ်ပါတယ်။ အဆိုပါ နာမည်နဲ့ ပထမဆုံးကား ကတော့ ၁၉၅၉ ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ၁၉၉၀ အထိကို ရပ်တည်နိုင်ခဲ့တာပါ။

Ref: MotorAuthority