ကွဲကွဲပြားပြားနဲ့ ထောင့်ကျကျ ခပ်ကြီးကြီး ကားကောင်းတွေ အကြောင်း ပြောမယ်ဆိုရင်တော့ ဒီဇိုင်းအသစ်တွေနဲ့ BMW ကားတွေကို ပြောရမှာပါ။ အခုလည်း ကြေးနီရောင် Trim ကြီးတွေ ၊ ရှုပ်ယှက်ခတ်နေတဲ့ အရှေ့ဘက် Fascia တွေအပြင် တကယ်ကို ကြီးမားတဲ့ အချိုးအစားတွေနဲ့ BMW XM ကားတစ်စီးကိုလည်း မြင်ထားရပါသေးတယ်။ တကယ်တမ်းမှာတော့ အဆိုပါ ကားကို Pickup Truck အနေနဲ့ ထွက်လာနိုင် မလား ဆိုတဲ့ မြင်ကွင်းက ပိုပြီး ကြီးကျယ် ခမ်းနား နေပြန်ပါတယ်။ X-Tomi Design က ပုံဖော်ဖန်တီး ပေးထားတဲ့ အဆိုပါ XM Pickup Truck ကားဒီဇိုင်းမှာ တော့ ‌အတော်လေးကို မိုက်နေတာဖြစ်ပြီး တိုးတက် လာတဲ့ ဒီဇိုင်းအသွင်အပြင်တွေကို သေချာပေါက် မြင်ရမှာပါ။ အထူးသဖြင့် စွမ်းဆောင်ရည် ကောင်းကောင်း ပြနိုင်မယ့် ခပ်ကြမ်းကြမ်းပုံစံ ၊ Over-The-Top ဖြစ်နေတဲ့ ဒီဇိုင်းနဲ့ တကယ်ကြီးတဲ့ Grille ‌တွေက ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ မူလ BMW XM ကိုယ်တိုင်ကလည်း ထိုင်ခုံ ၃ တန်းပါ X 7 SUV ရဲ့ Wheelbase နဲ့ အတူတူဖြစ်တာကြောင့် တကယ်ကိုမသေးတဲ့ ကားဖြစ်ပါတယ်။

အခု ကားသစ် ပုံကြမ်းမှာတော့ အရှေ့ဘက်မှာ ဘာမှထွေထွေထူးထူး မပြောင်းထားပေမယ့် အနောက်ဘက်မှာတော့ Truck ဖြစ်သွားတဲ့ ပုံစံကို သေချာကူးပြောင်းပေးထား ပါတယ်။ ကြေးနီရောင် Trim ကြီးတွေကို ထင်းနေအောင် ထည့်ပေးထားဆဲဖြစ်ပြီး အရှေ့ဘက် Fascia မှာပါ ပါဝင်လာပါတယ်။ သေချာတာကတော့ အမေရိက ဈေးကွက်ထဲက လို သာမန်ထက် အတော်လေး ပိုကြီးမားတဲ့ Pickup Truck ကားတွေအဖြစ် မြင်ထားရတာကြောင့် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံကြမ်းဖြစ်နေပါပြီ။ နဂို ကတည်းက XM ကားမှာကို ထုထည်ခပ်ကြီးကြီး နဲ့ လှပနေပေမယ့် အခု Truck ကားအနေနဲ့ ပိုကြည့် ကောင်းလာမလား ဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။ BMW XM ကားမှာတုန်း ကတော့ Twin-Turbocharged 4.4 Liter V8 Engine ကြီးကို တပ်ဆင်ထားပြီး 483 hp အထိ ကို စွမ်းဆောင် ထားနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ အင်ဂျင်တစ်ခုတည်း မဟုတ်ပဲ Plug-In Hybrid အမျိုးအစား ဖြစ်တာကြောင့် လျှပ်စစ်မော်တာ တစ်လုံးကလည်း ပါဝင်ပါသေးတယ်။ အဆိုပါ မော်တာနဲ့ဂီယာတို့ ပေါင်းစပ်ထားတာ ကတော့ နောက်ထပ် 194 hp အထိ ပိုဆောင်းပေးလာနိုင်တာကြောင့် ကားရဲ့ စုစုပေါင်း စွမ်းဆောင်ရည်ဟာ 644 hp နဲ့ 590 lb-ft Torque အထိကို ရှိနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် All-Wheel Drive အမျိုးအစားလည်း ဖြစ်တာကြောင့် အတော်လေးကို အသုံးဝင်မှာဖြစ်ပြီး အထူး ထုတ်လုပ်ထားတဲ့ Label Red Edition မှာဆိုရင် 735 hp အထိကို စွမ်းဆောင် နိုင်သေးတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မူလကတည်းက စွမ်းဆောင်ရည်ကောင်းပြီးသား XM ကားကြီးကို အခု ပုံထဲကလို Pickup Truck အနေနဲ့ မြင်ရမယ်ဆိုရင် တကယ်ပဲ ပိုကောင်းနိုင်မလား စောင့်ကြည့်ရ‌မှာ ဖြစ်ပါတယ်။

Ref: motor 1.com