BMW USA အနေနဲ့ Electrify America ဆိုတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ပူးပေါင်းကာ သူတို့ရဲ့ လျှပ်စစ် ကားထုတ် ကုန်တိုင်းကို ၂ နှစ် ဆက်တိုက် မိနစ် ၃၀ အခမဲ့ အားသွင်းခွင့် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ် ကတော့ အခု နှစ်ထဲမှာ ပဲ စတင်တော့မှာဖြစ်ပြီး BMW EV ကားပိုင်ရှင်တိုင်းကတော့ Electrify America ရဲ့ အများပြည်သူပိုင် အားသွင်းနေရာတိုင်းမှာ နာရီဝက်အခမဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အားသွင်း စနစ်ကိုတော့ လာမယ့် မတ်လ လောက်မှာ စတင်မိတ်ဆက်သွားဖို့ ရှိနေပြီး ကား Model အသစ်တွေနဲ့ အတူ မြင်ရနိုင်ပါတယ်။ အဆိုပါ ကားမော်ဒယ်အသစ် တွေ ထဲမှာ ဆိုရင်တော့ BMW iX xDrive 50 ၊ BMW i4 eDrive 40 နဲ့ BMW i4 M50 တို့ ပါဝင်လာဖို့ ရှိနေပါတယ်။ ဒါတင်မကသေးပဲ အဆိုပါ ကားတွေ ကိုဝယ်ယူ မယ့် သူတွေက အမေရိကန်မှာ ဆိုရင်တော့ အမြန်ဆုံး အားသွင်းကွန်ရက်တွေ ကိုလည်း အသုံးပြုခွင့်ရမှာဖြစ် ကာ အဆိုပါ ကွန်ရက်တွေကတော့ နိုင်ငံတစ်ဝန်း အားသွင်း Charger ပေါင်း ၃,၀၀၀ ကျော်နဲ့ လည်ပတ်လို့ နေတာပါ။ အခုနှစ် နှောင်ပိုင်းလောက်မှာတော့ ကုမ္ပဏီအနေနဲ့ နောက်ထပ် လျှပ်စစ် ကားအသစ် တွေအပြင် တစ်ခြားသော လျှပ်စစ်စွမ်းအင်နဲ့ ဆက်စပ်တဲ့ အကျိုး ခံစားခွင့် အသစ်တွေကိုလည်း မိတ်ဆက်ပေးလာဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

Photo Credit: MotorTrend

အဆိုပါ Electrify America ဆိုတဲ့ ကုမ္ပဏီ ကတော့ အမေရိက တစ်လွှားမှာတင် အကြီးမားဆုံးသော အမြန် အားသွင်း ကွန်ရက်ကို တည်ဆောက်ထားနိုင်တာ ဖြစ်ပြီး တစ်နေ့တာမှာ ဆိုရင် 150 kW ကနေ 350 kW လောက် အထိ အမြန် အားသွင်းပေးနိုင်ပါတယ်။ အဆိုပါ ကုမ္ပဏီ မှာတော့ အားသွင်းရုံ ပေါင်း ၈၀၀ အထိ ရှိနေပြီး Ultra-Fast Charger တွေ အနေနဲ့ ဆိုရင်တော့ ၃,၅၀၀ နီးပါး ပမာဏလောက် ရှိနေပါတယ်။ ဒါတောင်မှ နောက်ထပ် အသစ် ဆောက်လုပ်နေတာ တွေ ရှိသေးတာမို့ ကွန်ရက်က ပိုပြီး ကျယ်ပြန့်လာဖို့ပဲ ရှိပါတယ်။ အဆိုပါ ကုမ္ပဏီကတော့ အမေရိက နဲ့ ကနေဒါ နိုင်ငံ ထဲတို့မှာလာမယ့် ၂၀၂၆ အမှီ သူတို့ရဲ့ ကွန် ရက်ကို အားသွင်းရုံ ပေါင်း ၁,၈၀၀ လောက်နဲ့ လည်ပတ်သွားဖို့ စီစဉ်နေတာဖြစ်ကာ အားသွင်းစက် စုစုပေါင်း ၁၀,၀၀၀ လောက် အထိကိုလည်း ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Photo Credit: MotorTrend

BMW ရဲ့ ပြောကြားချက် အရတော့ iX နဲ့ i4 လျှပ်စစ် ကားအသစ်တွေက ၁၀ မိနစ် လောက် အားသွင်းရုံနဲ့ တင် မိုင် ၉၀ ကနေ ၁၀၈ မိုင် လောက် အထိ Range ထပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ အားမလုံ လောက်တော့ဘူးဆိုရင် တော့ မိနစ် ၃၀ အခမဲ့ အားသွင်းခွင့်ရမယ့်အပိုင်း ကတော့ အိမ်အပြန် အတွက် လုံလောက်တာထက်ကို ပိုနေဦးမှာပါ။ တကယ်တော့ လျှပ်စစ်ကားတွေက ဘက်ထရီ ပမာဏ ၈၀ လောက် ရောက်လာတဲ့ အချိန်မှာပိုပြီး အားအမြန် ပိုသွင်းနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘက်ထရီက ကုန်ခါနီးလို့ ပိုအားနည်းလာတယ် ဆိုရင်တောင် နောက်တစ်ကြိမ် အားထပ် မသွင်းမှီ တတ်နိုင်သလောက်တော့ရအောင် ဆွဲဆန့်ပေးထားနိုင်ပါသေးတယ်။ ပိုကောင်းတဲ့ တစ်ချက် ကတော့ အခု လျှပ်စစ်ကားတွေမှာ ကားပိုင်ရှင်တွေ အနေနဲ့ အားသွင်းစရာ နေရာတွေ လမ်းညွှန်တွေကို My BMW နဲ့ Electricfy America Apps တွေကနေ တစ်ဆင့် သေချာကြည့်ရှုနိုင်ဦးမှာပါ။ BMW ကတော့ သူတို့ရဲ့ လျှပ်စစ်ကား ရောင်းအားတွေကို တစ်ကမ္ဘာ လုံး အတိုင်းအတာအနေနဲ့ ၂၀၂၅ ကနေ ၂၀၃၀ အကြားမှာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း အထိ မြင့်တက်လာအောင် စွမ်းဆောင်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ လက်ရှိ ကုမ္ပဏီရဲ့ လျှပ်စစ်ကားတွေ ထဲမှာဆိုရင် တော့ iX နဲ့ i4 ကားသစ် တွေက ဦးဆောင်နေပြီး လာမယ့် ၂၀၃၀ လောက် အရောက်မှာ အဆိုပါ လျှပ်စစ် ကားတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို လမ်းတွေပေါ်မှာမြင်တွေ့ရတော့မှာပါ။

Ref: MotorTrend