Bugatti ကတော့ သူတို့ရဲ့ နောက်ဆုံးပေါ် Chiron Super Sport ကားသစ်ကို Dynamometer စက်ပေါ် မှာတင် စမ်းသပ် ခဲ့ကြပြီး တကယ့်ကို အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေ ပြသနိုင် ခဲ့ပါတယ်။ ကားရဲ့ တကယ့်တရားဝင် ကြေညာထားတဲ့ စွမ်းဆောင်ရည် ကတော့ 1,578 hp ဒါမှမဟုတ် 1,600 ps အထိရှိတာ ဖြစ်ပြီး အခုစမ်းသပ်ရာမှာ တော့ ကားရဲ့ 8.0 Liter Quad-Turbocharged W-16 Engine ကြီး ကနေ 1,598 hp အထိကို စွမ်းဆောင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မူလ ကြေညာထားတဲ့ ကားရဲ့ တရားဝင် စွမ်းဆောင်ရည်ပိုင်းတွေ ထက်တော့ 18 hp လောက် အထိ ပိုသာသွားတာ တွေ့ရမှာပါ။ ဘီးတွေရဲ့ လည် ပတ်နှုန်းကတင် စက်ပေါ်မှာ 1,282 hp အထိ ရှိနေတာ ဖြစ်ပြီးဒါတောင် အင်ဂျင်ရဲ့ လည်ပတ်ပုံတွေကြောင့် တစ်ချို့က ၂၀ % လောက် အထိ လျော့ကျမှု ရှိနေပါသေးတယ်။ ဒါပေမယ့် ဒါကလည်း Transmission စနစ် နည်းနည်း ပိုပြီး ရှုပ်ထွေးတဲ့ Sport ကားဖြစ်တာရယ်နဲ့ All-Wheel Drive စနစ် တို့ကို သုံးထားတာကြောင့် ဖြစ်တာမို့လို့ အပြစ်ပြောလို့တော့ မရပါဘူး။

Photo Credit: MotorAuthority

အခုလိုမျိုး စက်ပေါ်မှာတင်ပြီး စစ်ဆေးတဲ့ Dyno Test တွေဆိုတာ ကတော့ ကားတွေရော စက်တွေရဲ့ ပုံစံ တွေ ကိုပါလိုက်ပြီး အပြောင်းအလဲတွေ ရှိနေခဲ့ကာ သာမန် Chiron ကားတွေတုန်းကလည်း စတင် ကြေညာ ထား စဉ်ကထက် ပိုများ ခဲ့ပါသေးတယ်။ တကယ့် လက်တွေ့ ဘဝမှာ ကားပိုင်ရှင်တွေ ရရှိနိုင်မယ့် စွမ်းဆောင် ရည်ကို ပိုပြီး နီးနီးစပ်စပ် သိနိုင်ဖို့ အတွက် Bugatti ကလည်း အခုလိုမျိုး စွမ်းဆောင်ရည်မြင့် All-Wheel Drive စနစ်တွေနဲ့ ကားကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ အခုစမ်းသပ်မှုထဲက Roller တွေကတော့ ယခင် Dyno စက်တွေမှာသုံးထားတဲ့ အသေးတွေမဟုတ်ပဲ အကြီးတွေကို ပြောင်းသုံးပေးထားပါတယ်။ ဒါကြောင့် လည်း ကားဘီးတွေကထိပြီးစမ်းရမယ့်နေရာတစ်နေရာသာ ကောင်းကောင်းပါလာမှာဖြစ်ကာ ပြင်ပလောက လမ်းတွေပေါ် မောင်းတာနဲ့ ပိုပြီး နီးနီးစပ်စပ် တူညီမှု ရှိနေပါတယ်။

Photo Credit: MotorAuthority

Dyno ကိုလည်း Wheelbase အရွယ် အမျိုးမျိုးပေါ် မူတည်ပြီး လိုက်ပါ ပြောင်းလဲလို့ ရသေးကာ ဘရိတ်ပါဝါ အမြင့်ဆုံး ကိုလည်း 1,609 hp အထိ ချိန်ထားလို့ရပါသေးတယ်။ ဒါကြောင့် တစ်နာရီ မိုင် ၃၀၀ ပမာ‌ဏ လောက် အထိကိုတော့ ကောင်းကောင်း အန္တရာယ်ကင်းကင်းနဲ့ စစ်ဆေး ပေးနိုင်မှာပါ။ တကယ်တော့ ပြင်ပ လောကမှာ အဆိုပါမြန်နှုန်း အတိုင်းသာ ဆိုရင် ကားကလေအရှိန် ခပ်ပြင်းပြင်းကို ခံစားနေရလောက်ပါပြီ။ ဒါပေမယ့် ဒါကိုလည်း အနီးစပ် ဆုံးတူညီအောင် Dyno ရဲ့ အရှေ့မှာ ၆.၃၃ ပေ လောက်အထိရှိတဲ့ ပန်ကာ အကြီးစား တစ်ခုကိုထားပေးထားပြီး တစ်နာရီကို ၁၀.၅ သန်း ကုဗပေ ပမာဏလောက် ရှိမယ့် လေပမာဏ ကို ထုတ်ပေးနေနိုင်ပါတယ်။ အဆိုပါ Chiron Super Sport ကားသစ်ကိုတော့ ၂၀၂၁ မှာမှ ထုတ်လုပ်ချပြခဲ့ တာဖြစ်ပြီး Chiron Super Sport 300+ ရဲ့ မြန်နှုန်း ကန့်သတ်ထားတဲ့ ကား Version မျိုးကွဲတစ်ခု ဖြစ်ပါ တယ်။ အဆိုပါ 300 + ကားကိုတော့ ၂၀၁၉ ခုနှစ်မှာ ထုတ်လုပ် ခဲ့တာ ဖြစ်ပြီး တစ်နာရီကို ၃၀၄.၇၇၃ မိုင် အထိ စံချိန်တင် မောင်းပြနိုင်ခဲ့ပါတယ်။ အခု Super Sport ကားသစ် ကတော့ အမြင့်ဆုံး မြန်နှုန်း အနေနဲ့  ၂၇၃ မိုင်အထိ ရှိခဲ့ပြီး 300+ ကားနဲ့ ယှဉ်ရင်တော့ ပိုကောင်းတဲ့ ဇိမ်ခံအပိုင်းတွေနဲ့ အခြား သော Chassis ပိုင်းတွေမှာ ပိုပြောင်းလဲ ပေးထားပါတယ်။ Chiron Super Sport ကိုတော့ ပြင်သစ်မှာ ရှိတဲ့ ကုမ္ပဏီ ရဲ့ Molsheim စက်ရုံမှာ လာမယ့် ဧပြီလ ကစလို့ စတင် ထုတ်လုပ်သွားတော့မှာဖြစ်ပြီး တစ်စီးကို ဒေါ်လာ  ၃.၃၆ သန်း လောက် အထိကို ကျသင့်မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority