ဖေဖော်ဝါရီ လ ၆ ရက်နေ့မှာတော့ SWM Motors က သူ့ရဲ့ ပထမဆုံး EREV Model ဖြစ်တဲ့ Big Tiger EDi ကားကို တရုတ်ဈေးကွက်အတွင်း စတင် ရောင်းချလာခဲ့ပါတယ်။ အဆိုပါကားကိုတော့ ထိုင်ခုံ ၅ လုံးနဲ့ ၇ လုံးဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို ဒေါ်လာ 14,700 ကနေ 182,00 အထိကျသင့်မယ့် မော်ဒယ် ၄ မျိုးအထိ ရွေးချယ်ဝယ်ယူ နိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: CarNewsChina

Big Tiger EDi ကားရဲ့ Powertrain ကိုတော့ SWM နဲ့ BYD လက်အောက်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ FinDreams တို့က ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အဆိုပါကားမှာတော့ DHT200 Hybrid စနစ်နဲ့ 105kW နဲ့ 210 Nm Torque စွမ်းဆောင်ရည်ရှိတဲ့ 1.5L Engine ကိုပေါင်းစပ်ပေးထားကာ 0-100 km/h အထိ အရှိန်တင်နိုင်ဖို့ အချိန် ၁၀ စက္ကန့်သာကြာမြင့်မှာပါ။ ဒါ့အပြင် EREV ကားတစ်စီးဖြစ်တာကြောင့် ICE Engine က ဘက်ထရီကိုသာ အားသွင်း ပေးတာဖြစ်ပြီး ဘီးတွေကို စွမ်းအင်ပို့ဆောင်ပေးခြင်းရှိမှာမဟုတ်ပါဘူး။ Big Tiger EDi ကားမှာတော့ Lithium Iron Phosphate (LFP) ဘက်ထရီကို တပ်ဆင်ပေးထားပြီး လျှပ်စစ်သီးသန့်နဲ့ဆိုရင် ၅၁ ကီလိုမီတာအထိ မောင်းနှင်နိုင်မှာဖြစ်ကာ ဆီအပြည့်အားအပြည့်နဲ့ မောင်းနှင်မယ်ဆိုရင်တော့ ကီလိုမီတာ ၁၀၀၀ အထိမောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ အဆိုပါကားကိုတော့ 2+3 ပုံစံ ထိုင်ခုံ ၅ လုံးနဲ့ ရွေးချယ်နိုင်မှာဖြစ်သလို 2+2+3 ပုံစံ ထိုင်ခုံ ၇ လုံး အနေနဲ့ လည်း ရရှိနိုင်မှာ ဖြစ်ကာ အနက်၊ အဖြူ၊ မီးခိုး၊ အစိမ်းနက်နဲ့ လိမ္မော်ရောင် အစရှိသဖြင့် အရောင် ၆ မျိုး ရွေးချယ်နိုင်အုံးမှာပါ။

Photo Credit: CarNewsChina

အရှေ့ဖက်မှာတော့ အနက်ရောင် ပလတ်စတစ်လို Material တွေပုံစံနဲ့ Grille ပါဝင်လာကာ အလယ်မှာတော့ SWM Logo ကြီးကိုထည့်သွင်းပေးထား ပါတယ်။ Headlights တွေကတော့ Halogen Light တွေကို အသုံးပြုကားကာ Daytime Running Lights တွေကတော့ LEDs မီးတွေအသုံးပြုပေး ထားပါတယ်။ အနောက်ဖက်ကတော့ လေးထောင့်ဆန်တဲ့ ပုံစံဖက် ပိုရောက်သွားပြီး အလယ်ခေါင်မှာ SWM Logo ကိုထည့်သွင်းပေးထားကာ တစ်ဖက် တစ်ချက်စီမှာတော့ Chrome-Plate Trim Strips တွေနဲ့ ထောက်ပံ့ပေးထားပါတယ်။ အတွင်းပိုင်းမှာတော့ အပြာနဲ့ အဖြူရောင် တွေပေါင်းစပ်ပေးထားပြီး စတီယာတိုင်ပေါ်နဲ့ တံခါးတွေပေါ်မှာတော့ ကြေးနီရောင် Trim တွေနဲ့ အလှဆင်ထားကာ ခလုတ်တွေကိုတော့ ၁၀.၂၅ လက်မရှိတဲ့ Floating Central Control Screen အောက်မှာ ထည့်သွင်းပေးထားပါတယ်။ Digital Instrument Panel ကိုတော့ D Shape စတီယာတိုင် အနောက်ဖက်မှာ တွေ့မြင်ရမှာ ပါ။  Center Console မှာတော့ Start/Stop ခလုတ်တွေနဲ့ Rotary Gear Selector ပါဝင်လာကာ အသံနဲ့ ထိန်းချုပ်တဲ့ စနစ်နဲ့ Electronic Stability Control Functions တွေလည်း ပါဝင်လာအုံးမှာပဲ ဖြစ်ပါတယ်။

Ref: CarNewsChina