လတ်တလော မှာရော အနာဂါတ်မှာပါ ကားတွေ အကုန်လုံးက လျှပ်စစ်ကားတွေ အဖြစ်ကို တဖြည်းဖြည်းချင်း ကူးပြောင်းလာနေပြီ ဖြစ်တာကြောင့် သာမန် Combustion Engine နဲ့ တုန်းက ကားတွေကို ပြန်လည် ပြင်ဆင် မွမ်းမံ ကြသလိုမျိုး Tuners တွေအနေနဲ့ လျှပ်စစ်ကားခေတ်မှာတော့ နေရာရ‌နိုင်တော့မှာ မဟုတ်ဘူးလို့ ယူဆလာ ကြပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင် နာမည်ကျော် Tuning Company တစ်ခုဖြစ်တဲ့ Brabus က လျှပ်စစ် ကားခေတ်မှာလည်း ရှင်သန်နိုင်တယ် ဆိုတာကို Mercedes ရဲ့ Flagship လျှပ်စစ်ကားတစ်စီးကို ကောင်းကောင်း Tuning လုပ်ပြပြီးသက်သေပြ ခဲ့ပါတော့တယ်။ Tuning လုပ်ခဲ့တဲ့ ကားက တော့ EQS 450 ဖြစ်ပြီး Aerodynamic ပိုကောင်းတဲ့ Body Kit ရလာခဲ့ကာ Wind Tunnel ပါ ထပ်ထည့်ပြီး ယခင်ကထက်ပိုလှတဲ့ ပါးပါးလျလျ အသွင်လေးနဲ့ ဖြစ်လာခဲ့ပါတယ်။ အသစ် ပြင်ဆင်ပေးထားလိုက်တဲ့ ကားမှာတော့ Coefficient Drag ပမာဏက 0.20 ပဲ ရှိတော့တာ ကြောင့် လျှပ်စစ်ကားတွေထဲ အနည်းဆုံးဖြစ်လာကာ Brabus အနေနဲ့ သာမန် Standard ကားမှာတုန်းကထက် အဆိုပါ ပမာဏကို ၇.၂ ရာခိုင်နှုန်း လောက် အထိ လျှော့ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ကားအသစ်မှာ ထည့်ပေးထားတဲ့ ကိုယ်ထည် အစိတ်အပိုင်းတွေ အကုန်လုံးကို ကာဗွန်သားတွေနဲ့ပဲ ဖန်တီးထား ပြီး Glossy ပုံစံ ပြောင်ပြောင်လက်လက်ပဲဖြစ်ဖြစ် Matte ပုံစံပဲ ရနိုင်မှာပါ။ အပို ပါလာတဲ့ ပစ္စည်း တွေ အနေနဲ့ကတော့ အနောက်ဘီးဖုံး အရှေ့နားမှာ Air Deflector အပြားလေးတွေ ထည့်ပေးထားတာဖြစ်ပြီး လေစီးဆင်းမှု ပိုကောင်းစေမှာ လည်း ဖြစ်ပါတယ်။ အရှေ့ဘက်မှာလည်း Spoiler Lip အသစ်ကို သုံးပေးထားပြီး အနောက်ဘက်မှာလည်း Aerodynamic ပိုကောင်းတဲ့ Diffuser ပါဝင်လာပါတယ်။ အခုလို ပြင်ဆင်ပေးလိုက်တဲ့ အပိုင်းတွေကြောင့် Aerodynamic အပိုင်းပါ ပိုကောင်းလာခဲ့တဲ့အပြင် တစ်ကြိမ် အားသွင်းထားရင် မောင်းနိုင်မယ့် ကားရဲ့ Range ပမာဏ ကိုလည်း ၇ % လောက် တိုးတက်လာစေတာ ဖြစ်ကာ အထူးသဖြင့် ကားကို တစ်နာရီ ၆၂ မိုင် နှုန်းကနေ ၈၇ မိုင်နှုန်း အကြားမောင်းနေတဲ့အချိန် Range ကို ပိုထိန်းထားနိုင်မှာပါ။ အခုကားမှာ တစ်ခု သီးသန့် အနေနဲ့ ထူးထူးခြားခြား အပြောင်းအလဲ တစ်ရပ် ဖြစ်လာတာကတော့ လက်မ ၂၀ ကနေ ၂၂ လက်မ အထိ ရှိတဲ့ Monoblock ဘီးတွေပါပဲ။ အခု လို Range အမြင့်ဆုံး မာစီးဒီးရဲ့ လျှပ်စစ်ကားကိုမှ အကောင်းစား Monoblock ဘီးတွေနဲ့ ပေါင်းစပ်ထားတဲ့ အပြင် တာယာတွေကလည်း အရှေ့ ဘက်မှာ 255/35 ZR22 တာယာနဲ့ အနောက်ဘက်ဆိုရင် 295/30 ZR22 တာယာတွေ ပါ ထည့်ပေးထားသေးတာ ဖြစ်ပါတယ်။ ကားရဲ့ Air Suspension အပိုင်း အတွက်ကိုလည်း ပြင်ဆင်မှုတွေ လုပ်ပေးထား သေးတာကြောင့် အရှေ့ဘက် က ၀.၆ လက်မ လောက် ပိုနိမ့်သွားသလို အနောက်ဘက်ကလည်း မူလကားထက် ၀.၈ လက်မလောက် ပိုနိမ့် သွားဦးမှာပါ။

Photo Credit: motor 1.com

Brabus ရဲ့ Tuning လက်ရာကားတွေ ဆီကနေ မျှော်လင့်နိုင်တဲ့ အတိုင်းပဲ အတွင်းခန်းကို ဝယ်ယူသူ စိတ်ကြိုက် အမျိုးမျိုးပြောင်းလဲ ပြင်ဆင်ပေးနိုင်မှာဖြစ်ပြီး လယ်သာ အမျိုးအစားတွေကနေ Velour Trunk Mat ကြမ်းခင်းတွေ အထိ ပြင်ဆင်ပေးနိုင်မှာပါ။ ဒါ့အပြင် ကုမ္ပဏီရဲ့ Illuminated Logo အသစ်ကိုလည်း ကားရဲ့ အလူမီနီယံနဲ့ ကာဗွန် ခြေနင်း တွေနဲ့အတူ စိတ်ကြိုက်ပြောင်းလဲ ရွေးချယ်နိုင်ဦးမှာပဲဖြစ်လို့ တကယ်ကို ပြောင်းလဲလို့ကောင်းတဲ့ လျှပ်စစ် ကားသစ်တစ်စီးကို ခေတ်သစ်တစ်ခု အနေနဲ့ မြင်တွေ့လိုက်ရပြီလို့ပဲ ဆိုရမှာပါ။

Ref: motor 1.com