တရုတ် ကားဈေးကွက် ထဲကိုတော့ နာမည်ကြီး Ultium Platform အသစ်နဲ့ ကားတစ်စီး ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ GM ရဲ့ Pan Asia Technical Automotive Center (PATAC) က ဖန်တီးထားတဲ့ လျှပ်စစ် သီးသန့် Concept ကားတစ်စီးပါပဲ။ အဆိုပါ SUV အသစ်ရဲ့ နာမည်ကတော့ ထူးထူး ခြားခြားပဲ ၁၉၅၉ လောက် ကတည်းက နာမည်ကို ဆက်ပေးထားတာ ဖြစ်ပြီး အဆိုပါ ကားကလည်း ၁၉၉၀ အထိကို ဇိမ်ခံကားကြီး တစ်စီးအဖြစ် ဆက်ရှိခဲ့တာ ဖြစ်ပါတယ်။ Concept ကားကတော့ Electra-X ဆိုတဲ့ အလန်းစားကားပဲ ဖြစ်ပြီး Buick ရဲ့ အမှတ်တံဆိပ်လေးနဲ့ အတူ ထူးခြားနေတာပါ။ Concept ကား အနေနဲ့ တော့ Satin White Metallic ဆိုတဲ့ အဖြူရောင်လေးကို ခြယ်သထားကာ ကား ကိုယ်ထည်နဲ့ အတော်လေး လိုက်ဖက်ပါတယ်။ ဒါတင်မကသေးပဲ ၂၁ လက်မအရွယ် ဘီးကြီးတွေနဲ့ အတူ ပိုကောင်းတဲ့ Aerodynamic Design တွေကြောင့်လည်း သိသိသာသာ လှပလို့ နေပါတယ်။ အခုခေတ် ကားအတော် များများရဲ့ Trend အတိုင်းပဲ အခု Concept ရဲ့ အနောက်ဘက်မှာလည်း ကိုယ်ထည်အပြည့် Light Bar ကို ထည့် ပေးထားပါ တယ်။ အရှေ့ ဘက်မှာဆိုရင်လည်း ခပ်ပါးပါး မီးလုံးတွေ ၊ ဘေးဘက်က ဘက်မှန်အစား ကင်မရာတွေနဲ့ အလိုအလျောက် ပေါ်လာမယ့် တံခါးလက်ကိုင်တွေ စတဲ့ ခေတ်လွန် နည်းပညာဆန်း ၊ ဒီဇိုင်းဆန်းလေးတွေ ပါဝင်လာ ပါတယ်။ ကားရဲ့ Overhang ပိုင်းကလည်း အတိုဖြစ်တာကြောင့် လျှပ်စစ် စွမ်းအင်သုံး ကား Platform သီးသန့်ပေါ်မှာ အခြေခံ ဖန်တီးထားတယ် ဆိုတာတော့ သေချာပါတယ်။

Photo Credit: motor 1.com

ကား အတွင်းခန်း ကတော့ အနောက်ဘက်မှာ ဆိုရင်လည်း သီးသန့် ၂ ယောက်ခုံနဲ့ အတူ ၊ Sucide Door တံခါး ဒီဇိုင်း တွေ B-Pillar မပါတော့တာတွေကြောင့် တော်တော်လေးကို အသက်ရှုချောင်တဲ့ ဒီဇိုင်းပိုင်း ဆိုတာ သိသာ ပါတယ်။  အတွင်းပိုင်းမှာ အဓိက ဆွဲဆောင်မှု ဖြစ်နေတဲ့ နောက်တစ်မျိုးကတော့ လက်မ ၃၀ အထိ ကြီးတဲ့ Dashboard ပေါ်က Screen ကြီးပါပဲ။ အဆိုပါ Screen ကတော့ 6 K ရုပ်ထွက် အထိ ရပြီး ယာဉ်မောင်း အတွက် Display နဲ့ အတူတူ Infotainment System နဲ့ ပေါင်းစပ်ထားပါတယ်။ နည်းနည်း ပိုသေးတဲ့ Screen ကိုလည်း အလယ်က Floating Center Console ပေါ်မှာ တပ်ဆင်ပေးထားပြီး HVAC Controls တွေနဲ့ အသံပိုင်း ဆိုင်ရာ စက်တင်တွေ အကုန်လုံး ကိုလည်း လုပ်လို့ရအောင် ထည့်ပေးထားပါ သေးတယ်။ Buick ရဲ့ လက်ရာကောင်း တစ်ခုကတော့ ပိုပြီး သပ်ရပ်တဲ့ Dashboard တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ပြီး Air Vents ခပ်ပါးပါးလေးတွေ ဖြစ်အောင် ဖန်တီး ပေးထားတာပါပဲ။ ဒါ့အပြင် ထိုင်ခုံခပ်ပါးပါး တွေကို ပတ်ထားတဲ့ အရာကလည်း ပလတ်စတစ် ပုလင်းတွေဆီကနေ Recycle ပြန်လုပ် ထားတဲ့ Fabric သားတွေပဲ ဖြစ်ပါတယ်။ အခုတလော ပိုပြီး လူကြိုက်များကြတဲ့ Retro နဲ့ အနာဂါတ် ခေတ်လွန် ဒီဇိုင်း ပေါင်းစပ် ထားတဲ့ စတီယာတိုင်ကိုလည်း အခုကားမှာ မြင်ရမှာ ဖြစ်ပါတယ်။ တံခါး ဘောင်တွေပေါ် ခလုတ်  တွေကို ဆိုရင်လည်း သာမန် Physical Button တွေ အစား Haptic Feedback ပါလာတဲ့ Touch တွေ နဲ့ အစားထိုး ပေးလာခဲ့ ပါပြီ။

Photo Credit: motor 1.com

အခု ကားကတော့ Concept အဆင့်ပဲ ရှိသေးတာကြောင့် စက်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက် တွေ ကိုတော့ မသိရသေးပါဘူး။ 5G အဆင့်မြင့် ကွန်ရက် နည်းပညာတွေနဲ့ Super Cruise လိုမျိုး နည်းပညာတွေ ကို အသံနဲ့ ထိန်းချုပ် စနစ်တွေ ၊ OTA Update တွေ အမြဲပေးနေမှာ မျိုးတွေနဲ့ ကားမှာ ရလာနိုင်ပါတယ်။ ဒ့ါအပြင် နည်းပညာမြင့် SUV Concept တစ်စီးအနေနဲ့ကတော့ စမတ်ဖုန်း တစ်လုံးတည်းကိုပဲ သုံးပြီး ကား ထဲက ထွက်နေတာတောင်မှ အဝေးကနေ ကားပါကင် လှမ်းထိုးနိုင်တာမျိုးတောင် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အခု Concept ကို ထုတ်လုပ်မယ့်အဆင့် အခြေအနေတွေနဲ့ပတ်သက်လို့လည်း အသေးစိတ် အချက်အလက် တွေ မသိရသေးတာပေမယ့် Buick ရဲ့ လျှပ်စစ် ကားတွေရဲ့ အနာဂါတ် ကိုတော့ တရုတ်ဈေးကွက်ထဲ အခြေ ချဖို့ ရှိနေတယ်ဆိုတာ သိထားရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com