Bugatti ကတော့ သူတို့ရဲ့ နာမည်ကျော် Chiron Hypercar ကား မျိုးဆက်သစ်အတွက် ကြိုးစားဖန်တီးနေပြီဖြစ်ပြီး အခု တစ်ခေါက်မှာတော့ Rimac နဲ့ ပူးပေါင်းရင်း Rimac ရဲ့ အင်ဂျင်ကိုသုံးကာ လျှပ်စစ် သီးသန့် မဟုတ်သေးတဲ့ Hybrid ကားအဖြစ် မြင်လာရဖို့ ရှိပါတယ်။ ဒါက Rimac အတွက်ရော Bugatti အတွက်တင်မက ကားသစ်ကို မျှော်နေကြသူတွေအဖို့ပါ တကယ်ကို စိတ်လှုပ်ရှားစရာ သတင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အခု တစ်ခေါက်မှာတော့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ တစ်ချက် အနေနဲ့ Rimac ဟာ အခုကားသစ်မှာသုံးမယ့် အင်ဂျင်နည်းပညာသစ်ကို လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းကကို စတင် ထုတ်လုပ် ပေးခဲ့တာ ဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။ ဒါဟာ Bugatti Rimac ဆိုတဲ့ ပူးပေါင်းလုပ်ငန်း တစ်ခုကို တည်ထောင်ခဲ့ သူ Mate Rimac ရဲ့ လုပ်ငန်းစတင်ကြောင်း Volkswagen Group နဲ့ တွေ့ဆုံ ပြောကြားစဉ်ကအချိန်ပဲ ဖြစ်တာကြောင့် အဆိုပါကား အတွက်ကို အချိန်ယူခဲ့ရတာ ကြာပြီဆိုတာ သိသာလာစေခဲ့ပါတယ်။

Photo Credit: MotorAuthority

သေချာတာ ကတော့ Bugatti ကလည်း အခုကားသစ်မှာ ယခင် သုံးနေကျ နာမည်ကျော် Turbo ၄ လုံးနဲ့ 8.0 Liter W 16 အင်ဂျင် ကို အသုံးမပြုတော့တာကြောင့် အင်ဂျင်အသစ် လိုနေပြီဆိုတာပါပဲ။ လက်ရှိမှာ တော့ အဆိုပါ အင်ဂျင်ကို Mistral Roadster ကားသစ်မှာ သုံးထားပြီဖြစ်ပြီး အခု Chiron မျိုးဆက်သစ်မှာကတော့ သေချာပေါက်ကို Hybrid ဖြစ်လာစေချင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ CEO ကိုယ်တိုင်က လည်း Auto Express သတင်း နဲ့ အင်တာဗျူး တစ်ခုမှာ Chiron မျိုးဆက်ဖြစ်လာမယ့် လျှပ်စစ် Crossover တစ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုခဲ့ပြီး အဆိုပါ ကားမတိုင်ခင်မှာတော့ အခုလာမယ့်ကား သစ်ကို Hybrid Hypercar အဖြစ် အရင်ဆုံး ပုံဖော်ချင်နေခဲ့ပုံ ရပါတယ်။ လျှပ်စစ်စွမ်းအင် အတွက်ကိုသာ စတင်ကတည်းက အာရုံစိုက်လာခဲ့တဲ့ Rimac တို့ အတွက်တော့ အခု တစ်ခေါက်မှာ Hybrid ကား အရင်ဖန်တီးရမှာ ဖြစ်တာကြောင့် တစ်ခါမှ မဖန်တီးဖူးသေးတဲ့ ကိုယ်ပိုင် အင်ဂျင်တစ်ရပ်ကိုပါ ဖန်တီးရတော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဆိုပါ CEO ကိုယ်တိုင်က လွန်ခဲ့တဲ့ ၂ နှစ် ကတည်းကကို သူတို့အနေနဲ့ စတင်လုပ်ကိုင် ပြင်ဆင်နေခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့တာပါ။ အခု ကားသာ တကယ် Hybrid အဖြစ် မြင်လာ ရတော့မယ် ဆိုရင်တော့ သေချာတာက Rimac ရဲ့ အခြားသော လျှပ်စစ်သီးသန့် Hypercar နဲ့လည်း သိသိသာသာကွဲပြားလာတော့မှာပါ။ Rimac ရဲ့ အဆိုအရတော့ Bugatti ကားတွေကလည်း ယခင်အတိုင်း ဒီဇိုင်း ပုံစံအလှတွေ ၊ Analog Dial တွေ ကိုလည်း ဆက်လက် သုံးလာမှာဖြစ်ပြီး Rimac ကလည်း ခေတ်မှီ နည်းပညာတွေနဲ့အတူ Drift ဆွဲတာတွေအထိ အလိုအလျောက် Driving Mode တွေနဲ့ ဖန်တီးပေးဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ Rimac ကတော့ Bugatti အနေနဲ့ လာမယ့် နှစ်မှာတင် ကားသစ်ကို ချပြလာနိုင်တယ်လို့ ဆိုထားပေမယ့်လည်း တကယ်တမ်း အစီးရေ ၁၀၀ သာ ထုတ်လုပ်မယ့် အဆိုပါ မျိုးဆက်သစ်ကားကိုတော့ နှစ်အတော်ကြာမှာ ဖန်တီးပေးလာ နိုင်ပါတယ်။ အဆိုပါ ကားနဲ့ အတူ အစီးရေ ၉၉ စီးပဲ ထုတ်လုပ်မယ့် Mistral အမျိုးအစားကိုလည်း ဆက်တိုက်ဖန်တီး ပေးလာဖို့ ရှိနေတာဖြစ်ပါတယ်။

Ref: MotorAuthority