လာမယ့် ၂၀၂၄ အထိကို ဈေးကွက်ထဲ ပို့ဆောင်ဖို့ မဖြစ်နိုင်သေးတဲ့ Bugatti ရဲ့ Mistral Roadster ကားသစ်တွေ ကတော့ လတ်တလောမှာလည်း ထုတ်လုပ်မှုနှုန်းက နှေးနေဆဲပါပဲ။ ဒါပေမယ့် အရှေ့အလယ်ပိုင်း ဈေးကွက်ထဲက အဆိုပါ Limited Edition သီးသန့် ကားတစ်စီးကတော့ အထူးထုတ်အနေနဲ့ကို ခင်းကျင်းပြသလာခဲ့တာ ဖြစ်ပြီး အလန်းစား အပြင်အဆင်တွေနဲ့ Bugatti Riyadh Dealership ထံမှာ မြင်ရပြီ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု ကားကို ပြသဖို့အတွက် Bugatti ရဲ့ ဆော်ဒီနိုင်ငံ အရောင်းကိုယ်စားလှယ် ဖြစ်သူ SAMACO Automotive က စီစဉ်ခဲ့တာပါ။ အဓိက ကတော့ အခုကားကို ပိုင်ရှင်ဆီ မပေးလိုက်ခင် Showroom မှာ အမှတ်တရ အဖြစ် အားလုံးလည်း လေ့လာနိုင်အောင် အထူးခင်းကျင်းပြသတာ ဖြစ်ပါတယ်။ အခု ကားသစ်ကတော့ ယခင် Bugatti Chiron Super Sport 300+ ကားတုန်းက အတိုင်းပဲ Quad-Turbocharged 8.0 Liter W16 အင်ဂျင်ကြီးကို တပ်ဆင် အသုံး ပြုထားတာပါ။ ကားရဲ့ စွမ်းဆောင်ရည် ပိုင်းကလည်း 1,577 hp အထိကို ရှိနေတာဖြစ်ပြီး အမြင့်ဆုံး မြန်နှုန်း ကိုတော့ တစ်နာရီ ၂၆၁ မိုင် အထိပဲ ကန့်သတ်ထားပါတယ်။

Photo Credit: AllAutoExperts

တကယ်တော့ ယခင်ကတည်းက Bugatti ပရိသတ်တွေအနေနဲ့ Chiron ရဲ့ မျိုးကွဲတစ်မျိုး အဖြစ် Mistral Roadster အမိုးပွင့် ကားအမျိုးအစားကို အလိုရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ကားစုဆောင်းသူတွေ အနေနဲ့ ကလည်း အခုလိုမျိုး အမိုးဖွင့် ပုံပြောင်းနဲ့ ကားမျိုးကို အမှတ်တရ လိုချင်ကြပြန်တာပါ။ ဒါကြောင့်လည်း Bugatti တို့အနေနဲ့ အစက အခုလိုမျိုး Roadster Version ကို ထုတ်လုပ်ဖို့ မရှိခဲ့ပေမယ့် နည်းလမ်းသစ်တွေ ရှာဖွေပြီး ဈေးကွက်အတွက် စီစဉ် ပေးခဲ့ ပုံရတာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts