ကုမ္ပဏီရဲ့ ပထမဆုံးသောလျှပ်စစ် SUV ကားသစ်ကြီးအဖြစ် BMW iX ကို ချပြခဲ့ရာမှာတော့ အမျိုးမျိုးသော ထင်မြင် ချက်တွေကို တွေ့ခဲ့ကြရပေမယ့် ကားဝယ်ယူချင်သူတွေ အတွက် ဆွဲဆောင်‌မှုကောင်း တစ်ရပ် ဖြစ် နေသေးတဲ့ ခန့်ခန့် ညားညား ကားကြီးဆိုရင်လည်း မမှားပါဘူး။ အဆိုပါ ကားသစ် တွေက ပြီးခဲ့တဲ့ လပိုင်း ကတည်းကကို ရောင်းကုန်သွား ပြီ ဖြစ်တယ်လို့ BMW ဘက်က ဆိုခဲ့ပြီး အခုတော့ ကံဆိုးလာခဲ့ ရပြန်သလို ပါပဲ။ ဒါကတော့ BMW အတွက် ကံ အနည်း ဆိုး နေခဲ့တဲ့ ကားသစ်တွေ ပြဿနာတစ်ချို့ ရှိနေတာကြောင့် ပြန်သိမ်းနေရတာမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်း ကလည်း All-Electric i4 ဆိုတဲ့ လျှပ်စစ် ကားလိုမျိုး အဓိကမော်ဒယ်ကို မီးထလောင်နိုင်ချေရှိတယ်ဆိုပြီး ပြန်လည်သိမ်းဆည်း ခဲ့ရသေးတာပါ။ အခုတော့ အသစ် စက်စက် BMW iX  ဆီကိုပါ ရောက်လာခဲ့ပြီဖြစ်ကာ မြောက်အမေရိက ဒေသတွင်းက အဆိုပါ ကားအစီးရေ ၁,၀၂၉ စီးကို Airbag Control Unit ကောင်းကောင်း အလုပ်မလုပ်မှုကြောင့် ဟု ဆိုကာ ပြန်သိမ်းရတော့ မှာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ Airbag Control Unit ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ပြန်သိမ်းရတာကိုတော့ ကုမ္ပဏီဘက် က အရမ်း အရေးကြီးတဲ့ သိမ်းဆည်းမှုအဖြစ်တော့ မပြောထားပဲ ပထမဆုံး ပြဿနာကို iX မှာ အရင်တွေ့ခဲ့ တာ မဟုတ်ပဲ နောက်ထွက်မယ့် ကားတွေမှာ စတွေ့ခဲ့တာ ဖြစ်ပါတယ်။ NHTSA ရဲ့ စံနှုန်းတွေအရ ကြည့် မယ်ဆိုရင်တော့အခု ပြန်လည် သိမ်းဆည်းရမှုက ၂၀၂၂ ကနေ ၂၀၂၃ မော်ဒယ်တွေ အထိ အကျုံးဝင်နိုင်ပြီး xDrive 40 ၊ xDrive50 နဲ့ M 60 မျိုးကွဲ တွေက အစ ပါဝင်လာနိုင်တာပါ။ လက်ရှိ မှာတော့ xDrive 50 နဲ့ 60 တို့ပဲ အမေရိက ဈေးကွက်မှာ ရနိုင် သေးတာ ဖြစ်လို့ အခု ပြဿနာကို Software Update နဲ့လည်း ဖြေ ရှင်းနိုင်လို့ရတယ်ဆိုပြီး BMW ဘက်က ဆိုထားပါတယ်။ ဒါပေမယ့် ဒီ့ မတိုင်ခင် အရင်ဆုံး အသိမ်းခံ လိုက်ရ သေးတဲ့ BMW ကားတွေရဲ့ အခြားသော ကားမော်ဒယ်တွေရဲ့ ပြန်လည် သိမ်းဆည်းရခြင်းနဲ့ အတူတူပဲလား ဆိုတာတော့ မသေချာသေးပါဘူး။ မကြာသေးမီကပဲ All-Electric i4 Models တွေကဆီမှာ ဘက်ထရီ Pack ကို ခံနိုင်ရည်ရှိအောင်ကာကွယ် ပေးနိုင်မယ့် Crash Pad တွေ မပါတဲ့ ပြဿနာ ကို ကြံခဲ့ ရသေးတာ ပါ။ အဆိုပါ i4 ကားသစ် တစ်ချို့ အတွက်တော့ ပြန်လည် သိမ်းဆည်းတာမျိုးကို လုပ်ခဲ့ရတာ ဖြစ်ပြီး အဆိုပါ ကားတွေကိုတော့ ဒီန်းမတ် ၊ ပိုလန်‌နဲ့ ဆွီဒင် ဈေးကွက်တွေ‌မှာ ရောင်းချ နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

ဒါပေမယ့် အသက်ရှုချောင် စေတာတစ်ခုကတော့ အခု iX ကားပေါင်းရဲ့ ကားသစ် အစီးရေ ၂,၀၀၀ အောက် လောက် ကို Software Update နဲ့ ဖြေရှင်းလို့ ရနိုင်တာပါပဲ။ BMW iX ဆိုတာကတော့ Brand ရဲ့ တကယ့် အဆင့်မြင့်ကား တစ်စီးဖြစ်ပြီး MSRP ပမာဏ $ 83,200 အထိ ဈေးပေါက်နေတာလည်း ဖြစ်ပါတယ်။ အဆိုပါ ကားကတော့ တစ်နာရီ မိုင် ၆၀ နှုန်း ရောက်အောင် ၄.၆ စက္ကန့်ပဲ အချိန်ယူရတာဖြစ်ပြီး အမြင့်ဆုံး ဆိုရင်လည်း တစ်နာရီကို ၁၂၄ မိုင် အထိ ရှိနေပါတယ်။ စွမ်းဆောင်ရည် ပိုကောင်းတဲ့ 610 hp ရှိ M 60 ကားကလည်း ထွက်လာဉီးမယ်လို့ သိထားရပြီး တစ်နာရီ မိုင် ၆၀ နှုန်းကို ၃.၆ စက္ကန့် ထဲနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ကာ ကမ္ဘာ့အမြန်ဆုံး SUV ကားတစ်စီး ဖြစ်လာနိုင်ပါတယ်။ အခု လက်ရှိ ကြုံတွေ့နေရတဲ့ ကားတွေရဲ့ ‌Airbag ပြဿနာ အမြန်ဆုံး ပြေလည်သွားနိုင်ဖို့ပဲ မျှော်လင့်ရပြီး M 60 ကားသစ် ကိုလည်း အမြန်ဆုံး စမ်း သပ်လာနိုင်တော့မယ်လို့ သိရပါတယ်။

Ref: carbuzz.com