BWM i4 ဆိုတာက တကယ်တော့ အောင်မြင်တဲ့ ထုတ်ကုန် Brand တစ်ခု ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အပြစ်အနာအဆာ ကင်းကင်းတော့ ဖြစ်မလာခဲ့ပြန်တာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ ၊ မြူးနစ်ကနေ ထုတ်လုပ်ပေးလိုက်တဲ့ အဆိုပါ အမျိုးအစား တစ်ချို့ ကားတွေမှာ ဆိုရင်တော့ အရေးကြီးတဲ့ ဘက်ထရီ အပိုင်းတွေ တပ်ဆင်မှုမှာ Crash Pads တွေ မူမမှန်ခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါ Pads တွေကတော့ မီးအားမြင့် တက်တာမျိုး ဖြစ်လာရင် Short Circuit တွေ မဖြစ်ဖို့နဲ့ မီးထလောင်တာမျိုးတွေ မဖြစ်နိုင်အောင် ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကတော့ အခုလိုမျိုး အမှားအယွင်းတွေ ရှိခဲ့တာကြောင့် ကားတွေအတွက် အခြေခံလိုအပ်ချက်တွေ မပြည့်မစုံ ဖြစ်သွားတာ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

သတင်းတွေ အရတော့ လက်ရှိ အမှားအယွင်းမှာ အကျိုးသက်ရောက်မှု ရှိနေတဲ့ ကားမော်ဒယ်တွေကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁၅ ရက်နေ့ ကနေ နိုဝင်ဘာ လ ၃၀ ရက်နေ့ အတွင်း ထုတ်လုပ်ခဲ့တဲ့ ဒိန်းမတ် ၊ ပိုလန်နဲ့ ဆွီဒင် ဈေးကွက်တွေထဲက ကားတွေ ဖြစ်တယ်လို့ သိရ ပါတယ်။ ဒါကြောင့် လက်ရှိ အဆိုပါဈေးကွက်ထဲက i4 ကားတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့အတွက် အကြောင်းကြားကာ စတင် သိမ်းဆည်း တော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ရဲ့ 83.9 kWh Battery ကိုတော့ ကားရဲ့ အောက်ဘက် ကြမ်းပြင်နားမှာကပ်ကာ ဒီဇိုင်းဆွဲထည့် ထားတာ ဖြစ်ပြီး အထူးသဖြင့်တော့ Chassis ပိုင်းပိုကောင်းအောင် အဓိက ရည်ရွယ်ထားတာပါ။ ဒါတင်မကသေးပဲ အဆိုပါ ဘက်ထရီ နဲ့ ပတ်သက်လို့ နောက်ထပ် ထူးခြားချက်ကတော့ ဘယ်လို ရာသီဥတု အခြေအနေမျိုးမှာမဆို အားသွင်းရာမှာ အဆင်ပြေအောင်လို့ ရည်ရွယ် ပြီး အပူအအေး ကြိုတင်သိရှိ ထိန်းချုပ်နိုင်မှုတွေကိုပါ ထည့်ပေးထားသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဘက်ထရီ အစိတ်အပိုင်းတွေ အကုန်လုံးကို ထိခိုက်မိမှုတွေ ကနေ ကာကွယ်နိုင်အောင် သေချာပေါက် သေချာကာရံ ပြင်ဆင်ပေးထားမှာ ဖြစ်တယ် ဆိုတာကတော့ ပြော စရာမလိုလောက် အောင်ပါပဲ။

Photo Credit: CARBUZZ

အဆိုပါ လျှပ်စစ် ကားကတော့ အမေရိက ဈေးကွက်ထဲမှာလည်း အတော်ကို လူကြိုက်များခဲ့ကြတာ ဖြစ်ပြီး စိတ်သက်သာ ရာရစေမယ့် တစ်ချက်ကတော့ အခု Error ကြောင့် ပြန်သိမ်းရမယ့်အထဲ အမေရိက ဈေးကွက်ထဲက ကားတွေ မပါဝင်တာပဲ ဖြစ်ပါတယ်။ စတင် ထွက်ရှိ လာတုန်းကတည်းက အမေရိက ဈေးကွက်မှာတင် အကြိုမှာယူမှု ပေါင်းက 2,095 ခု အထိ ရှိခဲ့ပြီး iX Model တွေဆိုရင်လည်း 952 စီး အထိကို ကြိုမှာ ခဲ့ကြပါတယ်။ လက်ရှိ မှာ SUV တွေ ကောင်းကောင်း လွှမ်းမိုးနေတဲ့ ကားလောကထဲ အခုလို Sedan လျှပ်စစ် ကားတစ်စီး နေရာရလာတာ ကတော့ ထူးခြားတဲ့ ဖြစ်ရပ်လို့တောင် ဆိုလို့ရနိုင်ပါတယ်။ အခုလို ရောင်းကောင်း နေခဲ့တာကတော့ BMW CEO Oliver Zipse က ပြောကြားထားခဲ့တဲ့ အတိုင်း တကယ်ကို အောင်မြင်ခဲ့တာဖြစ်ပြီး လပေါင်းများစွာ အကြာကတည်းကကို ရောင်းကုန်သွားခဲ့တာ ပါ။ လက်ရှိ မှာဆိုရင်တော့ နောက်ထက် ဝယ်လိုအား အများအပြား တက်နေတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပြီး စက်ရုံတွေမှာ လိုအပ် သလောက် ထုတ်လုပ်ပေးနိုင်ဖို့အတွက် ဝန်နဲ့အား မမျှဖြစ်နေတာ ကြောင့်ပါ။ ဒါပေမယ့် နောက်ပိုင်း ဝန်ထမ်းတွေကတော့ အခုကားတွေရဲ့ ဘက်ထရီ Crash Pads တွေကို ဂရုတစိုက် တပ်ဆင်ပေးဖို့ အတွက် ပိုပြီး သင်ကြားပေးဖြစ်တော့မှာ သေချာနေပါပြီ။

Ref: carbuzz.com