McLaren F1 ဆိုတဲ့ ကားက ကားလောကရဲ့ စူပါကား ဈေးကွက်ထဲမှာ အကောင်းဆုံး ကားတစ်စီး ဖြစ်တယ်ဆိုတာ ကိုတော့ ငြင်းလို့မရနိုင်ပါဘူး။ လက်ရှိအချိန် အထိကိုပဲ ထုတ်လုပ်ခဲ့ဖူးတဲ့ စူပါကားတွေထဲ အကောင်းဆုံးလို့ သတ်မှတ် နေကြသလိုနောက်ထပ် စိတ်လှုပ်ရှားစရာ ကောင်းတာကတော့ BMW နဲ့ McLaren ကုမ္ပဏီကြီး ၂ ခု ပေါင်းပြီး အတော် လေး ရင်ခုန်ဖို့ကောင်းတဲ့ စီမံကိန်းတစ်ခု ရှိနေတယ် ဆိုတာပါပဲ။ ဘယ်အရာကိုမှ အတည်ပြောလို့ မရသေး ပေမယ့်လည်း အခု Project နဲ့ ပတ်သက်တဲ့ ပိုအရေးကြီးတဲ့ သတင်းတွေကပါ ခပ်သဲ့သဲ့ ထွက်လာနေပါပြီ။ Car Magazine ရဲ့ သတင်းအရတော့ အဆိုပါ ကုမ္ပဏီ ၂ ခု က အခု နှစ် အစောပိုင်းမှာ သီးသန့် ဆွေးနွေးခဲ့ကြပြီး ကုမ္ပဏီ ၂ ခုလုံးရဲ့ အမှတ်တံဆိပ်တွေပါတဲ့ နာမည်ကြီးကားတွေ မြင်လာရနိုင်တယ်ဆိုတဲ့ အချက်တွေလည်း သိရှိ လာရပါတယ်။ အဆိုပါ ကုမ္ပဏီတွေရဲ့ ပူးပေါင်းမှုထဲမှာ တော့လျှပ်စစ်စွမ်းအင်သုံး အကြမ်းစား Supercar ကားတစ်စီး ပါဝင်လာ နိုင်ပါတယ်။ အဆိုပါ ကားသစ်ရဲ့ Chassis ပိုင်းကိုတော့ Mclaren က ကာဗွန်ဖိုက်ဘာနဲ့ ဖန်တီးပေးနိုင်ကာ BMW ဘက်ကတော့ ဘက်ထရီတွေ ၊ လျှပ်စစ် မော်တာတွေနဲ့ Software ပိုင်းတွေ ထောက်ပံ့ပေးလာနိုင်ပါတယ်။ ဒါ့အပြင် အခုနှစ် ဧပြီလ လောက်ကမှ ကြားသိခဲ့ရတဲ့ Architecture Platform အသစ်တစ်ခုပေါ်မှာ အခြေခံ တည်ဆောက် လာနိုင်တယ်လို့လည်း ခန့်မှန်းထား ကြပါတယ်။

Photo Credit: motor 1.com

အခုလို ငွေကုန်ကြေးကျ များတဲ့စီမံကိန်းထဲ BMW တို့ ဘာကြောင့် ဝင်လာရသလဲ ဆိုတာတော့ တအံ့တဩ မေးစရာ ရှိကောင်း ရှိနိုင်ပါတယ်။ အကြောင်းက တော့ အခုနှစ်ကုန်ပိုင်း လောက်မှာ အခြားနာမည်ကြီး ကုမ္ပဏီ ၃ ခု ဖြစ်တဲ့ Audi ၊ Mercedes-AMG နဲ့ Porsche တို့ ပေါင်းပြီး အကောင်းဆုံးသော စွမ်းဆောင် ရည်မြင့် လျှပ်စစ်ကားတွေကို ဖန်တီးဖို့ ရှိနေလို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဈေးကွက်နေရာကိုသာ BMW တို့ထိပ်တိုက် ဝင်မပြိုင်ဘူးဆိုရင် ဈေးကွက် နေရာ အတော်များများကို ဆုံးရှူံးပေးလိုက် ရနိုင်တာကြောင့်လည်း ဖြစ်ပြန်ပါတယ်။ BMW ဘက်က သတင်းတွေ အရတော့ အခုလိုမျိုး Sports ကားတွေရဲ့ အခြေအနေကို တစ်ခေတ်ဆန်းစေတဲ့ McLaren ရဲ့ အတွေး အခေါ် နည်းပညာသစ် တွေကအထင်ကြီးစရာ ကောင်းနေခဲ့တာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ ကုမ္ပဏီ ၂ ခု ပေါင်း စူပါကားပြီးရင် ဒုတိယမြောက် ကားသစ်ကတော့ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကား ဒါမှမဟုတ် ကိုယ်ထည်အမြင့်ကား တစ်စီးစီး ဖြစ်လာနိုင် ပြီး အတည်တော့ မပြုနိုင်သေးပါဘူး။

Photo Credit: motor 1.com

အခုလို စူပါကား ပြိုင်ပွဲထဲကို McLaren ကရော ဘာလို့ ဝင်ရောက်လာတာလဲ ၊ ဒါ့အပြင် BMW ကရော ဒါမျိုးကို ကိုယ်တိုင် မဖန်တီးနိုင်ဖူးလား ဆိုတဲ့ မေးခွန်း တွေ ထွက်ပေါ်လာနိုင်ပြန်ပါတယ်။ ဒါပေမယ့် McLaren က BMW လိုချင် တဲ့ အလေးချိန် ပေါ့ပါးမှုနဲ့ အကြမ်းခံမှုတွေကို ပေးနိုင်ပြီး နည်းပညာပိုင်းနဲ့ အခြား သော ထူးခြားတဲ့ selling points တွေမှာတော့ Ferrari တောင် မမှီအောင် ပေးနိုင်တာ BMW ဖြစ်နေလို့ပါပဲ။ အခု သတင်းတွေ အရတော့ ကုမ္ပဏီ ၂ ခု ပေါင်း ထုတ်မယ့် ကားက အတော်လေး စိတ်လှုပ်ရှားစရာ ကောင်းနေပြီဖြစ်ပြီး လက်တွေ့မှာ တကယ်ပိုကောင်းလာ မလား ဆိုတာကတော့ စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com