iDrive 8 လို့ လူသိများတဲ့ BMW ရဲ့ OS 8 ဟာ လက်ရှိ ကားအတွင်း Infotainment System တွေထဲ အကောင်းဆုံးလို့ လူသိ များထား ကြပါတယ်။ အဆိုပါ စနစ်အသစ်ကိုတော့ ပြီးခဲ့ နှစ်ကမှ BMW iX နဲ့ BMW i4 တို့နဲ့ အတူ ပွဲထုတ်ခဲ့တာ ဖြစ်ပြီး အခြားသော Facelifted Model 3 Series တွေနဲ့ All-New X1 Crossover တွေဆီကိုပါ ဖြန့်ချီ ပေးထားပြီးပါပြီ။ ဒါ့အပြင် အသစ်ဖြစ်ပြီးသားစနစ်ကိုမှ လာမယ့်နှစ် လောက် အစောဆုံးထားပြီး အတော်လေး ကိုသိသာတဲ့ အပြောင်းအလဲ တစ်ချို့ လုပ်ပေးဦးမယ်လို့ သိရပါတယ်။ အဆိုပါ အပြောင်းအလဲကတော့ လာမယ့် မတ်လ ၂၀၂၃ လောက်မှာ လက်ရှိ  Linux အခြေပြု OS ကိုမှ Android Automotive OS ထပ်အုပ်ပေးမယ့် သဘောပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု သိထားသင့်တာက တော့ Android Automotive ဆိုတာ Apple CarPlay လိုမျိုး သာမန် Screen Mirroring လုပ်တဲ့ Android Auto Software နဲ့ လုံးဝမတူညီဘူး ဆိုတာပါပဲ။ လက်ရှိမှာတော့ အဆိုပါ Android Automotive စနစ်သစ်ကို Polestar 2 နဲ့ Volvo XC 40 တို့မှာရရှိနေပြီဖြစ်ကာ General Motors ရဲ့ ကား အတော် များများလည်း ပါဝင်ပါတယ်။ အဆိုပါစနစ်မှာ ထူးခြားတာကတော့ Google Assistant အသုံးပြုပြီး ဘက်ထရီ ဘယ်လောက် ကျန်တယ်ဆိုတာကအစ ယာဉ်ရဲ့ အချက်အလက် အသေးစိတ်ကိုပါ ရှာဖွေပြော ကြား ပေးနိုင်တော့မှာ ပါပဲ။

Photo Credit: CARBUZZ

BMW Group ရဲ့ ကုမ္ပဏီနဲ့ နည်းပညာပိုင်း ပူးပေါင်းတိုးတက်ရေး ဆိုင်ရာ ဒုတိယဥက္ကဌ ဖြစ်သူ Stephan Durach ကတော့ ကမ္ဘာအရပ်ရပ်က အကောင်းဆုံးတွေကို စုစည်းထားလို့ ရမယ့်ယာဉ် အတွင်းခန်းစနစ်ကို ကိုယ်တိုင်ဖန်တီး ပေးနိုင်ခဲ့တာဖြစ်ပြီး အမျိုးမျိုးသော Software Products တွေအပေါ် မူတည်ကာ Customer တွေ အတွက် အကောင်းဆုံးသော ယာဉ်အတွင်း ‌အတွေ့အကြုံတွေကို ပေးနိုင်လိမ့်မယ်လို့ ဆို ထားပါတယ်။ ဒါပေမယ့် လောလောဆယ် မသေချာသေးတာကတော့ ဘယ် BMW ကားတွေက Android OS စနစ်ကိုရပြီး ဘယ်ကားတွေ ကတော့ လက်ရှိ Linux စနစ် အတိုင်း ကျန်နေဦးမှာလည်း ဆိုတာပါပဲ။ လက်ရှိမှာတော့ အသေးစိတ် အချက်အလက်တွေကို BMW ဘက်ကမပြောထား သေးပေမယ့်လည်း အသစ် ချဲ့ထွင်မယ့် စနစ်သစ်ကတော့ ကားအကုန်လုံးနဲ့ ကိုက်ညီမယ်လို့ပဲ ပြောထား ပါသေးတယ်။

Photo Credit: CARBUZZ

လက်ရှိမှာတော့ အဆိုပါ Android OS စနစ်သုံးထားတဲ့ Automotive Infotainment စနစ်သစ်ကို Polestar 2 နဲ့ GMC Hummer EV Pickup ကားတွေမှာ မြင်ထားရပြီး ဖြစ်တာကြောင့် BMW အနေနဲ့ လည်း သူ့ရဲ့ ကားတွေမှာ ဘယ်လိုမျိုး ပေါင်းစပ် ပေးလာမှာလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါ တယ်။ သတင်းစာရှင်းလင်းပွဲ အရတော့ အခု စနစ် ကို အစားထိုးမှာက BMW OS 8 လို့သာ ပြောထားပေ မယ့်လည်း အခြားသော BMW Group ရဲ့ ကားတွေဖြစ်ကြတဲ့ Mini ၊ Rolls-Royce တို့မှာလည်း အဆိုပါ Android OS ရလာနိုင်ချေ ရှိနေပါတယ်။ တစ်ခု ကောင်းတာကတော့ အခု လက်ရှိ BMW ကားမော်ဒယ် ဟောင်းတစ်ချို့မှာတောင် BMW Remote Software Upgrade Program ကနေ တစ်ဆင့် iDrive 8 အတွက် OTA Update တွေရနေ‌ဦးမှာပါ။ လက်ရှိမှာတော့ အဆိုပါ စနစ်သစ်ကို i4 နဲ့ iX တို့မှာ စတင် စမ်း သပ်နေခဲ့ပြီး နောက်နှစ်မှာ ဆိုရင်တော့ အဆိုပါ Android Automotive OS စနစ်ကို စတင်မြင်တွေ့ လာရ တော့မယ်လို့ မျှော်လင့်ရ ပါတယ်။

Ref: carbuzz.com