BMW M8 Competition ကားဆိုတာကတော့ စပြီး ထွက်ပေါ်လာခဲ့တဲ့ ၂၀၁၉ ကတည်းက M Range တွေထဲ အကောင်းဆုံး ဖြစ်ခဲ့ပြီး ပိုပို ကောင်းလာခဲ့တဲ့ ကားလည်း ဖြစ်ကာ Limited CSR မျိူးကွဲ အသစ်ကလည်း ဈေးကွက် ထဲမှာ နာမည်ရခဲ့ပြန်တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကားဈေးကွက်တွေထဲ ရှိနေတဲ့ Tuner အတော်များများ ကတော့ Twin-Turbo 4.4 Liter V8 Engine ဆီကနေ စွမ်းဆောင်ရည် ပိုပြီး များများရအောင် ကြိုးစားနေကြတာ တွေ့ရပြီး အဆုံးစွန်သော လုပ်အားနှုန်းတွေကို မြင်ရဖို့လည်း ရှိလို့နေပါတယ်။ ပုံမှန်အားဖြင့်တော့ အဆိုပါ ကားက 617 hp နဲ့ 553 lb-ft Torque အထိ ကို ရှိနေပြီး xDrive စနစ် နဲ့ ပေါင်းစပ်ထားကာ ဂီယာကလည်း Eight-Speed M Steptronic Automatic Transmission စနစ်ကို သုံးထားတာ ဖြစ်ပါတယ်။ တံခါးနှစ်ပေါက်ပါ အဆိုပါ ကားအတွက် ကတော့ တစ်နာရီ မိုင် ၆၀ နှုန်း အထိအရှိန်တင်နိုင်ဖို့ အတွက်ဆိုရင် ၃ စက္ကန့် လောက်ပဲ အချိန်ယူရတာဖြစ်ပြီး အမြင့် ဆုံး မြန်နှုန်းကတော့ တစ်နာရီကို မိုင် ၁၉၀ အထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အခုလောက် အထိ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားတဲ့ ကားကိုတောင်မှ Aftermarket Tuning ပိုင်းတွေက ကျေနပ် နိုင်သေးပုံ မရပါဘူး။ အခုဆိုရင်တော့ Wheelsandmore ဆိုတဲ့ Tuning ပိုင်း တစ်ခုကနေ အဆိုပါကားကို စွမ်းဆောင်ရည်ပိုင်း ပိုကောင်း အောင် ဖန်တီးလိုက်ပြန်ပါပြီ။ အဆိုပါ ပြန်လည် ပြုပြင်ဖန်တီးမှုထဲမှာ ဆိုရင်တော့ ဘီးအသစ်တွေ ၊ Springs တွေနဲ့ အိတ်ဇောစနစ် အသစ် တွေလည်း ပါဝင်လာတာဖြစ်ပြီး အတော် လေးတော့ သိသာတဲ့ ပြောင်းလဲမှု ဖြစ်လာ ခဲ့ပါတယ်။ အဆိုပါ ပြောင်းလဲမှုမှာတင်ပဲ အဆင့် ၂ ဆင့် ပါဝင်ပြီး ပထမအဆင့် ကတော့ အင်ဂျင်ပိုင်း ပြောင်းလဲမှုဖြစ်ကာ 710 hp နဲ့ 656 lb-ft Torque အထိကို မြင့်တက်သွားတာ တွေ့ရမှာပါ။ တကယ်လို့ ဒါကိုမှ မလုံလောက်သေးဘူး ထင်ရင်တော့ ဒုတိယအဆင့် ပြောင်းလဲမှုမှာ ဆိုရင် Sports Catalytic Converter ထပ်ထည့်ကာ 764 hp နဲ့ 671 lb-ft Torque အထိကို စွမ်းဆောင်နိုင်တဲ့အထိ ရရှိ နိုင်ပါသေးတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာကတော့ အဆိုပါ Tuning ပိုင်းအသစ်တွေကို ၂၀၂၀ မတိုင်ခင်က ကားတွေအတွက်ပဲ ရနိုင် ဦးမယ်လို့ သိရပါတယ်။ စွမ်းဆောင်ရည်ပိုင်းတင်မကပဲ ပိုကောင်းတဲ့ Sports ကားအသံပိုင်းကို ပေးစွမ်းနိုင်ဖို့အတွက်လည်း Sports Exhaust System အသစ်ကို ထည့်သွင်း တပ်ဆင်ပေးထား ပါသေးတယ်။

Photo Credit: CARBUZZ

တကယ်လို့ မကြာသေးခင်ကမှ ထုတ်လုပ်ထားတဲ့ M8 ကားကို ဝယ်ထားမိတယ် ဆိုရင်တော့ Plug-And-Play Function အတူရနိုင်မယ့် Tuning စနစ်ကို သုံးနိုင်ဦးမှာဖြစ်ပြီး အမြင့်ဆုံး စွမ်းဆောင်ရည် အဖြစ်တော့ 681 Hp နဲ့ 656 lb-ft Torque အထိကို ဆွဲဆန့်နိုင်ပါလိမ့် မယ်။ ကားရဲ့ ဒီဇိုင်း ပုံစံကတော့ အတူတူပဲ ဖြစ်ပေမယ့်လည်း Forged Alloy ဘီးတွေကိုမှ Underdock ၊ F.I.W.E တို့အပြင် 6Sporz Designs တွေကို ရွေးချယ်နိုင်ဖို့ စီစဉ်ပေးထားတာ ကြောင့် ပုံစံကိုတော့ ဆန်းသစ်ပြောင်းလဲ နိုင်ပါသေးတယ်။ Underdock ဘီးတွေကို တော့ လက်မ ၂၀ အရွယ်အဖြစ် ရွေးချယ် တပ်ဆင်နိုင်မှာ ဖြစ်ပြီး နောက် ၂ မျိုး ကတော့ အရှေ့ ဘက်မှာ လက်မ ၂၀ နဲ့ အနောက်ဘက်မှာ ၂၁ လက်မ အရွယ်ဘီးတို့အဖြစ် တပ်ဆင် မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် Suspension အပိုင်း အဆင့်မြှင့်တင်မှုတွေ လုပ်ချင်ရင်လည်း အဆင်ပြေအောင် ဆောင်ရွက် ပေးထားသေးပြီး ပိုပြီးစွမ်းဆောင်ရည် ကောင်းအောင် KW Springs တို့ထံက ပစ္စည်းတွေ သုံးပေးထားတယ် လို့ သိရပါတယ်။ အဆိုပါ Suspension အပိုင်းမှာ Basic ကို ရွေးချယ်မယ် ဆိုရင် ကားကို ပုံမှန်ထက် ၀.၉ လက်မ လောက် ပိုနှိမ့်နိုင်မှာ ဖြစ်ကာပိုကောင်းတဲ့ KW V4 Suspension ကို ရွေးချယ်မယ်ဆိုရင်တော့ ၁.၄ လက်မလောက် ပိုနှိမ့်နိုင်မှာဖြစ်ပြီး ထိန်းချုပ်မောင်းနှင်ရတာ လည်း ပိုကောင်းမှာ ဖြစ်ပါတယ်။

Ref: carbuzz.com