အမေရိကလို ကားဈေးကွက်ကြီးထဲမှာတောင် Wagon ကားအမျိုးအစားတွေကို BMW တို့ ဆက်ပြီး မထုတ် လုပ်တော့ ပေမယ့် အခုဆိုရင်တော့ V 10 Engine နဲ့ M 5 Touring ကားသစ်ကိုတော့ Wagon အသွင်နဲ့ ဖန်တီးပေးနေတယ်လို့ သိရပါတယ်။ အဆိုပါ စွမ်းဆောင်ရည်မြင့် Wagon ကတော့ လာမယ့် ၂၀၂၄ ထဲမှာ ဈေးကွက်ထဲ ရောက်လာနိုင် ပေမယ့်လည်း BMW ရဲ့ အစီအစဉ် တွေထဲမှာတော့ ဒီကား တစ်စီးတည်း မဟုတ်သေးဘူးလို့ သိလာရပါတယ်။ အထူးသဖြင့် Bimmerpost ရဲ့ သတင်းတွေ အရတော့ မျိုးဆက်သစ် BMW 3 Series တွေမှာ i3 ဆိုတဲ့ လျှပ်စစ် ကားအမျိုးအစား ၂ မျိုး ပါလာမှာ ဖြစ်ပြီး အဆိုပါ ကားတွေက တော့ Sedan တစ်မျိုး ၊ Wagon တစ်မျိုးဖြစ်တယ်လို့ သိထား ရပါတယ်။ ဒါပေမယ့် တရုတ်ဈေးကွက် ထဲမှာ တော့ BMW တို့က i3 Sedan အမျိုးအစားကို ထုတ်ပေးထားပြီး ဖြစ်ပြီး အခု စီစဉ်နေတဲ့ ကားနဲ့တော့ မတူ တာကို သတိပြုရမှာပါ။ အဆိုပါ i3 ကားသစ် တွေကတော့ လက်ရှိ 3 Series တွေရဲ့ နေရာမှာ အစားထိုး ဝင်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပြီး NAO ဆိုတဲ့ Sedan နဲ့ NA1 ဆိုတဲ့ Touring ကားတွေ လည်း နောက်ရ ပါလာနိုင်ပါတယ်။

Photo Credit: CARBUZZ

ဒီကားတွေက မျိုးဆက်သစ်ကားတွေ ဖြစ်တာကြောင့် လက်ရှိ တရုတ်ဈေးကွက်ထဲ မြင်ထားရတဲ့ ကားတွေနဲ့ ရော တူတာတွေ ရှိလာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကားသစ်တွေကိုတော့ မက္ကဆီကိုမှာ ရှိတဲ့ BMW Group ရဲ့ San Luis Potosi ဆိုတဲ့ စက်ရုံမှာ ထုတ်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ 2 Series ကားသစ်တွေကို ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် All Electric iX3 SUV ကိုလည်း  Gas Engine သုံး X3 နဲ့အတူ ပွဲထွက်လာမှာပါ။ ဒါပေမယ့်အဆိုပါ Gas ကားကိုတော့ အမေရိကရဲ့ တောင်ကယ်ရို လိုင်းနားရှိ BMW ပိုင် Spartanburg အခြေစိုက် စက်ရုံမှာ ထုတ်လုပ်သွားမှာပါ။ အဆိုပါ BMW i3 မျိုးကွဲ ၂ မျိုးနဲ့ iX 3 ကားတွေကိုတော့ လာမယ့် ၂၀၂၇ လောက် မှာပဲ တရားဝင် ထုတ်လုပ်လာ‌မှာ ဖြစ်ပြီး အတော် လေးတော့ စောင့်ဆိုင်းရဦးမယ့် သဘော ဖြစ်ပါတယ်။

Photo Credit: CARBUZZ

၂၀၂၇ ဆိုတာ ဟာ အတော်လေး စောင့်ဆိုင်း ရဦးမှာ မှန်ပေမယ့် အဆိုပါ အချိန် ကာလ မတိုင်ခင် BMW ဆီက Wagon အသစ် တွေကို စမြင်လာ ရနိုင်ပါတယ်။ တစ်ခြား သတင်းတွေမှာ လည်း BMW ဟာ i5 လို့ အမည်ရမယ့် Electric 5 Series အသစ် ကို ပါ ထုတ်ပေးဖို့ ရှိနေပြီး Touring Wagon ကိုယ်ထည် လိုမျိုး ဖြစ်လာ မယ်လို့လည်း ဆိုနေကြတာပါ။ အဆိုပါ i5 တွေသာ တကယ်ဆိုရင်တော့ လာမယ့် ၂၀၂၄ မှာ တင် ရောက်လာနိုင်ပြီး i5 ကိုမှ eDrive 40၊ xDrive 40 နဲ့ M 50 တွေ ဆိုပြီး မျိုးကွဲတွေ ထုတ်ပေးလာ နိုင်ပါသေး တယ်။ ဒါပေမယ့် အဆိုပါ ၃ မျိုးထဲမှာ ၂ မျိုးတည်းပဲ i5 Touring အတွက် ဖြစ်လာ နိုင်ပြီး အဓိကကတော့ အဆိုပါ ကားပုံစံ ဆိုရင် Rear Wheel Drive သာ ဖြစ်တာ ကြောင့် eDrive 40 ကို ထည့်စဉ်းစားဖို့ မလို လို့ပါပဲ။ ဒီလို Wagon ကားသစ် တွေ ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ် ကားတွေ အတွက် ဆိုရင်လည်း ပိုအဆင်ပြေမယ်လို့ ခန့်မှန်းရနိုင်ပြီး အထူးသဖြင့် Wheelbase ပိုရှည်လာလို့ ၊ ဘက်ထရီလည်း ပိုကြီးတာ သုံးနိုင်တာ ကိုယ်ထည် ခပ်ပြားပြားကြောင့် Aerodynamic လည်း ပိုကောင်းလာနိုင်တာ ဖြစ်ပါတယ်။

Ref: carbuzz.com