NHTSA အဖွဲ့ကြီးကနေ နိုင်ငံတကာမှာ ကားတွေကို ဈေးကွက်ထဲ ပြန်သိမ်းပြီ ဆိုရင်တော့ ကား ရဲ့ အနေ အထားက အန္တရာယ် ရှိတဲ့ အဆင့်မို့လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု တစ်ခေါက် ကားပြန်လည် သိမ်း ဆည်းရမှုကတော့ နည်းနည်း ဆန်းကြယ်ပါတယ်။ ကားအစီးရေ အများကြီးကိုပြန်လည် သိမ်းဆည်းတာမျိုး မဟုတ်ပဲ အမေရိကမှာ ရှိတဲ့ Bugatti Chiron တစ်စီးတည်း ဖြစ်ပြီး အကြောင်းပြချက်ကလည်း ကားရဲ့ မူလီတွေ ပြန်တင်းကြပ်ဖို့လို့ သိရပါတယ်။ အဆိုပါ ကားကတော့ ၂၀၁၇ ခုနှစ် နိုဝင်လာ လ ၁၆ ရက်နေ့မှာ စတင် ထုတ်လုပ်ခဲ့တဲ့ ကားတစ်စီး ဖြစ်ပြီး Bugatti ရဲ့ အကြောင်းရင်းထဲမှာတော့ အဆိုပါ ကားကို ထုတ်လုပ် တုန်း အရှေ့ဘက်မူလီတွေဆီကနေ သတ်မှတ်ထားတဲ့စွမ်းဆောင်ရည် 14.01 lb-ft အထိကို မစွမ်းဆောင်နိုင် ပဲ 6.64 lb-ft Torque အထိပဲ ရှိနေတယ်ဆိုတာကို တွေ့လိုက် ရလို့ပဲ ဖြစ်ပါတယ်ဆိုပြီး ဖော်ပြထားတာပါ။

Photo Credit: motor 1.com

အဆိုပါ  ပြဿနာကိုတော့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ စတင် ကြုံတွေ့ခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံး Torque ပမာဏ ရောက်အောင်တောင် မစွမ်းဆောင်နိုင်ဖြစ်ခဲ့တာကြောင့် အခုလိုပဲ မူလီတွေကို ပြန်တင်းကြပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အခု ဆိုရင်တော့ ကားကုမ္ပဏီဘက်က နေအဆိုပါ ကားရဲ့ အတွင်းပိုင်း အချက်အလက်တွေကို သေချာ စစ်ဆေးပြီး Screw Connections Database တွေကိုလည်း ထုတ်လုပ်ရေး ပိုင်း တစ်ခုလုံး အတွက် ပြန်လည် စစ်ဆေးသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ မှာ ကတည်းက အဆိုပါ ကားတစ်စီး တည်းကိုပဲ ပြန်လည် သိမ်းဆည်းဖို့ အတွက် ဆုံး ဖြတ်လိုက်ရတာပါ။ အဆိုပါ ကားကိုတော့ ပိုင်ရှင်ကနေ အနီးစပ်ဆုံးသော တရားဝင် ကားပြုပြင်ရေး စင်တာ ကို ပို့ဆောင်ပေးရမှာ ဖြစ်ပြီး ကျွမ်းကျင် ပညာရှင်တွေကနေ ကား ရဲ့ မူလီ ချိတ်ဆက်ထားမှု အပိုင်းတွေကို သေချာစစ်ဆေး ပြီး လိုအပ်ရင် ပြင်ဆင်တင်းကြပ်ပေးသွားမှာ ဖြစ်ပါတယ်။ Bugatti ကတော့ လက်ရှိမှာ သူတို့ ထုတ်လုပ်တဲ့ အစီးရေ ၅၀၀ စာအတွက် အမှာစာတွေ ပြည့်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းထုတ် လုပ်မှု အနေအထားတွေကြောင့်တော့ မှာယူထားသူတွေရဲ့ လက်ထဲကို လာမယ့် ၂၀၂၄ အထိ ရောက်အောင် ပို့ဆောင် နိုင်သေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ လက်ရှိမှာတော့ စက်ရုံကနေ နောက်ဆုံး ထုတ်ပေး ထားတဲ့ Bugatti ကားတွေကတော့ Pur Sport နဲ့ Super Sport မျိုးကွဲတွေ ဖြစ်ပြီး တကယ်တော့ ၂၀၂၁ မှာ ‌ချပြထားပေမယ့်အခု ဧပြီလ ၂၀၂၂ မှာတင် Customer တစ်ယောက်စီကို Super Sport ကား စတင် ပို့ဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခုဆိုရင်တော့ ကုမ္ပဏီအနေနဲ့ Chiron ရဲ့ မျိုးဆက်သစ်ကားကို စတင်ချပြဖို့စီစဉ်နေပါပြီ။ အခုကားအသစ် ကတော့ Rimac ကုမ္ပဏီ နဲ့ ပူးပေါင်း ပြီးမှ ပွဲထွက်လာတဲ့ ပထမဆုံးသော ကား ဖြစ်လာတော့မှာပါ။ ဒါ့အပြင် အဆိုပါ ကားနဲ့ ပတ်သက်တဲ့ ကြီးကြီးမားမား အပြောင်းအလဲ အနေနဲ့ကတော့ Hybrid စနစ် ဖြစ်လာနိုင်တာ ဖြစ်ပြီး လက်ရှိကားတွေမှာကတော့ သာမန် Combustion Engine တွေကသာ အရေးပါနေဆဲ ဖြစ်ပါတယ်။ အဆိုပါ မျိုးဆက်သစ် Chiron ကားသစ် တွေကိုတော့ အခုနှစ်ထဲကနေစလို့ အမှာစာ စတင်တင်ထားနိုင် တော့မှာ ဖြစ်ပြီး သာမန်ဈေးကွက် ရောက်မှ မြင်နိုင်ကြမယ့် သူတွေအဖို့ကတော့ လာမယ့် ၂၀၂၄ လောက် အထိကို စောင့်ဆိုင်းကြရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com