အစီးရေ ၃၀ ထဲပဲကန့်သတ်ကာ အထူးထုတ်ပေးခဲ့တဲ့ Bugatti Chiron Super Sport 300+ Hypercar ကားကတော့ အခုဆိုရင် အစီးရေအကုန်လုံး ထုတ်လုပ် ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကား တွေကတော့ Chiron ကား အမျိုးအစား တွေရဲ့ အစီးရေ ၅၀၀ မြောက် ပြည့်ခဲ့တဲ့ ကားတွေအဖြစ်လည်း မှတ်တမ်းဝင်သွား တာပါ။ Super Sport 300+ ကားသစ် ကတော့ Chiron ရဲ့ တစ်နာရီ မိုင် ၃၀၄.၇၇၃ မိုင် အထိ‌ကို မောင်းနှင်ပြထားနိုင်တဲ့ အထိ စွမ်းဆောင်ရည် ကောင်းပြီး Aerodynamic ပိုကောင်းစေမယ့် နောက်မြီးရှည် ကားဒီဇိုင်းကိုသုံးထားတာလည်း ဖြစ်ပါတယ်။ ကားထဲမှာတော့ Quad-Turbo 8.0 Liter W 16 အင်ဂျင်ကြီး ကို သုံးထားတာဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 1,578 hp အထိ မောင်းနှင်နိုင်ကာ ထုတ်လုပ်တဲ့အဆင့် ကားတွေမှာဆိုရင် အမြင့်ဆုံးအနေနဲ့ တစ်နာရီ ၂၇၃ မိုင် အထိကို မောင်းနှင် နိုင်ပါတယ်။ Bugatti အနေနဲ့ ကားမှာ Roll Cage နဲ့ အရှိန်သတ်တဲ့ စနစ်မျိုး ထည့်ပေးထားမယ်လို့ သတင်းတွေ ထွက်နေပေမယ့်လည်း ကားတစ်စီးချင်းစီရဲ့ ဈေး ကတော့ ယူရို ၃.၅  သန်း အထိကို ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားသစ်တွေကို Bugatti အနေနဲ့ ၂၀၁၉ ကတည်းက ချပြကြေညာခဲ့တာ ဖြစ်ပြီး ၂၀၂၁ အရောက်မှာတော့ ထုတ်လုပ်ပြီးစီး ခဲ့တဲ့ ကားအစီးရေ ၈ စီး နဲ့ စတင် ပွဲထုတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀၂၂ မှာ ကတည်းက ကားတွေအကုန် ရောင်းထွက်သွားခဲ့တာဖြစ်ပြီး အခုနှစ်ထဲမှာတော့ ထုတ်လုပ်ပြီး ကား အစီးရေ ၈၀ လောက်ကို ပိုင်ရှင်တွေ လက်ဝယ်အပြီး ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ Bugatti ကတော့အခုဆိုရင် သူတို့ရဲ့အနာဂါတ် အသစ် ကို Rimac နဲ့ လက်တွဲသွားဖို့ စီစဉ်နေပြီဖြစ်ပြီး Chiron ရဲ့ မျိုးဆက်သစ်ကား ကလည်း တဖြည်းဖြည်းတော့ ရုပ်လုံးပေါ်လာပါပြီ။ ကားသစ်မှာတော့ သာမန် Combustion Engine ကိုပဲ သုံးထား သေးတယ် ဆိုပေမယ့် လျှပ်စစ်စွမ်းအင် အတော်များများ ပေါင်းပေးလာတာကိုတော့ လက်ခံ ရတော့မှာပါ။ အဆိုပါ ကား သစ်က လက်ရှိ W 16 တွေရဲ့ မျိုးဆက်သစ် ဖြစ်လာမှာလားဆိုတာ မသေချာသေးပေမယ့်လည်း ကုမ္ပဏီ ဘက်ကတော့ ယခင် က လုံးဝကို မမြင်ဖူးထားသေးတဲ့ Bugatti အသစ်အဆန်းတစ်ရပ် ဖြစ်လာလိမ့်မယ်လို့ ထုတ်ပြောထား ပါတယ်။

Photo Credit: motor 1.com

Rimac ကုမ္ပဏီ ဥက္ကဌ Mate Rimac ကတော့ အခု နှစ်ထဲက အင်တာဗျူး တစ်ခုမှာဆိုရင် Nevera တစ်စီး ထုတ်လုပ် ဖို့ဆိုတာ လွယ်ပြီး Bugatti တံဆိပ်ကပ် လိုက်တာနဲ့ တင်ကားဖြစ်တယ် ဆိုပေမယ့် သူ့အနေနဲ့ကတော့ လျှပ်စစ် စွမ်းအင် အပိုင်းကို အတော်လေးသဘောကျသူ ဖြစ်တယ်လို့ ဆိုထားပါတယ်။ Chiron ရဲ့ မျိုးဆက်သစ် ကားသစ်ကို တော့ လာမယ့် ၂၀၂၄ မှာ အများ ပြည်သူရှေ့ တရားဝင်ချပြ မိတ်ဆက်လာနိုင်ပြီးတစ်ချို့သော ဖြစ်နိုင်ဖွယ် ကားပုံရိပ် တွေကိုတော့ အခုနှစ်ထဲမှာတင် စမြင်လာရနိုင်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com