BMW ရဲ့ နောက်ထပ် မျိုးဆက် ကားသစ်တစ်စီး ဖြစ်တဲ့ X 3 ကားကို စမ်းသပ်နေပြီ ဆိုတာကတော့ အခုလ အစောပိုင်း လောက်ကတည်းက သိရှိခဲ့ရပြီး ကားကုမ္ပဏီ ဘက်ကတော့ အတော်လေး လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဆိုရင်တော့ နာမည်ကျော် Kolesa.ru ဆီကနေကားရဲ့  ဖြစ်နိုင်ဖွယ် ဒီဂျစ်တယ် ပုံကြမ်းကို စတင် ဖန်တီးလာနိုင်ခဲ့ ပါပြီ။ အခုပုံကတော့ တရားဝင် ကားပုံ မဟုတ်သေးဘူး ဆိုပေမယ့်လည်း ယခင်မြင်နေကျ Crossover ကိုမှ အတော် လေး သိသာတဲ့ ဒီဇိုင်း အပြောင်းအလဲတွေနဲ့ မြင်လိုက်ရမှာတော့ သေချာပါတယ်။ အခု စမ်းသပ်နေဆဲယာဉ်နဲ့ အခု ထွက်လာတဲ့ ပုံကြမ်းတွေအရ ကြည့်မယ် ဆိုရင်တော့ BMW က သူတိုရဲ့ ကားသစ်ကို ယခင်ပုံစံ မပျောက်သွားအောင် ဆက်ထိန်းထားဦးမယ်လို့ ယူဆရပြီး အဓိက အားဖြင့်တော့ ကားရဲ့အရှေ့ ၊ အနောက်တွေနဲ့ အခြားသော ဒီဇိုင်း ပိုင်းတွေမှာသာ ပိုပြီး ခေတ်မှီလာတဲ့ ဘက် ကိုသွားဖို့ ရည်မှန်းထား နိုင်ပါတယ်။ ပုံကြမ်းအရတော့ ကားရဲ့ အရှေ့ ဘက်မှာ Grille အသစ်ကို ခပ်ပါးပါး Headlight တွေနဲ့ တွဲပေးထားပြီး အဆိုပါ အစိတ်အပိုင်းတွေရဲ့ အောက်မှာမှ ပုံပြောင်းထားတဲ့ အရှေ့ဘက် ဘန်ဘာကို ယခင်ထက်ပို Aggressive ဖြစ်တဲ့ အသွင်နဲ့ မြင်ရမှာပါ။ ကားရဲ့ အနောက် ဘက်ကလည်း Bumper အသစ် ထည့်ပေးလာနိုင်ပြီး Taillight ခပ်ပါးပါး အသွင်တွေပဲ ဖြစ်လာနိုင်ပါတယ်။ ပုံကြမ်း အရ မခန့်မှန်း နိုင်သေးတာကတော့ ကားရဲ့ အရွယ်အစားပဲ ဖြစ်ကာ Spy Shots တွေအရတော့ X3 အသစ်က လက်ရှိ ကားထက် ပိုပြီးကြီး နိုင်တယ်လို့ သိထားရပါတယ်။ ဒါပေမယ့် သေချာတိုင်းတာဖို့ကတော့ ခက်ခဲနေ ဦးမှာ ဖြစ်ပြီး နောက်ထပ် သိရဖို့ လိုနေသေးတာကတော့ အတွင်းခန်း အပိုင်း ဖြစ်ပါတယ်။ ပုံရိပ်တွေ မရရှိ သေးတဲ့ အပိုင်းလည်း ဖြစ်နေလို့ အတိအကျ မသိရသေး ပေမယ့်လည်း BMW အနေနဲ့တော့ iDrive 8 Infotainment System နဲ့ Dash- Spanning Screen တွေ ပါဝင်လာလိမ့်မယ်လို့ ယူဆရပါတယ်။

Photo Credit: motor 1.com

စက်ပိုင်း ဆိုင်ရာတွေ အကြောင်းသိရဖို့ ကလည်း လိုနေသေးတဲ့ အပြင် BMW ဘက်ကလည်း အဆိုပါ X 3 ကားသစ်ကို နောက်နှစ်လောက် အထိ အစောဆုံးထားပြီး ပြောကြားဦးမှာ မဟုတ်သေးပါဘူး။ BMW အနေ နဲ့ ဂတ်စ် ၊ ဒီဇယ်နဲ့ လျှပ်စစ် စွမ်းအင် ပေါင်းစပ်ထားတာမျိုးတွေ အဖြစ် ကားသစ်ကို ထုတ်ပေးလာနိုင်ပြီး လျှပ်စစ်သီးသန့် All Electric X 3 လည်း ပါလာနိုင်ပါတယ်။ BMW အနေနဲ့ကတော့ M 40i ဆိုတဲ့ Trim ကိုလည်း အခု ကားသစ်မှာ ထုတ်ပေးလာ နိုင်တယ် လို့ ခန့်မှန်းရပြီး အကြောင်း ကတော့ Spy Shots တွေ အရ ကား အနောက်ဘက်မှာ အိတ်ဇောလေးလုံးတွဲကို မြင်ထား ရလို့ပါပဲ။ BMW အနေနဲ့ X3 ကို ၂၀၂၂ ကတည်းက အဆင့်မြှင့်တင် ပေးထားခဲ့တာဖြစ်လို့ မျိုးဆက်သစ် ကို ခပ်စောစော ပဲ ဆက်တိုက် ထုတ်ပေး မယ် ဆိုတာတော့ သိပ်မဖြစ် နိုင်သေးပါဘူး။ အနည်းဆုံးတော့ တစ်နှစ်လောက် ကွာတာမျိုး ဖြစ်နိုင်သေးကာ BMW အနေနဲ့  ၂၀၂၄ အစောပိုင်း လောက်မှ ချပြလာနိုင်ပါတယ်။ ဒါကြောင့် အဆိုပါ X3 ကားသစ် တွေကို ၂၀၂၅ မော်ဒယ် နှစ် လောက်အထိ မြင်ရဖို့ မမြင်ရနိုင် သေးဘူးလို့ပဲ ဆိုရတော့မှာပါ။

Ref: motor 1.com