အရွယ်အစား အလယ်အလတ် ရှိတဲ့ SUV ဈေးကွက်ထဲမှာဆိုရင်တော့ အမေရိကအတွက်ပဲ ဖြစ်ဖြစ် ၊ တရုတ် အတွက် ပဲ ဖြစ်ဖြစ် လူကြိုက်များတဲ့ ကားတစ်စီးကတော့ Ford Explorer ပါပဲ။ အဆိုပါ ဈေးကွက် ၂ ခုမှာ သီးသန့် ထွက်ထားတဲ့ ကားက ဈေးကွက် လိုအပ်ချက် အလိုက် ကွဲပြားတဲ့ ဆွဲဆောင်မှု ကိုယ်စီ ရှိကြပေမယ့် လို့ အဓိကကျတဲ့ အစိတ်အပိုင်း အများစု ကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်မှာ နောက်ဆုံး ထွက်ထားခဲ့တဲ့ Ford Mondeo မှာ ဆိုရင် တော့ အဆိုပါ အစဉ်အလာကို ရိုက်ချိုးပြီး အမေရိကန် ဈေးကွက် နဲ့ လုံးဝမတူတဲ့ သပ်သပ်တစ်မျိုး ဖြစ်လာခဲ့တာပါ။ အဆိုပါ ဈေးကွက်အတွက် သီးသန့် အဆင့်မြှင့်တင်ထား တဲ့ မော်ဒယ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက မြင်ရ ကြားရတာတွေ ရှိနေခဲ့ပေမယ့်လည်း အခု ဆိုရင်တော့ တရုတ်ဈေးကွက် အတွက် ကားအသစ်ကို တရားဝင် မမိတ်ဆက်ခင်မှာပဲ ပုံရိပ်တစ်ချို့ ချပြလာခဲ့ပါပြီ။

Photo Credit: CARBUZZ

ပုံတွေအရတော့ ကားရဲ့ အပြင်ပိုင်းက အတော်လေး ပြောင်းလဲလာခဲ့ပြီး အရှေ့ဘက်မှာ ဆိုရင်လည်း ပိုခိုင်ခံ့ တဲ့ အသွင် နဲ့ Grille Design ကြီးက LED မီးကြီးတွေနဲ့ လိုက်ဖက်နေသလို သူတို့ ၂ ခု ကြားမှာလည်း Bar Design တစ်မျိုးနဲ့ ချိတ်ဆက် ပေးထားပါသေးတယ်။ ဒါ့အပြင် ကားရဲ့ အရှေ့ဘက် ဘန်ဘာအောက်ဘက်မှာ တော့ Satin Silver Anti- Scuff Plate ဆိုတဲ့ အရာမထင်လွယ်တဲ့ နံပါတ်ပြားကို ထည့်သွင်း တပ်ဆင်ပေး ထားပြီး သူတို့ရဲ့အပေါ်မှာ ဆိုရင်လည်း Air Vents အကြီးစားတွေကို တစ်ဖက်တစ်ချက်စီမှာ ဝန်းရံပေးထား ပါတယ်။ ပိုပြီး သိသာစေတဲ့ တစ်ချက်ကတော့ Explorer ဆိုတဲ့ ကားရဲ့ နာမည်ကို အင်ဂျင်စက်ဖုံး ပေါ်တင် ပြီး အရွယ်လည်း ချဲ့ထားတာကြောင့် တကယ် သိသိသာသာ ပေါ်လွင်လာခဲ့တာပါ။ ဘေးဘက် တွေမှာက တော့ သာမန် SUV တစ်စီး ရဲ့ ပုံရိပ်တွေ အတိုင်းပဲ ဖန်တီး ထားပြီး Plastic Wheel Arches တွေ ၊ ခပ်မြင့် မြင့် ကိုယ်ထည်ကြီးနဲ့ Anti-Scuff Trim တွေကိုလည်း တံခါး အောက်ဘက်တွေမှာ ပေါင်း စပ် ထားပါသေး တယ်။ ကားရဲ့ သတ္တုစပ်အလွိုင်းဘီးတွေကလည်း Premium ဆန်လွန်းတဲ့ အရသာကို ခံစားရစေ မှာအသေ အချာပဲ ဖြစ်သလို ပြောင်လက်နေတဲ့ အနက်ရောင် Gloss Finish နဲ့ ကား အမိုး ၊ ဘေးဘက် ကြည့်မှန်တွေ ကလည်း Star White Shade လေးတွေ ပါဝင်လာတာကြောင့် အတော်လေး ကောင်းမွန် နေပါတယ်။

Photo Credit: CARBUZZ

ကားရဲ့ အနောက်ဘက် ပုံရိပ်တွေကတော့ Stone Blue အရောင်လေးနဲ့ မြင်တွေ့ထားရပြီး Taillight Cluster တွေ ကလည်း ယခင်ထက် ပိုကောင်းလာတဲ့ ဒီဇိုင်းနဲ့ အတူ Tailgate ပေါ်မှာ ပိုပြီး နေရာယူ ဖန်တီး ထားပါတယ်။ ကားရဲ့ တံဆိပ်အောက်မှာလည်း အစင်းကြောင်းလေးတွေနဲ့ အတူ Chrome Shape တွေ ပိုပေါ်အောင် သုံးပေးထားပါတယ်။ အနောက်ဘက်က ဘန်ဘာအောက် မှာဆိုရင်လည်း ပိုပြီး Aggressive ဆန်တဲ့ ထင်ထင်ရှားရှား ပုံစံ အသွင်တစ်ချို့ကို မြင်လာရသလို အိတ်ဇောပိုက်တွေကို ဆိုရင်လည်း Satin Silver Cluster တွေအနေနဲ့ အသုံးပြုပေးထားတာ တွေ့ရမှာပါ။

Photo Credit: CARBUZZ

အခု Ford ကားအသစ်ရဲ့ အဓိက ထူးခြားတဲ့ အချက်ကိုပြပါဆိုရင်တော့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာ မှုတွေ နဲ့ ယာဉ်မောင်း အကူစနစ်တွေ အကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ အဓိက ဘယ်နေရာ သိသာသွားတာလဲ ဆိုရင်တော့ တကယ် အံ့ဩဖို့ကောင်းတဲ့ အတွင်းခန်းထဲက 4K ရုပ်ထွက်နဲ့ Infotainment Screen အကြီး ကြီး ပါပဲ။ အဆိုပါ Screen ကြီးကတော့ Dashboard ရဲ့ အလယ်တည့်တည့်မှာ ထည့်ထားပြီး ခရီးသည် ဘက်ကိုတောင် နည်းနည်းနေရာယူ ထား ကာ အမေရိကအမျိုးအစား ရဲ့ Portrait Screen နေရာမှာ အခုလို ကြီး အစားထိုး လိုက်တာကတော့ တကယ်ကြမ်းတဲ့ ရွှေ့ကွက်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် အခြားသော စတီယာတိုင် ဒီဇိုင်း ၊ Digital Instrument Cluster နဲ့ အတွင်းခန်း အစိတ်အပိုင်း အတော်များများ ကတော့ မပြောင်းလဲလာခဲ့ပဲ Air Vents တွေနဲ့ Climate Control ခလုတ်တွေကိုသာ ဒီဇိုင်း အနည်းငယ် ပြုပြင်ထား ခဲ့တာပါ။ နောက်တစ်ခု ပြောင်းလဲ သွားတာကတော့ ဘေးက အအေး ထည့်စရာ ခွက်တွေရဲ့ အဖုံးကတော့ အော်တို အဖွင့်အပိတ် လုပ်တဲ့ စနစ်ဖြစ်သွားပြီး အလယ်က ပစ္စည်း ထည့်စရာ နေရာလည်း ထိုနည်းတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပြောင်းအလဲ များစွာနဲ့ အခု ကားအပေါ် တရုတ်ဈေးကွက်က ဘယ်လို တုံ့ပြန်ဦး မလဲ ဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

Ref: carbuzz.ocm