BMW M ကတော့ ဒီ တနင်္လာနေ့မှာပဲ Le Man’s Daytona Hybrid ကားပြိုင်ပွဲအတွက် ရည်ရွယ်ဖန်တီး ထားတဲ့ Sports ကား Prototype တစ်စီးကိုတော့ စတင်ချပြလာ ခဲ့ပါတယ်။ အဆိုပါ ကားပြိုင်ပွဲကတော့ လာမယ့် ၂၀၂၃ က စတင်ကာ ကျင်းပမယ့် FIA World Endurance Championship ပြိုင်ပွဲနဲ့ IMSA SportsCar Championship တို့ဆီ တက်လှမ်းနိုင်မယ့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်နေပြန်ပါတယ်။ အဆိုပါ ကားကိုတော့ လောလောဆယ်‌မှာ BMW M Hybrid V8 လို့ အမည်ပေးထားပြီး BMW ရဲ့ ဒီဇိုင်းတွေအ တိုင်း Kidney Grille နဲ့ Hofmeister Kink Graphic Design တွေကိုတော့ ဆက်ပြီး ထည့်ပေးထားတာ ‌ဖြစ်ပါတယ်။ ကားကတော့ 5O Jahre BMW M ဆိုတဲ့ စာသားလေးလည်း ပါလာဖို့ ရှိနေပြီး ဒါကလည်း BMW M တည်ထောင်တဲ့ နှစ်ပေါင်း ၅၀ ပြည့်ကို အမှတ်တရ ဖြစ်စေဖို့ ထည့်ပေးထားတာ ဖြစ်ကာ Jahre ဆိုတာကတော့ ဂျာမန် ဘာသာ စကားလိုဆိုရင် နှစ်ပေါင်းများစွာလို့ အဓိပ္ပါယ်ရပါတယ်။

Photo Credit: MotorAuthority

လက်ရှိ မှာတော့ BMW M အနေနဲ့ SportsCar Championship ပြိုင်ပွဲအတွက်ပဲ ကားကို ထုတ်လုပ်ပေး ထားတာ ဖြစ်ပြီး Series ရဲ့ Premier အဆင့် GTP Class အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဓိက ပြိုင်ပွဲဖြစ်တဲ့ ၂၄ နာရီ Le Mans ပွဲကြီးမှာ ဒီကားကို ထည့်သွင်းယှဉ်ပြိုင်ဖို့ ရှိမရှိကိုတော့ အတိအလင်း မသိရ သေးပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် မပြိုင်ဘူးလို့ ဆိုထားတာ မဟုတ်တာကြောင့် ၁၉၉၉ ကတည်းက Le Mans လို အဆင့်မြင့် ကားပြိုင်ပွဲကြီးမှာ BMW M ကို ပြန်လည်မြင်တွေ့ရဖို့ မျှော်လင့်နိုင်ပါသေးတယ်။ GTP နဲ့ ဟိုက်ပါကား အမျိုးအစားတွေအကုန်လုံးကိုတော့ LMDh ပြိုင်ကားတွေနဲ့ Le Mans ဟိုက်ပါကား စည်းမျဉ်း တွေအတိုင်း ခွင့်ပြုပေးသွားမှာဖြစ်ပြီး စွမ်းဆောင်ရည်ကို ကတော့ပြိုင်ကား ကွင်းထဲရောက်မှသာ သက်ဆိုင် ရာ Class အလိုက် အဆုံးအဖြတ်ပေးသွားမှာပါ။ အခုလို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ညီစေဖို့ အတွက် BMW ကလည်း အခု ကားသစ်မှာ အီတလီရဲ့ Dallara ဆီက Chassis ကို သုံးပေးထားပြီး အလေးချိန်က လည်း ၂,၂၇၀ ပေါင် ရှိရမယ်လို့ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်ပိုင်းကလည်း V8 Hybrid ဖြစ်ရမှာဖြစ်ပြီး အမြင့်ဆုံး စွမ်းဆောင်ရည် ကလည်း 670 hp အထိကို ရှိနေရမှာပါ။

Photo Credit: MotorAuthority

BMW M ကတော့ LMDh ကား ကမ်ပိန်းကို BWM အသင်း RLL လက်အောက်မှာ ရှိတဲ့ အမေရိကရဲ့ Rahal Letterman Lanigan Racing ပြိုင်ကား အဖွဲ့နဲ့ ပွဲထုတ်လာမယ်လို့ သိရပါတယ်။ အဓိက ရည်မှန်း ချက်ကတော့ 2023 SportsCar Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပြီး RLL Racing ရဲ့ ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ Bobby Rahal က အခုအဖွဲ့ကို ဦးဆောင်လာမှာပါ။ ဒါ့အပြင် သူ့အနေနဲ့ BMW M တွေရဲ့ Project Leader ဖြစ်သူ Maurizio Leschiutta နဲ့လည်း ပူးတွဲလုပ်ဆောင် သွားဖို့ရှိနေ ပါတယ်။ အခု LMDh ပြိုင်ပွဲကြီး ဆီကိုတော့ အခြားနာမည်ကြီးကား ကုမ္ပဏီတွေဖြစ်ကြတဲ့ Alpine ၊ Audi ၊ Cadillac နဲ့ Porsche တို့လည်း ပါဝင်ဆင်နွှဲကြမှာဖြစ်ပြီး Ferrari ၊ Glickenhaus နဲ့ Toyota တို့ ကတော့ LMH ပွဲကြီး ဆီကို ဝင်ခွင့်ရထားပြီးပါပြီ။ Lamborghini ဆိုရင်လည်း လာမယ့် ၂၀၂၄ LMDh ပွဲကြီးဆီမှာ စတင် ယှဉ်ပြိုင် လာတော့မယ်လို့ အတည်ပြုထားပါတယ်။ အဆိုပါ LMDh ပွဲရဲ့ ပထမဆုံး‌သော ပြိုင်ပွဲကို တော့ လာမယ့် ၂၀၂၃ ဇန်နဝါရီ လမှာပဲ Daytona  ၂၄ နာရီကြာပြိုင်ပွဲနဲ့ စတင်လာတော့မှာပါ။ ပြိုင်ပွဲက တော့ 2023 Sports Car Championship ပွဲကြီး ရဲ့ ပထမဆုံးသော အဖွင့် Round အနေနဲ့ ယှဉ်ပြိုင်လာ မှာဖြစ်လို့ အကြိတ်အနယ် ရှိ နေမှာတော့ သေချာပါတယ်။

Ref: MotorAuthority