နာမည်ကြီး ကားကုမ္ပဏီ Bentley ကတော့ လာမယ့် မေလ ၁၀ ရက်နေ့ အရောက်မှာ ကားသစ်တစ်မျိုးကို ချပြဖို့ ရှိနေပြီး ကုမ္ပဏီရဲ့ ရှိပြီး သား Continental GT Coupe နဲ့ အမိုးဖွင့်အမျိုးအစား ၊ Flying Spur Sedan နဲ့ Bentayga SUV တို့ အပြီးမှာ ပေါ်လာမယ့် နောက်ထပ် ၅ ခုမြောက် Lineup အသစ်တစ်မျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။ ကားသစ်ကို ကြော်ငြာထားရာမှာတော့ ဇိမ်ခံ အရသာ၊ နည်းပညာ သစ်နဲ့ စွမ်းဆောင်ရည် ကောင်းတွေကို ပေါင်းစပ် ပေးစွမ်းနိုင်မယ့် ကားကောင်း တစ်စီးလို့ပဲဆိုထားပြီး ဇိမ်ခံဆိုတဲ့ ကားပေါ်က အရသာ တစ်မျိုးကို အလွန့်အလွန် ခံစားနိုင်စေရမယ်လို့လည်း ဆိုထားပါတယ်။ အခု ကားကတော့ မနှစ်တုန်းက ချပြခဲ့ဖူးတဲ့ Bacalar Convertible ရဲ့ Bespoke မျိုးဆက်သစ်တော့ မဖြစ်နိုင် လောက်ပဲ သာမန်စံနှုန်း တစ်ချို့လည်းပါဝင်နေမယ့် ၅ ခုမြောက် Lineup မော်ဒယ် အသစ် တစ်မျိုးဖြစ်တယ်လို့လည်း ကုမ္ပဏီကဆိုထားတာပါ။ ဒါကြောင့် ခန့်မှန်းကြည့်ရမယ်ဆိုရင် သာမန်အမိုးဖွင့်ကားတစ်စီး ထက်စာရင် Continental GT ပေါ်မှာ အခြေခံ ဖန်တီးထားမယ့် Coupe တစ်စီးပိုဖြစ်လာနိုင်ပြီး အစီးရေ ၂၅ စီး ထဲ ထုတ်လုပ် ဖို့လည်း ဖြစ်လာနိုင်ပါ တယ်။ လက်ရှိ ရှိထားပြီးသား Bentayga Hybrid နဲ့ Flying Spur Hybrid ကားတွေလိုမျိုး နောက်ထပ် Plug-In Hybrid ကားသစ် တစ်မျိုးလည်း ဖြစ်လာနိုင်ပြန်ပြီး လာမယ့် ၂၀၂၆ အရောက်မှာ သူတို့ရဲ့ ကားတိုင်းကို Plug-In Hybrid ဒါမှမဟုတ် လျှပ်စစ်သီးသန့် ဖြစ်ဖို့ ကြံစည်နေတဲ့ Bentley ကြောင့် ပိုပြီး ဖြစ်လာ နိုင်နေပါတယ်။

Photo Credit: MotorAuthority

လာမယ့် ၂၀၃၀ အရောက် မှာတော့ လျှပ်စစ်ကားတွေချည်း သီးသန့်ထုတ်တော့မှာ ဖြစ်လို့ ဒီခြေလှမ်းတွေက ပထမ အဆင့်တွေ အနေနဲ့ လှမ်းထားတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ပထမဆုံးသော SUV ဖြစ်တဲ့ Bentayga ကလည်း အောင်မြင်မှုရခဲ့ပြန်တာကြောင့် အခု အသစ်ထွက်မယ်ဆိုတဲ့ ကားကလည်းအနည်းငယ်ပိုသေးတဲ့ SUV တစ်စီး ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ လာမယ့် ၅ နှစ်အတွင်း လျှပ်စစ် ကားသစ် ၅ မျိုး ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ Bentley တို့ကတော့ လာမယ့် ၂၀၂၅ အရောက်မှာ ပထမ တစ်စီးနဲ့ နောက်ပိုင်းမှာတော့ ၄ စီး လိုက်လာတော့မှာပါ။ သူတို့ရဲ့ အင်္ဂလန်နိုင်ငံ ၊ Crewe မှာ ရှိတဲ့ စက်ရုံကိုလည်း လျှပ်စစ်ကားတွေ ထုတ်လုပ်လာနိုင်ဖို့ ‌ဒေါ်လာ ၃.၃ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင် ထားတာဖြစ်ပြီး အခြားသော ဒီဂျစ်တယ် နည်းပညာရပ်တွေ ကိုလည်း အဆင့်တိုးမြှင့် ဖန်တီးဖို့ ရှိနေခဲ့တာပါ။ ဒါ့အပြင် အဆိုပါ စက်ရုံကို အဆင့် တိုးမြှင့်ထုတ်လုပ်ရာမှာလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင်ပဲ စီစဉ်ထားတာ ဖြစ်လို့ ပိုပြီး အဆင်ပြေပြေ ရှိနိုင်ပါတယ်။ ဒါကြောင့် အခု မေလ ၁၀ ရက်နေ့မှာ ထွက်လာမယ့် ကားသစ်ကို စောင့်ကြည့်ရင်း ကုမ္ပဏီရဲ့ အနာဂါတ်နဲ့ ကိုက်မကိုက် ဆိုတာကို လေ့လာ ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority