Brabus Marine ကတော့ သူတို့ရဲ့ လက်ရာ အသစ်အဖြစ် စက်လှေ အသစ် တစ်မျိုးကို မိတ်ဆက် လိုက်ပါတယ်။ The Shadow 900 Stealth Green Signature Edition လို့ အမည်ပေးထားတဲ့ အဆိုပါ ကားသစ်ကတော့ ခေတ်ပေါ် စက်လှေ တစ်စီးရဲ့ အသွင်ကို ပီပီ ပြင်ပြင် မြင်ရစေမှာပါ။ အခု စက်လှေ ရဲ့ အပြင်ပိုင်း အရောင် ကို တော့ Stealthy Green ဆိုတဲ့ အရောင်ကို သုံးထားပြီး ကုမ္ပဏီရဲ့ Signature Style ဆိုတဲ့ Logo တွေကိုလည်း ပေါင်းစပ် ပေးထားပါတယ်။ ဒါ့အပြင် ကာဗွန် ဖိုက်ဘာ သုံးထားတဲ့ Highlights တွေအပြင် Matte အနက်ရောင် အပြင်အဆင် လေးတွေနဲ့ လှပနေတာပဲ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

အခု စက်လှေရဲ့ အတွင်းပိုင်းမှာတော့ တော်တော် ကိုစုံလင်တဲ့ အပြင်အဆင်တွေ ထည့်ပေးထားတာ ဖြစ်ပြီး အထူးသဖြင့် စက်လှေမောင်း အတွက် အတော်လေးကို အဆင်ပြေစေမယ့် အပြင်အဆင် တွေဖြစ်နေတာပါ။ အထူးသဖြင့် G-Shock Monitor ၊ လမ်းညွှန်စနစ် Control ပိုင်းတွေ ၊ အင်ဂျင် Management အပိုင်းတွေ နဲ့  Entertainment အပိုင်းတွေအတွက် အစုံအလင်ကို ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၉ လက်မ အရွယ် Display ၂ ခု၊ 4G Mobile WiFi Router တစ်ခု ၊ AIS Receiver ပါဝင်တဲ့ VHF Unit တစ်ခု ၊ Halo20+ ရေဒါ နဲ့ ၅ လက်မ အရွယ် Touchscreen ကိုလည်း လမ်းညွှန်စနစ် အစုံအလင် အတွက်ကို အပိုထည့်ပေးထားပါသေးတယ်။ ဒါတင်မကသေးပဲ နောက်ထပ် ရေသန့်စနစ်နဲ့ ကြိုးမဲ့ ဖုန်းအားသွင်း စနစ်တွေကိုပါ စုံစုံလင်လင် ထည့်ပေးထားတာ ဖြစ်ပါတယ်။

Photo Credit: AllAutoExperts

နောက်ထပ် ဝန်ဆောင်မှုတွေ အနေနဲ့ ဇိမ်ခံ စက်လှေ တစ်စီးမှာ မြင်ရ‌မယ့် Wet Bar Package ၊ Gas ဟင်းချက် မီးဖို ၊ ကာဗွန်ဖိုက်ဘာ အပိုင်း အစုံအလင် ၊ အဲကွန်းနဲ့ အခြားသော အမိုးကိုင်းတွေက အစ အစုံအလင်ကို ထပ်တွေ့ ရဦးမှာပါ။ အခု စက်လှေမှာ ထူးခြားတာ ကတော့ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်ဖြစ်ပြီး 900 hp အထိ ရှိမှာ ဖြစ်ကာ Mercury Marine 450R 4.5 Liter V8 Four-Stroke အင်ဂျင်ကြီးကို သုံးထားတာ ကြောင့်လည်း ဖြစ်ပါတယ်။ အခု စက်လှေအသစ်ကိုတော့ Spyder ၊ Sun-Top နဲ့ XC Cross Cabin ဆိုတဲ့ အမျိုးအစားတွေ အလိုက် စိတ်ကြိုက် ‌ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube