ပြီးခဲ့တဲ့ တစ်ပတ်တုန်းကပဲ မျိုးဆက်သစ် BMW X 3 ကားရဲ့ ပထမဆုံးသောပုံရိပ်တစ်ချို့ကို စတင်မြင်တွေ့ ခဲ့ ရပါတယ်။ ဒါပေမယ့် အဆိုပါ ပုံရိပ်တွေထဲမှာတော့ အကာအရံ Camouflage စတေကာတွေ အများကြီး အုပ်ထားသေးတာ ကြောင့် သေချာမသိရသေး ပေမယ့်လည်း အခုဆိုရင်တော့ တရားဝင် မဟုတ်သေးတဲ့ ဒီဂျစ်တယ်ပုံကြမ်း တစ်ချို့ ဖန်တီးလာပြီ ဖြစ်တာကြောင့် ပုံရိပ်တစ်ချို့ကိုတော့ ခန့်မှန်းလာနိုင်ပါပြီ။ အခု ပုံကြမ်းအသစ်အရတော့ Crossover အသစ်မှာ ကိုယ်ထည် တိတိကျကျ ပုံစံနဲ့ ဒီဇိုင်းအသစ် ရလာနိုင်ပြီး Grille ဆိုရင်လည်း လက်ရှိ အမျိုး အစားထက်ကို ပိုရှည်လာတာပါ။ ဒါ့အပြင် X 1 ကားအသစ်နဲ့ ခပ်ဆင်ဆင် တူလာနိုင်တဲ့ Aggressive ပိုဆန်ဆန် အရှေ့ဘက် ဘန်ဘာ ဒီဇိုင်းကိုလည်း အခုကားမှာ မြင်ရဖို့ ရှိပါတယ်။ ပုံရိပ် ကြမ်းသာ ရှိသေးတာကြောင့် တစ်ချို့နေရာတွေ ခန့်မှန်းရခက် နေသေးပေမယ့် X 3 အသစ်ကတော့ လက်ရှိ ကားမျိုးဆက်ထက် နည်းနည်းပိုကြီးလာမှာ သေချာပါတယ်။

Photo Credit: motor 1.com

အခု ဒီဂျစ်တယ် ပုံရိပ်မှာတော့ ကားရဲ့ အနောက်ဘက်ကို မဖော်ပြထား ပေမယ့် တစ်ခြားသော BMW Crossover ရဲ့ လတ်တလော ဒီဇိုင်းတွေလို ခပ်ဆင်ဆင် ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ ကား အရှေ့ ဘက်မှာလိုပဲ  X 1 ကား ပုံစံဆန်ဆန် Aggressive အသွင်ကိုဆက်ပြီး ယူဆောင်လာ နိုင်တာပါ။ အတွင်းခန်းကို‌တော့ အပြင်မှာရော ပုံကြမ်းထဲမှာပါ မမြင်ရသေးပေမယ့် ခန့်မှန်းရမယ်ဆိုရင်တော့ iX အသစ် လိုမျိုး BMW ရဲ့ နောက်ပိုင်း သုံးလာတဲ့ အတွင်းခန်း ဒီဇိုင်းတွေ အတိုင်းပဲ ဖြစ်လာနိုင်ပါတယ်။ တကယ်သာ အဆိုပါ ဒီဇိုင်းအတိုင်း ဆိုရင်တော့ အတွင်းခန်းမှာ Dashboard အပြည့် ဖြစ်နေစေမယ့် Screen Panel ၂ ခုတွဲ ရယ် BMW ရဲ့ နောက်ဆုံးပေါ် iDrive 8 Software တို့ ပါဝင် လာဖို့များနေပြီပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

စက်ပိုင်းဆိုင်ရာ ကိုလည်း သေချာမသိရသေးတာ ကြောင့်ဝေဝါးနေဆဲ ဖြစ်ပေမယ့်လည်း Plug-In Hybrid နဲ့ လျှပ်စစ် သီးသန့် မျိုးကွဲတွေ အပါအဝင် အတော်များများ ရွေးလို့ကောင်းမယ့် ကားမော်ဒယ်တွေ ထည့်ပေး လာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ ပိုကောင်းတဲ့ X 3 M ကား ဆိုရင်လည်း Hybrid စွမ်းဆောင်ရည် အလန်းစားနဲ့ ထပ်ထွက်ပေါ်လာ နိုင်ပါသေးတယ်။ လက်ရှိမျိုးဆက် X3 M ကားကတော့ Twin-Turbocharged 3.0 Liter Straight-Six Engine ကိုသုံးထားပြီး စွမ်းဆောင်ရည်ကလည်း 503 hp နဲ့ 479 lb-ft Torque အထိကို ရှိနေတာပါ။ ဒါကြောင့်လည်း လက်ရှိ SUV ကို တစ်နာရီ မိုင် ၆၀ အထိ အရှိန် တင်ချင်တယ်ဆိုရင် ၄ စက္ကန့်နဲ့ တင်ဖြစ်အောင် မောင်းနိုင်မှာပါ။ Spy Shots တွေအရတော့ ကားကို ပထမ ဆုံး ခန့်မှန်းလို့ ရနိုင်ပြီဆိုပေမယ့်လည်း ဘယ်အချိန် တရားဝင် ချပြလာမလဲ ဆိုတာ ကတော့ ပြောရခက်ပါ သေးတယ်။ အနည်းဆုံး တစ်နှစ်လောက်တော့ ကြာနိုင်သေးပေမယ့်လည်း  ၂၀၂၄ မော်ဒယ် နောက်အထိ ရောက်သွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ BMW အနေနဲ့ 2022 Model Year အတွက်လည်း X3 ကား ကိုပါ အဆင့်မြှင့်တင်ပေးခဲ့ပြီးဖြစ်ပြီး ပိုကောင်းတဲ့ဒီဇိုင်း ၊ နည်းပညာသစ်တွေနဲ့ အခြား အပြောင်းအလဲတွေ အများကြီး ပါဝင်လာ ခဲ့တာကြောင့် အခုကား မျိုးဆက်သစ်လည်း ဒီအတိုင်းပဲ ပိုတိုးတက်လာနိုင်တာတော့ သေချာနေပြီ ဖြစ်ပါ တယ်။

Ref: motor 1.com