လက်ရှိ ကားကုမ္ပဏီ တိုင်းနီးပါးရဲ့ အနာဂါတ် စွမ်းအင်က ဘာလဲလို့ဆိုရင် လျှပ်စစ်လို့ပဲ ဖြေရမယ့်အထိ လျှပ်စစ် ကားတွေကို ရွေးချယ်လာနေကြတာ တွေ့ရပါတယ်။ လျှပ်စစ် ကားကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Rivian ၊ Tesla နဲ့ Lucid တို့အပြင် အခြားသော အဓိက ကားကုမ္ပဏီကြီး တွေကပါ လာမယ့် နှစ်ထောင်နဲ့ ဘယ်နှစ်ခုလောက် ရောက်ရင်တော့ လျှပ်စစ်သီးသန့် ကုမ္ပဏီအဖြစ် ကူးပြောင်းတော့မယ် ဆိုပြီးတော့ကို အပြိုင်အဆိုင် ကြေညာလာနေကြတာပါ။ ဒါပေမယ့်လည်း ဒီ Trend တွေကနေ ကွဲထွက်ထားနိုင်ကြတာ တွေလည်း ရှိနေသေးပြီး ဂျပန် နာမည်ကြီး Honda တို့ ဆိုရင် လာမယ့် ၂၀၃၀ မှာ လျှပ်စစ် ကားကုမ္ပဏီ ဖြစ်တော့မယ်လို့ ပြောထားပေမယ့် လက်ရှိအထိ လျှပ်စစ် ကားတစ်စီး တည်း ထုတ်ထားတာမျိုးတွေ ရှိနေပါ သေးတယ်။ Toyota ဆိုရင်လည်း bZ4X လျှပ်စစ်ကားကို စတင်ချပြထားပေမယ့် အနာဂါတ်မှာ ဟိုက်ဒရိုဂျင် သုံးဖို့ခြေလှမ်းပြင်နေသေးသလို နာမည်ကြီး BMW တို့ကလည်း လျှပ်စစ်တစ်မျိုးတည်းတော့ သုံးမှာ မဟုတ် ဘူးလို့ဆိုထား ပြန်တာပါ။ လက်ရှိမှာ BMW X5 Hybrid နဲ့ BMW iX တို့ကို ချပြထားပေမယ့် အနာဂါတ် မှာ တော့ လျှပ်စစ် တစ်မျိုးတည်းကို အားကိုးမှာ မဟုတ်တဲ့ BMW က အခုဆိုရင် ဟိုက်ဒရိုဂျင် နည်းပညာက ရေရှည် အတွက် အဖြေ ဖြစ်နိုင်သေးတယ်လို့ အခိုင်အမာ ပြောလာခဲ့ ပြန်ပါတယ်။

Photo Credit: CARBUZZ

BMW ရဲ့ အရောင်းနဲ့ ဈေးကွက်ပိုင်းဆိုင်ရာ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ Pieter Nota ကတော့ အနာဂါတ် ဟိုက်ဒရိုဂျင် စီမံကိန်း တွေအတွက် BMW ပါဝင်နေဆဲ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၃ မှာ ချပြမယ် လို့ သတင်းတွေ ထွက်ထားတဲ့ BMW iX5 Hydrogen ကား အကြောင်းက ပိုပြီး လှုပ်လှုပ်ခတ်ခတ် ရှိလာခဲ့ ပြန်ပါပြီ။ Brand အနေနဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်ဆိုတာကို အခိုင်အမာ ကိုင်စွဲ ထားနိုင်ဆဲပေမယ့် အနာဂါတ်မှာ ထုတ်လုပ်တဲ့ အဆင့်သုံးနိုင်မယ့် ဟိုက်ဒရိုဂျင်ကား မြင်ရဖို့တော့ နည်းနည်း ကြာဦးမယ်ဆိုတာ ကိုယ်တိုင် သဘောပေါက်ပုံ ရပါတယ်။ တကယ်လို့ iX5 Hydrogen ကား ထွက်လာခဲ့ရင် တောင် အစောပိုင်းမှာ အများကြီးထုတ်လုပ်ပေးနိုင်ဖို့ မရှိသေးပဲ မီဒီယာတွေဆီ ထုတ်လုပ်ပြတာ ၊ အရေးကြီး ပုဂ္ဂိုလ်တွေနဲ့ သီးသန့် Customers တွေဆီကိုပဲ ရောက်နိုင် လောက်ပါတယ်။

Photo Credit: CARBUZZ

သာမန်ကတော့ ဂတ်စ် စွမ်းအင်နဲ့ပဲ BMW ကို ရှေ့ဆက်သွားစေချင်ကြမှာ ဖြစ်ပေမယ့် မဖြစ်နိုင်တော့တဲ့ အဆုံးမှာ တော့ ဟိုက်ဒရိုဂျင်ကို တန်းပြီး ကူးပြောင်းတာကလည်း အဖြေတစ်ခု ဖြစ်လာနိုင်တာပါ။ ကုမ္ပဏီ ဘက်ကလည်း Hydrogen ကား X5 ရဲ့ ဟိုက်ဒရိုဂျင် ပြန်လည်ဖြည့်တင်းမှုက ၃ မိနစ် ကနေ ၅ မိနစ်ပဲ ကြာတယ်လို့ဆို ထားပါသေး တယ်။ ဒါကြောင့် အခုလိုမျိုး စွမ်းအင်‌ဖြည့်တင်းနိုင်တာ ပြဿနာ မဟုတ်တော့ ပေမယ့်လည်း တကယ် တမ်း ပြဿနာကတော့ Hydrogen Infrastructure လို့ ဆိုရမယ့် စွမ်းအင်ရင်းမြစ် ရရှိနိုင်မှုပါပဲ။ ဒါကိုတော့ အမေရိကန် မှာ တင်မကပဲ အခြားသော နိုင်ငံပေါင်းစုံကလည်း ထောက်ပြ မေးခွန်း ထုတ်လာဖို့ ရှိနေတာပါ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် အနာဂါတ် ခရီးဝေးသွားမယ့် ကားတွေအတွက်က တော့ ဟိုက်ဒရိုဂျင် ကသာ အဖြေ ဖြစ်လိမ့်မယ်လို့ BMW က ဆိုနေဆဲပါ။ ဒါကြောင့် တကယ်သာ ဖြစ်နိုင်ခဲ့ မယ်ဆိုရင် ဟိုက်ဒရိုဂျင်စွမ်းအင်ရဖို့ကို ကုမ္ပဏီကိုယ်တိုင်က အခြားသော လုပ်ငန်းတွေနဲ့ ပေါင်းစပ်ချိတ်ဆက် ပြီး ကိုယ်ပိုင်ကွန်ရက် တစ်ခုတည်ထောင် တာမျိုးနဲ့ပဲ ရှေ့ဆက် ရနိုင်ပါ‌တယ်။ အထူးသဖြင့် လမ်းခရီး တစ် လျှောက်မှာ BMW Logo မြင်တာနဲ့ ဟိုက်ဒရိုဂျင် အလွယ်တကူဝင်ဖြည့်နိုင်တာမျိုးတွေဖြစ်လာ နိုင်ပါတယ်။ ဘယ်လိုပဲ အခက်အခဲ‌တွေ ရှိလာနိုင်ပါစေ ၊ iX 5 Hydrogen ကားအသစ်ကိုတော့ မကြာခင်မှာပဲ ပွဲဦးထွက် မိတ်ဆက်ပေးလာတာကို အရင်ဆုံး မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com