Brabus ကတော့ ကန္တာရတွေကို ဖြတ်သန်းမောင်းနှင်နိုင်ဖို့အတွက် Non-Street Legal ကားတစ်စီးကို ဖန်တီးလိုက်ပြီး Brabus 900 Crawler အမည်ရတဲ့ အဆိုပါကားကို အစီးရေ ၁၅ စီးသာ တည်ဆောက်သွား မှာဖြစ်ကာ စတာလင်ပေါင် 891,310 ဝန်းကျင်ကျသင့်သွားမှာပါ။

Photo Credit: AllAutoExperts

Brabus Crawler ရဲ့အပြင်ပိုင်းကတော့ Mercedes G-Class ရဲ့အသွင်ကိုယူထားကာ LED Lighting Modules တွေကတော့ ကိုယ်ပိုင်အသွင်တွေနဲ့ဖန်တီးထားပါတယ်။ ကားရဲ့ အပြင်ပိုင်း ကာဗွန်ဖိုင်ဘာ ကိုယ် ထည်အသစ်နဲ့ Ladder-Frame Chassis တို့ကြောင့် ကားကပိုမိုပြည့်စုံသလို ခံစားရတာတွေ့ရပါတယ်။ အတွင်းပိုင်းကတော့ လုံးဝကိုအဖွင့်ဒီဇိုင်းအသုံးပြုထားကာ တံခါးတွေနဲ့ပြတင်းပေါက်တွေတောင် ထည့်သွင်း ထားခြင်းမရှိပါဘူး။ Crawler ရဲ့ အဓိက အံ့အားသင့်စရာအကောင်းဆုံး အချက်ကတော့ မြေပြင်ကင်းလွတ် အမြင့် ၂၀.၉ လက်မရှိတာဖြစ်ပြီး ၂၀ လက်မရှိတဲ့ Brabus Monoblock HD Forged Rims တွေအပေါ် မှာတော့ Heavy-Duty Maxxis Razr Off-Road Rubber တပ်ဆင်ပေးထားသလို Full-Size Spare Wheel လည်း ထည့်သွင်းပေးထားပါသေးတယ်။

Photo Credit: AllAutoExperts

စွမ်းဆောင်ရည်ပိုင်းအရတော့ AMG-Sourced Motor ကို Modified လုပ်ထားတဲ့ Twin-Turbo 4.5 Liter V8 အင်ဂျင်ကို တပ်ဆင်ထားကာ 888 hp နဲ့ 922 lb-ft Torque အထိစွမ်းဆောင်နိုင်မှာဖြစ်ပြီး Nine-Speed Automatic Transmission ကိုမှ Four-Wheel Drive စနစ်နဲ့ မောင်းနှင်နိုင်မှာပါ။ အဆိုပါ အင်ဂျင် အတွဲအဖက်ကြောင့် 0-62 mph အထိ အရှိန်တင်မောင်းနှင်ဖို့ အချိန် ၃.၄ စက္ကန့်သာ ကြာမြင့်မှာဖြစ် ပြီး အမြင့်ဆုံးအရှိန်အနေနဲ့ကတော့ လျှပ်စစ်ပိုင်းအရ 99 mph အထိ ကန့်သတ်ထားပါတယ်။ ပထမဆုံး Brabus 900 Crawler ကားကတော့ တည်ဆောက်ထုတ်လုပ်ပြီးပြီ ဖြစ်တာကြောင့် ဝယ်ယူမယ့်သူကို အသင့်စောင့်ကြိုနေပြီပဲ ဖြစ်ပါတယ်။

Ref: AllAutoExperts