ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် တုန်းက BMW M4 Competition Project မှာ အတူလက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ BMW နဲ့ Kith ကုမ္ပဏီတို့တော့ အခုတစ်ခေါက်မှာလည်း အလန်းစား Project တစ်ခုအတွက် ပူးပေါင်းလိုက်ပြန် ပါပြီ။ အဆိုပါ ပူးပေါင်းမှုကတော့ BMW ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကား i4 M50 ကားကို လုံးဝဖက်ရှင်ကျ လှပနေအောင် အထူးထုတ် အနေနဲ့ အလှဆင်ပေးဖို့ပဲ ဖြစ်ပါတယ်။ အဆိုပါကားကို အလှဆင်ပြီးရင် ဖြစ် လာမယ့် ပုံစံလေးကိုလည်း Kith ကုမ္ပဏီရဲ့  Founder နဲ့ ဒီဇိုင်နာဖြစ်သူ Ronnie Fieg က အကြိုချပြလာခဲ့ပါတယ်။ ကားရဲ့ အပြင်ဘက်မှာတော့ သီးသန့်အရောင်ဖြစ်တဲ့ Vitality Green ဆိုတဲ့ အစိမ်းရင့်ရောင်ကို သုံးပေးထားပြီး “KITH” ဆိုတဲ့ စာသားလေးတွေကိုလည်း ကားရဲ့ အနောက်ဘက်ဘန်ဘာမှာ i4 ရဲ့ မူလ M တံဆိပ်‌နဲ့ အတူတူ ထည့်ပေးထား ပါသေးတယ်။ ‌အသေးစိတ် ကြည့်မယ်ဆိုရင် Kith ရဲ့ အစိမ်းရောင် Logo အဝိုင်းလေးကိုပါ ကားစက်ဖုံးပေါ်မှာ ထည့်ပေးထားတာ မြင်ရပါလိမ့်မယ်။

Photo Credit: motor 1.com

အတွင်းခန်းက လယ်သာသားတွေကို ဆိုရင်လည်း Light Caramel အရောင် နဲ့ BMW ရဲ့ သီးသန့် Merino Design တွေ ကို သုံးပေးထားတာပါ။ Kith ကတော့ အဆိုပါ ကားတွေရဲ့ Center Console နဲ့ Headrest ‌တွေနေရာမှာ Line ခပ်ကြွာကြွားလေးတွေ ထည့်ပေးထား ပါတယ်။ ဒါ့အပြင် သောက်စရာ ခွက်ထည့်မယ့်နေရာနဲ့ ခရီးသည်ရဲ့ ဘေးဘက် Dashboard တွေမှာ Kith Exclusive Edition ဆိုတဲ့ လေဆာစာသားလေး ကိုလည်း ထွင်းပေးထားသေးတာ တွေ့ရပါတယ်။ ကုမ္ပဏီ ၂ ခု အကြား အခုတစ်ခေါက် ပူးပေါင်း လုပ်ဆောင်မှုတွေ ထဲမှာတော့ 1972 ခုနှစ်ထုတ် BMW 1602 ဆိုတဲ့ တစ်စီးတည်းသော အထူးထုတ်ကားကို Fieg ရဲ့ ဘက်ထရီနဲ့ Elektro ဆိုတဲ့ လျှပ်စစ်ကားအဖြစ် အသွင် ပြောင်းတာလည်း ပါဝင်သေးတာ ဖြစ်ပါတယ်။ အဆိုပါ တစ်စီးတည်းသော လျှပ်စစ်ကားကတော့ မြူးနစ်မြို့မှာ ကျင်းပ ခဲ့တဲ့ ၁၉၇၂ အိုလံပစ် ဂိမ်းပြိုင်ပွဲကြီး မှာ ချပြခဲ့တဲ့ 1602 ဆိုတဲ့ လျှပ်စစ်ကား ၂ စီးကို ဂုဏ်ပြုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခုပူးပေါင်း ဖန်တီးထားတဲ့ BMW i4 M50 ကားတွေကိုတော့ ဈေးကွက်ထဲ ထိခွင့်ရဖို့တောင် မလွယ် လောက်ပါဘူး။ အကြောင်းကတော့ BMW နဲ့ Kith တို့က အဆိုပါ ကားတွေကို လုံးဝသီးသန့်အနေနဲ့ အစီးရေ ၇ စီးပဲ ထုတ်လုပ်ပေးမှာဖြစ်ပြီး ဈေးကိုလည်း မသတ်မှတ်ထားပဲ ပထမဆုံး တစ်စီးဆိုရင် လေလံပွဲ တစ်ခုကို ရောက်ပြီ လို့တောင် သိရပါတယ်။ ဒါပေမယ့် အဆိုပါ ကုမ္ပဏီ ၂ ခု ရဲ့ ပူးပေါင်းလက်ရာတွေကို လိုချင်သေးတယ် ဆိုရင်တော့ ဒီထက် ပိုဈေးသက်သာတဲ့ ပစ္စည်းတွေ ရှိပါသေးတယ်။ အဲ့ဒါကတော့ အဝတ်အစားကုမ္ပဏီ ဖြစ်တဲ့ Kith ရဲ့ ထုတ်ကုန် အဝတ်အထည်တွေ ၊ Accessories တွေနဲ့ အခြားသော BMW နဲ့ ပေါင်းထုတ်ထားပြီး Kith Vitality Green အရောင် အရသာ လေးတွေလည်းပါမယ့် ပစ္စည်း ၅၁ မျိုးအထိကို သီးသန့် ရောင်းပေးဦးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

Ref: motor 1.com