BMW M 240i ကား အမျိုးအစားကိုမှ Rear-Wheel Drive စနစ်နဲ့ မောင်းလို့ရမယ့် ကားမျိုးကွဲသစ်ကို ကားချစ်သူ အတော်များများ မျှော်လင့်နေခဲ့ ကြတာပါ။ အခုဆိုရင် အဆိုပါ ဆန္ဒတွေ ပြည့်လာတော့မယ်လို့ ယူဆရပြီး ဥရောပ ဈေးကွက် အတွက် အဆိုပါကားကို လာမယ့်နွေမှာပဲ စတင် ထုတ်လုပ်လာတော့မှာ ဖြစ်ကာ နောက်ပိုင်း မကြာမီမှာပဲ အမေရိက ဈေးကွက် အထိ ရောက်‌လာတော့မယ် လို့ ခန့်မှန်း ရပါတယ်။ အဆိုပါ ကားမှာ တော့ 374 hp နဲ့ 369 lb-ft Torque အထိ စွမ်းဆောင်နိုင်တဲ့ 3.0 Liter Inline-Six Engine ကိုပဲ ဆက်သုံးလာနိုင်ပေမယ့် Eight-Speed Automatic Transmission ဂီယာကတော့ ဒီကား အတွက် သီးသန့် ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း Manual ဂီယာ ကိုတော့ နောက်ပိုင်း ထွက်လာမယ့် M 2 မှသာ ပြန်လည် မျှော်လင့်နိုင် လောက်ပါတယ်။ လက်ရှိမှာတော့ BMW က 2 Series တွေ အတွက် Manual Gearbox ရွေးချယ်ခွင့် မပေးထားသေးပဲ တစ်ချို့သော 2 Series Model အနိမ့်တွေ အပါအဝင် အခြားသော ကားတွေမှာ ဆိုရင်လည်း Manual ဂီယာ မရသေးတာကြောင့် စွမ်းဆောင်ရည်ပိုင်း အပြိုင် အဆိုင်ဆိုရင် တော့ ဂီယာအပိုင်းမှာ အနည်းငယ် လေးအားနည်း နေသယောင် ရှိနိုင်ပါတယ်။

Photo Credit: CARBUZZ

အခု ကားသစ်က Rear-Wheel Drive ဖြစ်ပြီး Manual ဂီယာ မပါတာတောင်မှ သာမန် M 240i ရဲ့ စွမ်း ဆောင်ရည် လောက်ကို ကောင်းတဲ့ အနေအထား ဖြစ်နိုင်ပါတယ်။ BMW ရဲ့ အဆိုအရတော့ အခုကားက တစ်နာရီ ၆၂ မိုင် နှုန်း အထိ အရှိန်တင်နိုင်ဖို့ ၄.၇ စက္ကန့်ပဲ အချိန်ယူရမှာဖြစ်ပြီး All-Wheel Drive ကား ထက် တစ်စက္ကန့် လောက်ပဲ နောက်ကျတဲ့ သဘော ဖြစ်ပါတယ်။ ဒါ့အပြင် M240i xDrive ကားဆိုရင် လည်း ပုံမှန်အားဖြင့် BMW ရဲ့ စွမ်းဆောင်ရည်ပိုကောင်းစေတဲ့ စက်ပစ္စည်းတွေထပ်ထည့် ပေးထားသေးတာ ကြောင့် အခု Rear-Wheel Drive ကားကလည်း ကြေညာထားတာထက် ပိုလို့တောင် မြန်ဆန် လာနိုင်ပါ သေးတယ်။ M 240i xDrive ကားကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နှောင်းပိုင်း လောက်ကမှ စတင်ရောင်းချခဲ့တာ ဖြစ်ပြီး ကားအလေးချိန်ကလည်း အတော်လေးကို ပေါ့ပါးတာဖြစ်ကာ All-Wheel Drive စနစ်ကိုမှ ဘယ်လို လမ်းမျိုးကိုမဆို မောင်းနိုင်တဲ့ All Weather စနစ်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ကားက အတော်လေး မြန်ဆန်သလို သာမန်နေ့စဉ် သွားလာနေကြ ယာဉ်မောင်းတစ်ယောက် အတွက် ဆိုရင် လိုတာထက်တောင် ပိုနေနိုင်ပါသေးတယ်။

Photo Credit: CARBUZZ

အမေရိက ဈေးကွက် ထဲမှာတော့ BMW က 2 Series ကားတွေကို Coupe အနေနဲ့ရော Grand Coupe အနေနဲ့ပါ ကိုယ်ထည် ပုံစံ ၂ မျိုးနဲ့ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ Gran Coupe Design မှာဆိုရင် အမိုး ခပ်လျှောလျှောနဲ့ Hatchback Design တွေ သုံးပေးထားပြီး 228i၊ 228i xDrive နဲ့ M 235i xDrive တွေ ဆိုပြီး ရောင်းချ ပေးနေခဲ့တာပါ။ 2er Coupe တွေ အနေနဲ့ ဆိုရင်တော့ 230i နဲ့ M 240i xDrive တွေဆိုပြီး ရွေးချယ်လို့ ရအောင် ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပ ဈေးကွက်ထဲမှာတော့ အဆိုပါ 2 Series ကိုပဲ Gran Tourer ရဲ့ Specs တွေ အတိုင်း ဝယ်လို့ ရသေးသလို အမေရိကမှာ ဆိုရင်တော့ အဆိုပါ ကားသာ ရှိခဲ့မယ်ဆိုရင် Compact Minivan အဆင့် လောက် ရောက်သွားမှာပဲ ဖြစ်ပါတယ်။ All-Wheel Drive စနစ် ပါလာရင်တော့ ပိုပြီးလည်း ဈေးကြီးသလို ပိုပြီးလည်းလေးတဲ့ ကားတစ်စီး ဖြစ်သွားမှာ ဖြစ်ပေ မယ့် စွမ်းဆောင်ရည်ပိုင်းအရလည်း ပိုမြန်တဲ့ ကားတစ်စီး ဖြစ်လာတယ် ဆိုတာကို xDrive ကားမျိုးကွဲက သက်သေပြထားခဲ့ပြီး ပါပြီ။ အဆိုပါ All-Wheel Drive Version ကားကိုတော့ အမေရိက ဈေးကွက်ထဲမှာ ဆိုရင် $ 49,545 နဲ့ ရောင်းချနေပြီး အခု အသစ်ရောက်လာဦးမယ့် Rear-Wheel Drive Version ဟာ ဆိုရင် အဆိုပါ ‌တန်ကြေးရဲ့ အောက်လောက်မှာပဲ ရှိလာဖို့ များပါတယ်။

Ref: carbuzz.com