Tuning Company တွေထဲ နာမည်ကျော်တဲ့ Brabus တို့ကတော့ အခုဆိုရင်လည်း Mercedes-AMG G63 ကားကို သာမန်ထက်ကို ပိုတဲ့ပြုပြင်ပြောင်းလဲမှု အကြမ်းစား တွေလုပ်ပြလိုက်ပြန်ပြီ ဖြစ်ပါတယ်။ အဆို ပါ SUV ကားကို Pickup Truck တစ်စီးအဖြစ်ကို လုံးဝ ပုံပြောင်းပေးလိုက်သလို အင်ဂျင်ပိုင်းနဲ့ အခြားသော အမြင်ဒီဇိုင်းပိုင်းတွေက အစ အပြောင်းအလဲ တော်တော်များများကို လုပ်ပေးလိုက်ပါတယ်။ အဆိုပါ Tuning လုပ်ထားတဲ့ G63 ကားသစ်မှာ ပိုကြီးတဲ့ 4.5 Liter V8 Engine ကြီးကို တပ်ဆင်ပေးလိုက်ပြီး သာမန် 4.0 Liter ထက်ပိုများလာတာပါ။ အင်ဂျင်ရဲ့ Bore နဲ့ Stroke အပိုင်းတွေကိုလည်း ပိုချဲ့ပေးထားပြီး Forged Pistons တွေနဲ့ သီးသန့် Billet Crankshaft တွေကိုလည်း ထည့်သွင်း ပေးထားလိုက်ပါတယ်။ အင်ဂျင်ရဲ့ အသံကြီး ပိုကောင်းကောင်း ခံစားနိုင် စေမယ့် စွမ်းဆောင်ရည်မြင့် အိတ်ဇောတွေကိုလည်း တပ်ဆင် ပေး ထားပြန်တာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားသစ်မှာတော့ Turbocharger တွေကိုလည်း အဆင့်မြှင့်တင် ပေးထားလိုက်ပြီး အင်ဂျင်ရဲ့ Management Software နဲ့ ကောင်းကောင်း ပေါင်းစပ်ပေးထား လိုက်တာတွေ့ရပါတယ်။ ကုမ္ပဏီ အနေနဲ့ အဆိုပါ စနစ်ထဲမှာ အင်ဂျင်ရဲ့ Injection ၊ Ignition နဲ့ Boost Pressure Control အဆင့်တွေကိုပါ မြင်နိုင်မယ့် အပိုင်းတွေအထိ ထည့်ပေးထားလိုက်ပြီး 900 hp အထိကို စွမ်းဆောင်နိုင်အောင် စီစဉ်ပေးလိုက် နိုင်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည် ကတော့ သာမန် SUV တုန်းကထက်ကို 315 hp အထိ ပိုလာခဲ့တာဖြစ်ပြီး အင်ဂျင်အနေနဲ့ 992 lb-ft Torque အထိ ထုတ်ပေးနိုင်ပေမယ့် Brabus တို့ကတော့ 774 lb-ft Torque အထိပဲ ချိန်ထား ပေးလိုက် ပါတယ်။ အဆိုပါ ပုံပြောင်း Truck ရဲ့ အမြင့်ဆုံး အမြန်နှုန်းကတော့ တစ်နာရီကို ၁၇၅ မိုင် အထိ ဖြစ်ပြီး Electronic Governor စနစ်ကိုလည်း ထည့်သုံးပေးထား ပါသေးတယ်။ ကားရဲ့ အလေးချိန် ကတော့ ၅,၉၉၇ ပေါင် အထိကို လေးတာဖြစ်ပေမယ့် အင်ဂျင် ပိုင်း အရတော့ တစ်နာရီ ၆၃ မိုင်နှုန်း အထိ အရှိန်တင်မယ်ဆိုရင် ၃.၇ စက္ကန့်နဲ့တင် ရနိုင်တာကိုလည်း အံ့အား သင့်ဖွယ် တွေ့ရမှာပါ။

Photo Credit: motor 1.com

အဆိုပါ ကားသစ်မှာတော့ Brabus အနေနဲ့ စတီးဖရိန်တွေကို ကာဗွန်ကြမ်းခင်းတွေ ပေါင်းစပ်ထားတဲ့ P 900 Rocket နောက်တွဲကိုလည်း တပ်ဆင်ပေးထား ပါသေးတယ်။ ကားမှာတော့ မူလအကျယ်ထက် ၃.၉ လက်မလောက် ထပ်ချဲ့ ပေးနိုင်မယ့် Wide Body Kit ကိုလည်း ရရှိနိုင်သေးတာ ဖြစ်ပါတယ်။ အမြင်ပိုင်း သိသိသာသာ ပြောင်းသွားတာတွေ အနေနဲ့ ကတော့ Integrated Front Spoiler ထည့်ပေးထားတာတွေ ၊ စက်ဖုံး Hood Cowl ၊ အရှေ့နဲ့အနောက်က Fender Flares အသစ်တွေ ၊ အနောက်ဘက် Diffuser နဲ့ အမိုးမှာ တပ်ဆင်ထားတဲ့ အတောင်ပံတွေအပြင် အခြား သော အသေးစိတ် အပြောင်းအလဲတွေပဲ ဖြစ်ပါတယ်။ ဘီးတွေထဲမှာလည်း ၂၄ လက်မ အရွယ် Brabus Monoblock Z Platinum Edition ဘီးအသစ်တွေကိုလည်း ရွေးချယ်နိုင်ဦးမှာပါ။ ဝယ်ယူသူတွေ အနေနဲ့ အရောင်စုံ ကြိုက်တာ မှာ နိုင်ပေမယ့်လည်း မူလပြောင်းလဲ ထားတဲ့ ကားကိုတော့ Rocket Gray ဆိုတဲ့ မီးခိုး ရောင်နဲ့ ဖန်တီးပေးထားပြီး အတွင်းခန်းက အနက်ရောင် လယ်သာသားကိုမှ အနီရောင် လိုင်းလေးတွေနဲ့လည်း အတော်လေး လိုက်ဖက် ပါတယ်။ ဒါ့အပြင် အဆိုပါ အနီလိုင်းလေးတွေကို ကားရဲ့ စပီကာ Grilles တွေ ၊ Vents တွေနဲ့ ခလုတ်တွေမှာလည်း ဆက်သုံးပေးထားပြီး ကာဗွန် Trim တွေကိုလည်း Cockpit တစ်လျှောက် မြင်နိုင်ပါသေးတယ်။ အဆိုပါ ကား အမျိုး အစားကို သီးသန့်အနေနဲ့ ၁၀ စီးပဲ ထုတ်လုပ်ဖို့ စီစဉ်ထားပြီး ဈေးအနေနဲ့ကတော့ $ 639,380 ကနေကို စတင်လာဖို့ ရှိတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com