ဂျာမနီ နိုင်ငံ ၊ စတုဂတ် အခြေစိုက် နာမည်ကျော် BMW ရဲ့ 2023 7 Series တွေကတော့ အတော်လေးကို တိုးတက်မှု ပေါင်းများစွာနဲ့ ဈေးကွက်ထဲ ဝင်လာခဲ့တဲ့ Sedan ကားတွေပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဂျာမနီပြည်တွင်းရဲ့ အဓိက ပြိုင်ဘက် မြူးနစ်အခြေစိုက် Mercedes တို့ ကလည်း အတော်လေးကို ဆန်းသစ် တဲ့နည်းပညာတွေနဲ့ အတူ လျှပ်စစ်စွမ်းအင်သုံး ကားစီမံကိန်းတွေနဲ့  အရေးကြီးတဲ့ အဆင့်တစ်ခုကိုပါ ရောက် နေခဲ့ပါပြီ။ ဒါပေမယ့် Mercedes- Benz S-Class အတွက်ကလည်း အတော်လေးကို အနိုင်ပိုင်းထားနိုင်တဲ့ နေရာတစ်နေရာတော့ ရှိလို့နေပါတယ်။ အဲ့ဒါကတော့ Mercedes EQS အနေနဲ့ Level 3 အဆင့် မောင်းသူ မဲ့  နည်းပညာတွေကို တစ်ချို့ သတ်မှတ်‌ထားတဲ့ နေရာ တွေမှာ ကောင်းကောင်း အသုံးပြုနိုင် နေတာပဲ ဖြစ်ပါတယ်။ ဒီ အဆင့်မှာတော့ တစ်ချို့ သတ်မှတ်ထားတဲ့ နေရာတွေ မှာဆိုရင် ယာဉ်က အလိုအလျောက် မောင်းနိုင်ပေမယ့် ယာဉ်မောင်းအနေနဲ့ ကတော့ တစ်ချို့နေရာတွေမှာ ထိန်းချုပ် တာမျိုးတွေ အနည်းနဲ့ အများတော့ လိုအပ်ပါသေးတယ်။ အခုဆိုရင်တော့ Mercedes ရဲ့ အဆိုပါ အခြေအနေကို အမှီ လိုက်နိုင်ဖို့ အဓိကပြိုင်ဘက် BMW ဘက်ကလည်း အလှမ်းမဝေးတော့ဘူး ဆိုတဲ့ သတင်းတွေကြားသိနေရပြီး 7 Series အသစ်မှာအပြင် ၊ ထပ်ထွက်လာမယ့် 5 Series အသစ်နဲ့ All Electric i5 တို့မှာ အခုလို Mercedes ရဲ့ နည်းပညာတူကို အသုံးပြုလာနိုင် တော့မယ်လို့ ခန့်မှန်းရပါတယ်။

Photo Credit: CARBUZZ

Bimmerpost Forum ရဲ့ ဖော်ပြချက်တွေ အရတော့ BMW ရဲ့ ဇိမ်ခံ Sedan တွေ အတော်များများမှာ Level 3 အဆင့် မောင်းသူမဲ့ စနစ်ကို ရရှိလာမှာဖြစ်ပြီး Personal Pilot လို့တော့ လောလောဆယ် ကိုယ်စား ပြု ခေါ်ဝေါ်ထားတာ တွေ့ရပါတယ်။ အဆိုပါ နည်းပညာကိုတော့ ၂၀၂၃ နှောင်းပိုင်းလောက်မှာ ထွက်ပေါ် လာနိုင်တဲ့ 7 Series အသစ် တွေမှာ စမြင်ရနိုင်ပြီး အသစ်ထွက်လာမယ့် 5 Series ၊ i5 sedan တွေမှာတော့ လာမယ့် ၂၀၂၄ ဇူလိုင် လောက်က စ မြင်ရနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ နည်းပညာကို တရုတ်နဲ့ ဥရောပ ဒေသ ဈေးကွက်တွေထဲ စတင် သုံးစွဲနိုင်မယ်လို့သိရပြီး လက်ရှိ အနေအထား အရတော့ အမေရိက ဈေးကွက် တွေအထိ သုံးနိုင်အောင်လုပ်ဖို့ မဖြစ်နိုင်သေးဘူး လို့လည်း ခန့်မှန်းထားကြပါတယ်။ Mercedes ကတော့ အမေရိက ဈေးကွက်အတွက် Level 3 အဆင့်ကို အခုနှစ် ထဲမှာပဲ စမ်းသပ်ဖို့ စီစဉ်ထားပြီး တကယ်တော့ ဒီစနစ်ကို စမ်းသပ်ဖို့ အဆင့်ဆင့် စီစဉ်ပြင်ဆင်ရ‌တာတွေက အတော် လေးတော့ အလုပ်များပြီး စိန်ခေါ်မှု ကြီးမားလှပါတယ်။ ဒါကြောင့် မကြာမီမှာပဲ တစ်ချို့သော လမ်းမကြီးတွေမှာ Level 3 အဆင့်နဲ့ မောင်းသူမဲ့ မောင်းနှင်လာတော့မယ့် BMW ကားတွေကိုလည်း စတင် မြင်လာရတော့မှာ ဖြစ်ပြီး သတိထား စောင့်ကြည့် ရမှာပါ။

Photo Credit: CARBUZZ

လက်ရှိမှာ တရားဝင် ကြေညာနိုင်ဖို့ အတွက် သတင်းအစအန မကြားရသေးပေမယ့်လည်း မောင်းသူမဲ့ နည်း ပညာပိုင်း ပိုမို တိုးတက်အောင် လုပ်နေတာကတော့ BMW တို့ အနေနဲ့ အချိန်အတော်လေး ကြာခဲ့ပါပြီ။ အခုနှစ် အစောပိုင်း တုန်းကပဲ နည်းပညာ ထိပ်တန်းကုမ္ပဏီ ဖြစ်တဲ့ Qualcomm နဲ့ ပူးပေါင်းခဲ့ပြီး မောင်းသူမဲ့ အပိုင်းက Software တွေမှာ အဆင်ပြေ စေဖို့အတွက် အဓိက ရည်ရွယ် ပူးပေါင်းခဲ့တာပါ။ ကုမ္ပဏီရဲ့ အတွင်း သတင်းတွေ အရတော့ All New 5 Series အသစ်တွေကိုလည်း ဖန်တီးနေပြီလို့ သိရပြီး ထုတ်လုပ်မှုတွေကို အခု ဇူလိုင် လထဲမှာတင်စတင် လာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စတင်ပွဲထုတ်ပြီ ဆိုကတည်း ကလည်း ရွေးချယ်စရာ အများကြီးနဲ့ ကားမော်ဒယ် တွေ ပါလာနိုင်ကာ သာမန် ICE အင်ဂျင်သုံး ကားတွေ ၊ i5 EV လျှပ်စစ် သီးသန့် ကားတွေနဲ့ စွမ်းဆောင်ရည်မြင့် i5 M60 xDrive စသဖြင့် ကားသစ်တွေ ဖြစ်လာ နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ Lineup အသစ်ထဲမှာတော့ နောက်ထပ် i5 မျိုးကွဲ တွေနဲ့ Hybrid Model တွေပါ ပါလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: carbuzz.com