အခုနှစ် အစောပိုင်းလောက်မှာ စတင်ပွဲထွက်ခဲ့တဲ့ Ford Bronco Raptor အသစ်ရဲ့ အဓိက ဟိုးလေးတ ကျော် ဖြစ်သွား စေခဲ့တဲ့ အချက်ကတော့ ကားရဲ့ ကိုယ်ထည်ပါပဲ။ ပိုကြီးပြီး ပိုလည်းရှည်သွားတဲ့ ကားကိုယ် ထည်နဲ့အတူ သိသိသာသာ ထပ်မံ ပြောင်းလဲ သွားတာကတော့ 400 hp အထိ စွမ်းဆောင်ရည် ပေးနိုင်တဲ့ Twin-Turbocharged 3.0 Liter V 6 Engine ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ Digital Instrument Display ပိုင်းကိုလည်း အသေးစိတ် ပြင်ဆင်မှုတွေနဲ့ ခြယ်သလာခဲ့ ပါသေးတယ်။ Ford ကတော့ အဆိုပါ ကားအသစ်ရဲ့ Instrument Cluster ကို ၁၂ လက်မအရွယ် Digital Display အနေနဲ့ ထည့်သွင်းပေးလိုက် တာ ဖြစ်ပြီး ကားရဲ့ အရေးတကြီး သိသင့်တဲ့ အချက်အလက်တွေကို ယာဉ်မောင်း ဆီ ရှင်းရှင်းလင်းလင်း ပြ ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ကိုပဲ အခုတော့ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပြီး လုံးဝ မပျင်းရ အောင် Video Game Designer တစ်ချို့က G.O.A.T  ဆိုတဲ့ Mode တစ်မျိုး နဲ့ ဆန်းသစ် ပေးလိုက်ပြန်ပြီ ဖြစ်ပါတယ်။ အဆိုပါ ဒီဇိုင်း အသစ်မှာတော့ Screen ပုံစံပေါင်း ၇ မျိုး လောက် အထိ ပြောင်းလို့ ရနိုင်မှာ ဖြစ် ကာ တစ်ခု ချင်းစီမှာလည်း သီးသန့် အရောင်တွေနဲ့ Graphics အသစ်တွေ ပါဝင်လာတာပါ။ Photo Credit: motor 1.com

ဥပမာ ပြောရမယ် ဆိုရင်တော့ Tow/Haul ဆိုတဲ့ Mode ကိုထားထားမယ် ဆိုရင် Bronco က ပုံမှန် အတိုင်း နောက်တွဲ တစ်စီးနဲ့ ဆွဲနေမှာဖြစ်ပြီး Screen မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်တွေနဲ့ ပိုလိုက်မယ့် Theme နဲ့ အဝါရောင် တို့ကို ပြောင်းပေးနိုင်မှာမျိုး ဖြစ်ပါတယ်။ Rock Crawl Mode မှာ ဆိုရင်လည်း လမ်း ကြမ်းတွေပေါ်မှာ မောင်းနေတဲ့ Bronco ရဲ့ Animation တွေကို ထည့်ပေးထားပြီး သာမန် Normal Mode မှာဆိုရင်တော့ Ford ရဲ့ အမှတ်သညာ အရောင်ဖြစ်တဲ့ အပြာကိုပဲ ပြပေးနေမှာပါ။ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာကတော့ Screen က အတော်လေး အမြင် ဆန်းသွားတဲ့အပြင် စိတ်ကြိုက်လည်း ချိန်ညှိနိုင်ဦးမှာ ဖြစ်ပါတယ်။ အရမ်းကြီး ဒီဇိုင်းမဆန်း ပေမယ့် အသုံးပိုတည့်တဲ့ Design တစ်မျိုးကတော့ Performance View ပဲ ဖြစ်ပြီး အမြန် မောင်းနေတဲ့ အချိန်မှာပဲ ဖြစ်ဖြစ်၊ လမ်းကြမ်းတွေ မောင်းရင်ပဲ ဖြစ်ဖြစ် Engine RPM တို့လို အသေးစိတ် အချက်အလက်တွေက အစ ယာဉ်မောင်း အနေနဲ့ စစ်ဆေးလို့ ရအောင် ပြပေးထား မှာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ Performance View မှာတော့ ယာဉ်ရဲ့အခြေအနေ အသေးစိတ်ကိုသိရတာကြောင့် ယာဉ်ကို ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတာကိုလည်း သိစေနိုင်သလို ၊ နောက်ဆုံး သတိထား ရမယ့် အဆုံးသတ် လိုင်း တွေကိုလည်း နာရီ လက်တံ ၁၂ တည့်တည့်မှာ ပြထားတာကြောင့် ကြည့်ရတာ တော်တော် ရိုးရှင်းပြီး နား လည်လွယ်စေမှာ ဖြစ်တယ်လို့ Ford ရဲ့ ဒီဂျစ်တယ် ဒီဇိုင်းမန်နေဂျာ Mark Sich က ဆိုထားပါတယ်။ အဓိက အဆိုပါ Screen တစ်ခုလုံးက ယာဉ်မောင်း သိသင့်တဲ့ အရေးကြီး အချက်အလက် တွေကိုချည်းပဲ ရွေးပြီးပြသထားတာ ဖြစ်လို့ အတော်လေးကို အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။ အဆိုပါ Screen တွေကို တော့ အဆင့်မြှင့်တင်ထားတဲ့ Suspension တွေ ၊ 400 hp စွမ်းဆောင်ရည်မြင့် တွေမှာမှ မြင်ရမှာလား မသိရသေးပေမယ့် Ford ဘက်ကတော့ Bronco Raptor တွေအခု လာမယ့် နွေရာသီ မှာတင် ဈေးကွက်ထဲ ရောက်လာတော့မယ်လို့ ဆိုထားတာကြောင့် အခု နည်းပညာသစ် ပါမလာ မလား ဆိုတာတော့ စောင့်ကြည့် ရတော့မှာပါ။

Ref: motor 1.com