ကိုရိုနာ ကပ်ရောဂါကြောင့်နေထိုင်မှု ဘဝပုံစံတွေ အပြောင်းအလဲ ဖြစ်ခဲ့ကြရတဲ့အထဲမှာ အခုဆိုရင် ကား အရောင်း အဝယ် တွေကိုလည်း အသုံးချလာကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ပုံရိပ်ယောင်လို့ ခေါ်ရမယ့် Augmented Reality AR နည်းပညာနဲ့ ပတ်သက်ပြီး ကားကုမ္ပဏီ တစ်ချို့ စတင် အသုံးပြုလာကြသလို ကား Showroom တွေကို သွာ စရာမလိုပဲ ကားတွေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားနိုင်အောင် အနီးစပ် ဆုံး စီစဉ်ပေးမယ့် နည်းပညာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါနည်းပညာကို သုံးလာခဲ့တဲ့အထဲ BMW ပါဝင်လာခဲ့ပြီး သူတို့ရဲ့ လျှပ်စစ် ကားသစ် ၂ စီးကို အနီးကပ် အသေးစိတ်ကြည့်နိုင်မယ့် AR Experience တစ်ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ။ အဆိုပါ AR Experience ကနေတစ်ဆင့် Customers တွေအနေနဲ့ BMW i4 ဒါမှမဟုတ် iX ကားတွေကို ကြိုက်တဲ့ တကယ့်ပတ်ဝန်းကျင် ပုံရိပ် တွေထဲမှာ ထည့်ကြည့်လို့ရမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် BMW ကတော့ ကားတွေကို ပုံမှန် ကြည့်ရုံတင် မဟုတ်ပဲ အသေးစိတ် လေ့လာနိုင်ဖို့ အထိ အဆင့်မြှင့်တင် ပေးထားပါတယ်။ အဆိုပါ အတွေ့အကြုံကို ခံစားနိုင်မယ့် App မှာ ဆိုရင်တော့ ကားတံခါး ဖွင့်ပိတ်ပြီး ကြည့်နိုင်တာမျိုးတွေ ၊ အပြင်ဘက်ကားအရောင်ပြောင်းကြည့်တာမျိုးတွေနဲ့ မီးလုံးတွေ ဖွင့်ကြည့် အလင်းရောင်ပေါင်းစုံနဲ့ စမ်းကြည့်တာမျိုးတွေစတဲ့ ပြင်ပ လောကမှာ ကားဝယ်တာထက်တောင် ပိုစုံတဲ့ Function တွေကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ စီမံကိန်းမှာတော့ BMW အနေနဲ့ Google Cloud ကို အသုံးပြုပြီး ကြည့်ရှုသူတွေအဖို့ ယာဉ်ကိုနီးနီး စပ်စပ် ကြည့်နိုင်ဖို့အထိ စီစဉ်ပေးထားတာပါ။ အသေးစိတ်တာမှ ကားတွေရဲ့ အတွင်းခန်း Leather တွေ ၊ Leather အရာ လေးတွေကအစ ပြောင်းလဲရွေးချယ် ကြည့်ရှုနိုင်မယ့် အထိကို အသေးစိတ်ပါတယ်။ အဆိုပါ ယာဉ်တွေကို အခု နည်းပညာနဲ့ ကြည့်နိုင်ဖို့ ဆိုရင်တော့ Android နဲ့ iPhone iOS တို့ရဲ့ Google ကနေ bmwusa.com ထဲ ဝင်နိုင်မှာ ဖြစ်ပြီး AR နည်းပညာနဲ့ ကြည့်နိုင်မယ့် Link ကို တွေ့မြင်မှာ ဖြစ်ပါတယ်။ AR နည်းပညာကတော့ အရောင်း ကိုယ်စားလှယ်တွေဆီ သွားစရာ မလိုအောင် လုပ်ပေးနိုင်ရုံတင်မကပဲ ဝယ်လို သူတွေရဲ့ ဝယ်ယူချင်သမျှ စာရင်းကိုပါ မှတ်ထားပေးနိုင်ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခုနည်းပညာက တော့ သာမန်ကား Showroom တစ်ခုမှာ ကားဝယ်ရသလိုမျိုး ဘေးကနေ တကူးတက ရှင်းပြတာ မျိုးတွေ မရှိတော့ပဲ ကိုယ်တိုင်ပဲ စိတ်ကြိုက်ကိုယ်သိချင်တာ ကို စမ်းသပ်ရှာဖွေ ကြည့်ရတာမို့ ပိုပြီး လွတ်လပ်နေပါ လိမ့်မယ်။ ဒါ့အပြင်တကယ့် Showroom တွေဆီ အရောက် မသွားခင် ကြိုတင်ငွေပေးချေတာမျိုးတွေအထိ အလွယ်တကူ ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

BMW ရဲ့ AR နည်းပညာမှာတော့ လောလောဆယ်မှာ ကုမ္ပဏီရဲ့ လျှပ်စစ် ကားသစ် ၂ မျိုးကိုပဲ ဖော်ပြထား သေးပြီး မကြာခင် အမေရိက ဈေးကွက်မှာ စတင်ရောင်းချ ပေးမှာပါ။ BMW iX ကားကတော့ Brand ရဲ့ Flagship ကားအသစ် ဖြစ်ပြီး All-Electric SUV အဖြစ် ထုတ်လုပ်လာတာ ဖြစ်ကာ နည်းပညာပိုင်းရော စွမ်းဆောင်ရည်ပိုင်းတွေပါ ကောင်းမွန်တဲ့ကားတစ်စီး ဖြစ်ပါတယ်။ အခြားသော လျှပ်စစ်ကားတစ်စီး အနေနဲ့ ဆိုရင်တော့ i4 Gran Coupe Sedan ကို အခုနှစ်ရဲ့ ပထမ လေးလပတ် ကာလလောက်မှာ စတင်ရောင်းချဖို့ စီစဉ်ထားပါတယ်။ i4 ရဲ့ဈေးနှုန်းကတော့ $995 Destination Charge အပါအဝင် $ 56,395 အထိ ကျသင့် မှာဖြစ်ကာ iX ကတော့ $ 84,195 နဲ့ ပိုဈေးကြီးတာကို တွေ့ရပါတယ်။

Ref: motor 1.com