ကားသစ် တွေကို ဆက်တိုက် ဖန်တီးပေးဖို့ ပြင်ဆင်နေတဲ့ နာမည်ကျော် BMW တို့ကတော့ အခုဆိုရင်လည်း X5 နဲ့ X6 ကားတွေကိုမှ ပြန်လည်ဆန်းသစ်ထားမယ့် မော်ဒယ်သစ်တွေကို ဥရောပ ဒေသတစ်လွှား စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အဆိုပါ Coupe – SUV ကား အမျိုးအစားတွေ အနေနဲ့ဆိုရင်တော့ BMW ကလည်း သူတို့ရဲ့ စံထား ရလောက်တဲ့ အရည် အသွေးတွေ ပိုင်ဆိုင်ထားပြီးဖြစ်ကာ အခုဆိုရင်တော့ X6 M ကားသစ်အတွက် တရားဝင် မဟုတ် သေးတဲ့ ဒီဂျစ်တယ် ပုံကြမ်းတစ်ချို့ကို စတင်မြင်တွေ့လာရပါပြီ။ အခု ပုံကြမ်းအရတော့ ယခင်ထက် ပိုပြီး ခပ်ကြမ်းကြမ်း Aggressive ဆန်မယ့် အရှေ့ဘက် Fascia မျက်နှာစာကို မြင်ရတာဖြစ်ပြီး တကယ်သာ ဒီပုံစံ အတိုင်းဖြစ်လာမယ် ဆိုရင်တော့ အရှေ့ဘန်ဘာရော ဒေါင်လိုက်ဒီဇိုင်းတွေနဲ့ပါ အတော်လေး ပုံစံဆန်းသစ် လာတော့မှာ သေချာပါတယ်။ ဒါ့အပြင် ဘန်ဘာ အသစ်နဲ့ အတူ ယခင်ထက်နည်းနည်း ပိုကြီးလာဦးမယ့် Radiatior Grille ကိုလည်း မြင်ရလာ နိုင်ပါသေးတယ်။

Photo Credit: motor 1.com

ကားရဲ့ အနောက်ဘက် ကတော့ အရှေ့မှာလောက် အပြောင်းအလဲ သိပ်မများနိုင်ပဲ Spy ပုံရိပ်တွေနဲ့ ပုံကြမ်းတွေ အရ ဆိုရင်တော့ ယခင်အတိုင်းနီးပါး နောက်မီးတွေ ၊ ဘန်ဘာနဲ့ ဘန်ဘာ Diffuser အနိမ့်တွေကို ဆက်ပြီး မြင်ရလာ နိုင်ပါတယ်။ ဒါပေမယ့် အနောက်ပိုင်းက ဒီအတိုင်းပဲ ဆိုရင်တောင် စွမ်းဆောင်ရည်မြင့် SUV တစ်စီးရဲ့ Facelift Version တစ်ခု ဆိုတာနဲ့ လိုက်ဖက်နေဆဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း အရလည်း Facelift Version အသစ် အနေနဲ့တော့ အများကြီး အပြောင်းအလဲတွေဖြစ်လာ ဖို့ မမျှော်လင့်ထားသင့် သေးပါဘူး။ အထူးသဖြင့် ခန့်မှန်းချက်တွေအရ ဆိုရင် BMW ရဲ့ 4.4 Liter Twin-Turbocharged V 8 အင်ဂျင်ကို သုံးလာနိုင်ပြီး 600 hp နဲ့ 553 lb-ft Torque အထိ စွမ်းဆောင် ပေးလာ နိုင်ပါတယ်။ တကယ်လို့ ပိုပြီး စွမ်းဆောင်ရည်မြင့်တဲ့ Version အခွဲတစ်ခုကို ရယူနိုင်မယ် ဆိုရင်တော့ 617 hp အထိကို ရှိလာနိုင်မယ့် All-Wheeel Drive ကားတစ်မျိုး ရှိလာနိုင်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ကား အရှေ့ပိုင်းလိုပဲ နောက်ထပ် အပြောင်းအလဲများလာနိုင်တဲ့ တစ်နေရာကတော့ အတွင်းခန်းပဲ ဖြစ်ပါတယ်။ အတွင်းခန်းမှာတော့ ယခင်မြင်ထားရတဲ့ ပုံတွေအရ ဆိုရင် Screen ၂ ခု အထိ ဆက်ထား နိုင်ပြီး Screen တွေ ကလည်း Dashboard အလယ် နားလောက်အထိ ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် ဂီယာပုံစံ အသစ် ကိုလည်း ယခင် iX ကားသစ်မှာ မြင်ခဲ့ရသလိုမျိုး မြင်လာရနိုင်ပြီး နောက်ထပ် ခပ်သေး သေး မသိမသာ ပြင်ဆင်မှုလေးတွေ ကိုလည်း မျှော်လင့်လာလို့ ရနိုင်ပါသေးတယ်။ X6 နဲ့ X6 M တို့ အတွက်ကတော့ အခုကားသစ်တွေက Mid-Cycle Update အနေနဲ့ ရလာမှာဖြစ်ပြီး လာမယ့်နှစ်ထဲ ထွက်ပေါ် လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကားကို မိတ်ဆက်ပြီး ပြီ ဆိုရင်တော့ လာမယ့် ၂၀၂၃ ဒုတိယ နှစ်ဝက်လောက် မှာတင် 2024 Model အနေနဲ့ စတင်ရောင်းချလာဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com