အွန်လိုင်းက ကားအရောင်းအဝယ် လုပ်တဲ့ ဓလေ့ကတော့ တစ်ပတ်ရစ် ကားဈေးကွက် တွေထဲမှာ ပေါ်ပေါက် နေတာ နှစ် အတော်တောင်ကြာနေခဲ့ပြီ ဖြစ်ပြီး အခုဆိုရင်တော့ ကားသစ် ဈေးကွက်ထဲကိုပါ တဖြည်းဖြည်း စတင်ပျံ့နှံလာ နေပါပြီ။ အသေးစိတ် အချက်အလက်တွေနဲ့ အတူ ပိုင်ရှင်ကိုယ်တိုင် ကား တစ်စီးလုံးကို ကြည့်ဝယ်ရတာတွေနဲ့တော့ အတော်လေး ကွဲပြားတာ မှန်ပေမယ့် ကားကုမ္ပဏီ အတော်များများ ကလည်း ဒီဂျစ်တယ်စနစ်နဲ့ ကားရောင်းတာကို ဖန်တီးလာနေကြပါပြီ။ ဒီထဲမှာတော့ နာမည်ကြီး BMW တို့လည်း အပါအဝင်ဖြစ်ပြီး သူတို့ရဲ့ ကားရောင်းအား စုစုပေါင်း ရဲ့ တစ်စိတ်တစ်ပိုင်းကို အွန်လိုင်းကနေ အကျိုးအမြတ် ရနိုင်ဖို့ အတွက် စတင်ရည်မှန်းလာပြီပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ ရည်မှန်းချက်က အခုဆယ်စုနှစ် အလယ် ၂၀၂၅ အရောက် မှာ ကုမ္ပဏီရဲ့ ရောင်းအား စုစုပေါင်း ၂၅ % ကို အွန်လိုင်းကနေ ရောင်းချနိုင်ဖို့အထိ ပစ်မှတ်ထားနေတာ ဖြစ် ပါတယ်။ Forbs က ဖော်ပြထားတဲ့ ဆောင်ပါး အသစ်တစ်ပုဒ်ထဲမှာ ဆိုရင်တော့ BMW ရဲ့ အဆိုပါ အွန်လိုင်း ကားအရောင်း အပိုင်း တွေ အကြောင်းကို အသေးစိတ် ဖော်ပြပေးထားပြီး ဒီထဲမှာတော့ Adobe ဆီကနေ လည်း အချက်အလက် စီမံခန့်ခွဲမှု အပိုင်းတွေအတွက် အကူအညီတွေ ရယူထားတယ်လို့ သိရပါတယ်။ အဆို ပါ နည်းပညာကုမ္ပဏီကလည်း BMW ရဲ့ အွန်လိုင်း ကားအရောင်း လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ Digital အတွေ့အကြုံတွေ ၊ စာရင်းဇယားတွေ အဆင်ပြေအောင် ကူညီ ပေးသွားမှာပဲ ဖြစ်ပါတယ်။ BMW ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Jens Thiemer ကလည်း ဝယ်ယူသူ စုစုပေါင်း ရဲ့ ၃ ပုံတစ်ပုံလောက်က အွန်လိုင်းကနေ ဝယ်ယူနိုင်ဖို့ကို မျှော်လင့်နေခဲ့ကြတာဖြစ်တယ်လို့လည်း  ဆိုထားပါတယ်။ ဒါ့အပြင် ၎င်းက တစ်ဆင့်ခံ ရောင်းချတဲ့ အရောင်းကိုယ်စားလှယ် တွေနဲ့လည်း သေချာတိုင်ပင်ကာ အခုကိစ္စကို စီစဉ် ရမှာ ဖြစ်တယ်လို့ ဆိုထား ပါသေးတယ်။ အခုလိုမျိုး အွန်လိုင်း အရောင်းပိုင်းကို ချဲ့ထွင်လိုက်တာက ပုံရိပ်ယောင် စနစ် နဲ့ ကား ကို စမ်းသပ် မောင်းနှင်တာမျိုး တွေအထိ လုပ်လို့ရနိုင်တယ် ဆိုပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကြီးကိုတော့ အစ အဆုံးအွန်လိုင်းကနေ ပြီးမြောက်ဖို့ ဆိုတာ အနည်းငယ် ခက်ခဲနိုင်ပါသေးတယ်။

Photo Credit: motor 1.com

ဒါ့အပြင် Thiemer က ကုမ္ပဏီရဲ့ အရောင်းကိုယ်စာလှယ်တွေ ဆိုတာကလည်း ကုမ္ပဏီရဲ့ အဓိက မျက်နှာစာ ပဲ ဖြစ်တာ ကြောင့် အဆုံးရှုံး မခံချင် ဖြစ်နေပါသေးတယ်။ ဒါ့အပြင်ကားဝယ်ယူမှု တိုင်းမှာလည်း ဒီဂျစ်တယ် ငွေကြေးစနစ်နဲ့ အမြဲပေးဆောင်နိုင်ဖို့ အတွက်ကိုစီစဉ်နေပြီး အနာဂါတ်မှာလည်း အရောင်းဆိုင်တွေ ထပ်ပြီး တိုးချဲ့သွား ဖို့ရည်ရွယ်ထား သေးတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Customers တွေ စိတ်ကြိုက်ဝယ်ယူ နိုင်ဖို့အတွက် အလားတူ အရောင်း ဆိုင် တွေ ဆိုတာကလည်းလိုကို လိုအပ်နေသေးတာ အသေအချာပဲ ဖြစ် ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရောင်းအား လေးပုံ တစ်ပုံ လောက်ကို အခုလိုမျိုး အွန်လိုင်း အရောင်း စနစ်နဲ့ ဖြစ်ချင်တယ် ဆိုရင်တော့ ‌ကားရောင်းတဲ့ ပုံကိုပါ ပြောင်းပစ် ဖို့ လိုကောင်း လိုနိုင်ပါတယ်။ အကြောင်းက တော့ ဒီဂျစ်တယ် ခေတ်ကြီးထဲမှာ ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးချေမယ်ဆိုရင်တော့ တစ်ချို့သော ကားဈေးနှုန်း တွေ အတက်အကျမမှန်တာ ‌မျိုးတွေနဲ့အတူ အနည်းငယ် အခက်တွေ့နိုင် သေးလို့ ဖြစ်ပါတယ်။ ဒါ့အပြင် BMW အနေနဲ့ Adobe ဆီကနေလည်း အကူအညီများစွာ ရယူကာ အဆင့်မြှင့်တင်မှုတွေ လုပ်ရဦးမှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Customers တွေအနေနဲ့ ကြိုတင်ထုတ်လုပ်နေတဲ့ကားတွေကိုပါ ကြည့်ရှု မှာယူနိုင်တာ မျိုးတွေအထိ လုပ်ကောင်းလုပ်လာ နိုင်ပါတယ်။

Ref: motor 1.com