BMW i3 လျှပ်စစ် Hatch ကား ကို ဆက်လက် မထုတ်လုပ်တော့ ပေမယ့်လည်း  3-Series ရဲ့ Electric Version အဖြစ် ကို‌‌ တော့ ကူးပြောင်း ထုတ်လုပ်လာပြီ ဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်သွားပါ တယ်။ ယခင် 3-Series ကား‌တွေကို အဆင့်မြှင့်ထားတဲ့ i3 ကားအမျိုးအစားအသစ်ကိုတော့ ဒီနှစ်ကုန်ပိုင်း လောက်မှာ 2023 မော်ဒယ် အနေနဲ့ တရုတ် ဈေးကွက်မှာပဲ အထူး သီးသန့်ရောင်းချသွားမှာ ဖြစ်ပါတယ်။ i3 ကားတွေကို  China မှာပဲရတဲ့ 3-Series ဘီးအမြင့်ကား ကိုယ်ထည်တွေကို အခြေခံ ထုတ်လုပ်သွားမှာ ဖြစ် ပါတယ်။ BMW အနေနဲ့တော့ နောက်ထပ် ဈေးကွက်တွေ အတွက် သာမန် ဘီးအနေအထားနဲ့ကားတွေကို ထုတ်လုပ်သွားမှာလား ဆို‌တာတော့ မထုတ်ပြန် သေးပါဘူး။

Photo Credit: MotorAuthority

i3 ကတော့ Single i3 eDrive 35L အဆင့်ကို ပုံစံယူ ထုတ်ထားတာ ဖြစ်ပါတယ်။ သူ့ပုံစံကတော့ အနောက် ဝင်ရိုးမှာ မော်တာ တစ်ခုပါပြီး စွမ်းဆောင်ရည် အနေနဲ့ 281hp ၊ 296  lb-ft Torque အထိ ရှိမှာ ဖြစ်ကာ  ၆.၂ စက္ကန့်အတွင်း အရှိန် 0-62 mph အထိ တင်နိုင်မှာပါ။ ဘတ်ထရီ အနေနဲ့ကတော့ တစ်နာရီ 70.3-KW ယူနစ် ဖြစ်တာကြောင့် လုံလုံလောက်လောက် ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အဆိုပါ i3 ကား‌တွေကို ထုတ် လုပ်မှာကတော့ BMW နဲ့ သူ့ရဲ့ ပါတနာ ဖြစ်တဲ့ Northeast China မှာရှိတဲ့ Shenyang မြို့ Brilliance Automobile စက်ရုံ မှာပဲ ဖြစ်ပါတယ်။ April’s Auto China 2022 ပေကျင်း ပြပွဲမှာ အဆိုပါကားတွေကို စတင်  မိတ်ဆက်ပြီး မေလ ထဲမှာတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ အခိုင်အမာ တွက်ဆထားပါတယ်။

Photo Credit: MotorAuthority

လျှပ်စစ်ကားတွေကို ခေတ်မှီဈေးကွက်တွေမှာ လွှမ်းမိုးလာ‌နိုင်တဲ့ ယာဉ်အမျိုးအစားတွေ ဖြစ်အောင် ဦးတည် ထားတာ‌ ကြောင့် BMW အနေနဲ့က သူ့ရဲ့ အရင်အစီအစဉ်ဖြစ်တဲ့ i3 လို EVs တွေ ၊မကြာသေးခင်က ပြေးဆွဲ ခဲ့တဲ့ 2022 iX တွေကို ခဏဘေးချိတ် ထားရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအစား ကုမ္ပဏီ ဘက်ကတော့  လျှပ်စစ် ဓာတ်အားသုံး အင်ဂျင်‌တွေ ဘက်ကို အဓိကအနေနဲ့ စံယူ ထုတ်လုပ်‌လာနေတာပါ။ ပထမဆုံးကတော့ BMW X3 ကို အခြေယူထားတဲ့ iX3 တွေကို U.S ရဲ့ ပြင်ပမှာ ရောင်းချခြင်းပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ 4-Series ကိုအခြေခံယူထားတာတဲ့ i4 ကားတွေ ၊  X1 ကို ဒီဇိုင်းပြန်ဆန်းသစ်ထားတဲ့ လျှပ်စစ်ကား ဗားရှင်း တွေ နဲ့ အတူ 5-Series တို့  7 – Series တို့လည်း ဖန်တီး နေတာ မြင်တွေ့ ထားရပါတယ်။ The Mini နဲ့ Rolls-Royce Brands တွေပါဝင်တဲ့ BMW ကထုတ်လုပ်ရေး လုပ်ငန်းကြီး ကတော့ ၂၀၂၃ မှာ အဓိက အား ဖြင့် လျှပ်စစ်ကား  အနည်းဆုံး ၁၃ စီး အထိ ထုတ်လုပ်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီ ဘက် ကတော့ လာမယ့် 2030 အရောက်မှာ လျှပ်စစ်ကားတွေကို ကမ္ဘာအနှံ့ 50% အထိ ရောင်းချနိုင်ဖို့ ရည်ရွယ် ကြောင်း ပြောကြားထားတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority