လက်ရှိ အချိန်အထိတော့ Bugatti ရဲ့ Chiron ကားပေါင်း အစီးရေ ၅၀၀ အထိကို ထုတ်လုပ်ပေးထားပြီဖြစ်ပြီး အဆိုပါ ကားတွေထဲကမှအစီးရေ ၃၀၀ ကိုတော့ ပြီးခဲ့တဲ့ မတ်လ ကတည်းက သက်ဆိုင်ရာ ပိုင်ရှင်တွေ ဆီ စတင်ပို့ဆောင် ပေးနေပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေထဲက တစ်စီးကတော့ Zebra ဆိုတဲ့ နာမည်နဲ့ မြင်းကျားအပြင် အဆင် ထူးခြားဒီဇိုင်းနဲ့အတူ ထုတ်လုပ်ထားတာဖြစ်ပြီး အဆိုပါ ကားကိုတော့ အခုဆိုရင် ပဲရစ် မြို့လယ်ကောင်မှာ မြင်တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ အဆိုပါ ကားကို တွေ့လိုက်ရတဲ့ အချိန်မှာ ဘေးချင်းကပ်လျက် ရှိနေတဲ့ ကားကလည်း တကယ် ထူးခြားရှားပါးတဲ့ Porsche 918 Spyder ကား ဖြစ်ပြီး Weissach Package ကြောင့် Bugatti Chiron Zebra နဲ့တောင် ပုံစံ ခပ်ဆင်ဆင် တူညီ နေပါသေးတယ်။ ပိုပြီးထူးခြားတာကတော့ အဆိုပါ ကားနှစ်စီးလုံးမှာ အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား လိုင်စင် ကြီး ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ဒီကားနဲ့ ပတ်သက်လို့ ထူးထူးခြားခြား အတည်ပြုဖို့ ခက်ခဲတာတွေ ရှိနေပါသေးတယ်။ အဆိုပါ ကားကို ၂၀၁၉ တုန်းက တစ်ခါ မြင်ခဲ့ရပေမယ့်လည်း ကားတံဆိပ်တွေနဲ့ အခြားသော ကိုယ်ထည်ပိုင်းတွေမှာ စတေကာတွေ ကပ်ထားဆဲဖြစ်လို့ နေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အတည်မပြုနိုင် သေးပေမယ့် အဆိုပါ ကားဟာ Veyron ကားမျိုးဆက်သစ် ဖြစ်နိုင်တယ်လို့ ယူဆခဲ့ရပြီး ပိုင်ရှင်ကနေ Le Saphir Bleu ဆိုတဲ့ အရောင်ကို ပြန်သုံးထားတာ ဖြစ်မယ်လို့လည်း ယူဆထားကြပါတယ်။ အခုမြင်လိုက်ရတဲ့ Chiron ကားသစ်ကတော့ အတော်လေးကို ရှင်းရှင်း လင်းလင်းနဲ့ လှပနေတာမြင်ရပြီး W16 အင်ဂျင်အကာတွေကို တောင်မှ ကားနဲ့ဒီဇိုင်းတူ အရောင်တူ ဆင်ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ထိုင်ခုံတွေကလည်း ကားရဲ့ အပြင်ဘက်အရောင်ဒီဇိုင်းနဲ့ အတူတူပဲ ဖြစ်နေသေးတာကြောင့် အတော်လေးကို ကြည့်ရတာ ထူးခြားလွန်း နေတဲ့ အပြင်အဆင်ဖြစ်ပြီး ပိုင်ရှင်ကိုယ်တိုင်ကလည်း စိတ်ကြိုက်ကို ပြင်ဆင် ပေးထားပုံ ရပါတယ်။

အခု Bespoke ကား အရောင်ကိုတော့ Vagues De Lumiere လို့ အမည်ပေးထားပြီး Bugatti ရဲ့ Sur Mesure Team အဖွဲ့ကို ကိုယ်စားပြုထားတာလည်း ဖြစ်ပါတယ်။ အဓိက ကတော့ Chiron Super Sport ကားရဲ့ ကိုယ်ထည်ပေါ်မှာ တော်တော်လေးကို အရောင်ပြန်ဟပ်ကာ လှပနေစေမယ့် လက်မှုလက်ရာအရောင် Pattern လေးတွေ ဖြစ်အောင် ဖန်တီးထားတာပါပဲ။ နဂို Le Saphir Bleu ဆိုတဲ့ ကားအရောင်လေး ပေါ်မှာ Sapphire အရောင်လေးနဲ့ အတော်လေး ကို ထင်ဟပ်နေတာကြောင့် သာမန်ကားတွေအကြား တော်တော်လေး ထူးခြားနေမှာ သေချာပါတယ်။

Ref: motor 1.com