BMW ကတော့ i3 ကားနဲ့ ဈေးကွက် အောင်မြင်မှုတွေ ရလာအပြီးမှာ အလားတူ အချိုးအစားနဲ့ပဲ ကားသစ် ၂ မျိုးကို အခု လာမယ့်နှစ် အပိုင်းအခြားတွေမှာ စတင် ထုတ်လုပ်ပေးဖို့ ပြင်ဆင်နေပါပြီ။ လာမယ့်နှစ်တွေ မှာ ဆိုပေမယ့်လည်း i1 Model ကို ၂၀၂၇ နဲ့ i2 Model ကို ၂၀၂၈ အရောက်မှ မိတ်ဆက်မှာ ဖြစ်လို့ အချိန်တော့ ကြာဦးမှာပါ။ ဒါပေမယ့် အဆိုပါ လျှပ်စစ်ကား ၂ မျိုးပြီးရင် အနောက်မှာ ဆက်တိုက် ထွက်လာဦးမယ့် EV တွေက များနေတာကြောင့် အခု မော်ဒယ် ၂ မျိုးကတော့ BMW အတွက် အတော်အရေးပါနေပါတယ်။ i3 ကားနဲ့ မတူတဲ့တစ်ချက်ကတော့ အဆိုပါ နှစ်စီးလုံးမှာ Rear-Wheel Drive စနစ်ရလာမှာပါ။ Bimmer Post ရဲ့ သတင်းတွေ အရတော့ အခု ကားသစ်တွေမှာ Neue Klasse Platform ရဲ့ Front-Wheel Drive Version ကို အသုံးပြုလာနိုင်ပြီး လျှပ်စစ်မော်တာ ၂ လုံးတပ် All-Wheel Drive Version တွေကိုလည်း ထုတ်လုပ်ပေးလာနိုင် သေးတယ်လို့ သိရပါတယ်။ သေချာတာကတော့ လာမယ့် ၂၀၂၇ မှာ ထွက်လာဖို့ ရှိနေတဲ့ နောက်ထပ်ကားသစ် iX1 မတိုင်ခင်မှာ အခုကားသစ် ၂ မျိုးကို အရင်ဆုံး မြင်လာရဖို့ ရှိနေပါပြီ။

 

Photo Credit: InsideEvs

လက်ရှိ iX1 ကားကတော့ 1 Series နဲ့ Mini ကားတွေမှာ သုံးထားတဲ့ Platform တွေအတိုင်း ထုတ်လုပ်ထား ပါတယ်။ ဒါပေမယ့် အခု အနေအထားတွေက Neue Klasse Platform ရောက်လာတာနဲ့ အားလုံး ပြောင်းလဲကုန်မှာ ဖြစ်ပြီး အဆိုပါ Platform အသစ်နဲ့ဆိုရင် BMW ရဲ့ Bespoke EV Architecture လည်း ဖြစ်လာတာကြောင့် Front-Wheel Drive ၊ Rear-Wheel Drive နဲ့ All-Wheel Drive စနစ် တွေအထိ အမျိုးစုံအောင် ဖန်တီးလာနိုင်တော့မှာပါ။ အဆိုပါ Platform အသစ်ကိုတော့ လာမယ့် ၂၀၂၅ မှာ 3 Series Electric Sedan တွေနဲ့ စတင်ပွဲထွက်လာမှာဖြစ်ပြီး SUV Version အနေနဲ့တောင် တစ်နှစ်ထဲ ထွက်ကောင်း ထွက်လာ နိုင်ပါသေးတယ်။ လက်ရှိမှာ BMW ကတော့ ICE အင်ဂျင်ကိုပဲ အခြေပြုထားသေးတဲ့ လျှပ်စစ်စွမ်းအင် ပေါင်းစပ်ကားတွေကို ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် iX1 ၊ i3 Sedan နဲ့ i4 တွေ ဖြစ်ကာ သိသိသာသာ ကွဲပြားနေတာကတော့ Bespoke EV Platform တစ်ခုပေါ်မှာ သီးသန့် ဖန်တီးထားတဲ့ iX ကား အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါကား Platform ကလည်း Hybrid အနေနဲ့ သာ သုံးထားသေးတာကြောင့် အသစ်ထွက်လာမယ့် Neue Klasse Platform လောက်တော့ ပြီးပြည့်စုံမှု မရှိသေးပြန်တာပါ။

Photo Credit: InsideEvs

မနှစ်ကတည်းက သတင်းတွေ ထွက်နေခဲ့တာကတော့ BMW ကလည်း Entry-Level EV အသစ်တွေ ထုတ်လုပ် ရောင်းချပေးမယ် ဆိုတာပါပဲ။ အစပိုင်း မသေချာ သေးပေမယ့်လည်း အခု ကားသစ် ၂ မျိုးအတွက် အတည်ပြုချက် တစ်ချို့အရ ဆိုရင်တော့ BMW ဟာ Entry-Level EV ကားသစ် နှစ်မျိုးကို Neue Klasse Platform အသစ်ရဲ့ ပွဲဦးထွက် ကားတွေအနေနဲ့ပါ တစ်ပါတည်း ပွဲထုတ်လာနိုင်ဖို့ များနေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါ i1 နဲ့ i2 ကားတွေရဲ့ ကိုယ်ထည် အနေအထားက ဘယ်လိုပုံမျိုးလဲ ဆိုတာ မသိနိုင်သေးပေမယ့် သေချာတာကတော့ မနှစ်က မြင်ခဲ့ရတဲ့ i Vision Circular Concept အတိုင်း နီးစပ်လာ နိုင်ပါတယ်။ အဆိုပါ Concept ကားသာ တကယ်တမ်း ဟုတ်လာမယ် ဆိုရင်တော့ i1 ကားဖြစ်လာနိုင်ပြီးထုတ်လုပ်ဖြစ်မယ့် အဆင့်မှာ ဆိုရင်တော့ ဒီလောက်အထိ ပုံစံတွေကို တကယ် သုံးလာ ပါ့မလား စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် လက်ရှိ 1 Series နဲ့ 2 Series Gran Coupe တွေလိုမျိုး အဆိုပါ i1 နဲ့ i2 တွေကလည်း တစ်စီးက Hatchback ၊ တစ်စီးက Sedan ဖြစ်လာမလားဆိုတာ စဉ်းစားကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း လက်ရှိ ကားမော်ဒယ်တွေနဲ့ ဒီဇိုင်းပိုင်းလုံးဝကွဲထွက်မသွားနိုင်သေးတဲ့ iX 1 ကိုပါ အဆိုပါ ကာလလောက်မှာ မိတ်ဆက်လာဖို့ စီစဉ်နေသေးတာကြောင့် နောက်ထပ် Crossover လို ကားပုံစံတစ်မျိုး ကိုအဆိုပါ ကားသစ် ၂ မျိုးထဲ ထပ်မထည့်လောက်ဘူးလို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs