BMW ကတော့ အမေရိကန် နိုင်ငံတွင်းက သူ့ရဲ့ကားတွေ အကုန်လုံးကို 5G စနစ် ပြောင်းပေးနိုင်တော့မှာ ဖြစ်တယ်လို့ ကြာသ‌ပတေး နေ့ကပဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ BMW i4 နဲ့ iX လျှပ်စစ် ကားတွေဟာ ဆိုရင် အခုကတည်း က T- Mobile ရဲ့ 5G ကွန်ရက်ကို စတင် ချိတ်ဆက်နိုင်ပြီ ဖြစ်ပြီးရိုးရိုး SIM ဒါမှမဟုတ် eSIM ကို အသုံး ပြုနိုင်မှာပါ။ နာမည် အတိုင်းပဲ အဆိုပါ စနစ်မှာတော့ ကားရဲ့ System ထဲကို SIM Card  ထည့်ကာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် BMW လျှပ်စစ်ကားတွေက အခုလို မြန်နှုန်းမြင့်ကွန်ရက်ကို ရရှိလာတာကြောင့် WiFi Hotspots တွေ အဖြစ် ပြောင်းလဲ သွားမှာဖြစ်ပြီး Device ၁၀ ခု အထိကို ချိတ် ဆက် သုံးစွဲနိုင်မယ်လို့လည်း သိရပါတယ်။ T-Mobile ရဲ့ 5G ကွန်ရက်စနစ် ကတော့ တစ်လကို ဒေါ်လာ ၂၀ နဲ့ သုံးစွဲ နိုင်မှာဖြစ်ပြီး အမေရိကမှာဆိုရင် ဒေတာ အကန့်အသတ်မဲ့ ရရှိမှာပါ။ ဒါ့အပြင် T-Mobile ကွန်ရက် ရဲ့ အပြင်ဘက် ရောက်နေမယ်ဆိုရင်လည်း မြန်နှုန်း 200 MB နဲ့ Roaming Data သုံးနိုင်ဖို့ပါ စီစဉ်ပေးထား ပါသေးတယ်။ ကနေဒါ နဲ့ မက္က‌ဆီကို တို့မှာ ဆိုရင်တော့ 4G Data ကိုပဲ 5 GB မြန်နှုန်းနဲ့ သုံးနိုင်မှာ ဖြစ်ကာ Unlimited Data ကို သုံးချင်တယ် ဆိုရင်တော့ မြန်နှုန်း အနည်းငယ်နှေးသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီဘက် က ဆိုထားပါတယ်။ eSIM စနစ်ကတော့ iX xDrive50 ကားရဲ့ သပ်သပ်ရွေးချယ် နိုင်မယ့် Premium Package အတွက်သာ ဖြစ်ပြီး iX M60 မှာ ဆိုရင်တော့ Standard အနေနဲ့ ရရှိ နိုင် မှာပါ။ ဒါပေမယ့် အဆို ပါ ကားတွေရဲ့ ဘယ်လို Trim Level ဒါမှမဟုတ် ဘယ်လို Package တွေမှာ ရနိုင်မလဲ ဆိုတာတော့ အတိ အကျ မပြောထား သေးပါဘူး။

Photo Credit: MotorAuthority

တစ်ခြားသော ကားကုမ္ပဏီ တွေကလည်း လက်ရှိမှာ 5G စနစ်ရအောင် အပြိုင်အဆိုင် ကြိုးစားနေကြပြီး Audi နဲ့ GM တို့ကလည်း လာမယ့် ၂၀၂၄ မှာတင် Verizon နဲ့ AT&T ကုမ္ပဏီ တို့နဲ့ ပူးပေါင်းကာ 5 G ရလာ အောင် စီစဉ် လာတော့မှာ ဖြစ်ပါတယ်။ 5G စနစ်ရဲ့ မြန်နှုန်းကတော့ တကယ်ကို ကောင်းလွန်းတာကြောင့် ကားအတွင်း အင်တာနက် လုပ်ဆောင် ချက်တွေအပြင် Update တွေကအစ တော်တော်လေးကို ကောင်း မွန်လာတော့မှာ သေချာပါတယ်။ BMW တို့ ကတော့ 5G စနစ် အပြင် နောက်ထပ် နည်းပညာသစ်တွေကို လည်း ချပြထားပြီး iX ကားအတွက် ဆိုရင် Digital Key Plus ဆိုတာကို မိတ်ဆက် ပေးထားပါတယ်။ အဓိက ကတော့ အဆိုပါ ကားစနစ်သစ်မှာ ဆိုရင်ကားထဲဝင်ဖို့ အတွက်ကို iPhone ၅ လုံးအထိ ချိတ်ဆက် ကာ မျှသုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့မြန်နှုန်း ၊ Power ၊ အသံ အတိုးအချဲ့ တွေကို ထိန်းချုပ်ရာမှာ လည်း စိတ်ကြိုက် ကန့်သတ်ချက် တစ်ချို့ထားလို့ ရအောင် စီစဉ်ထားပါတယ်။ ဒါကြောင့် အဆိုပါ စနစ်အရ ဆိုရင်တော့ ယာဉ်မောင်းကနေ ကလေးတွေ ခလုတ်တွေ နှိပ်မိတာတို့ ဘာတို့ မဖြစ်အောင် ကောင်းကောင်း ကာကွယ် ပေးထားနိုင်မှာပါ။ ဒါ့အပြင် Plug-In Hybrid ကားတွေ အတွက် သတ်မှတ်နေရာတွေမှာ အင်ဂျင် သုံး နေရာကနေ လျှပ်စစ်စွမ်းအင်အဖြစ် အလိုအလျောက် ပြောင်းပေးနိုင်မယ့် eDrive Zone တွေကိုလည်း BMW တို့က ကောင်းကောင်း အကောင်အထည် ဖော်ထားနိုင်ပြီး ဖြစ်ပါတယ်။

Ref: MotorAuthority