နှစ်အကြာကြီးနေမှ ပထမဆုံးအကြိမ် အနေနဲ့ မြင်နေကြမဟုတ်ပဲ ပုံစံ ကွဲထွက်နေတဲ့ Bentley ကားတွေကို စတင် မြင်လာရပါပြီ။ အခုဆိုရင်တော့ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Monterey မှာ ပွဲဦးထွက် ချပြ လာခဲ့တဲ့ Bentley Mulliner Batur ကား ကုမ္ပဏီရဲ့ ရှေ့လျှောက် အနာဂတ် ဘယ်လိုပုံစံ ဖြစ်မလဲ ဆိုတာကိုပါ မီးမောင်းထိုးပြလိုက်သလို မြင်လာရပါတယ်။ ဟိုးယခင် Bentley ရဲ့ ဒီဇိုင်းပုံရိပ်တွေ စတင်ပျောက်ကွယ် လာတဲ့ အခုကားအသစ် မှာတော့ ယခင်က Split Headlights အဝိုင်း‌တွေ မရှိတော့ပဲ LED Accents လေးတွေနဲ့ Beam Light ၃ ခုတွဲ ပုံလေး ဖြစ်လာပါတယ်။ အထူးသဖြင့် အရှေ့ဘက် Fender ကနေ ထိုးထွက်နေ တဲ့ LED Accents ပုံလေးတွေ ဖြစ်တာကို မြင်နေရတာပါ။ Grille အသစ်ကလည်း ကားရဲ့အရှေ့ဘက် Bumper ကို ပိုပြီး Aggressive ဖြစ်စေတဲ့ ပုံဖြစ်အောင် ပြောင်းပေးထားနိုင်ပြီး ကားရဲ့ အောက်မှာတော့ ၂၂ လက်မအရွယ် ဘီးတွေက လိုက်ဖက်နေပြန်သလို အနောက် ဘက်က Taillight တွေကလည်း ယခင်ကထက်ကို ပိုမိုပါးလွှာ လာပါတယ်။

Photo Credit: motor 1.com

အခု ကားသစ်ကို ဖန်တီးထားတာ ကတော့ ဒီဇိုင်းဒါရိုက်တာ Andreas Mindt နဲ့ အဖွဲ့ဖြစ်ပြီး Mindt အနေနဲ့ ယခင်က Volkswagen မှာ ၂၅ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးပြီးခဲ့တဲ့ ၂၀၂၁ ကမှ Bentley ထံ ဝင်ရောက်လာခဲ့ တာ ဖြစ်ပါတယ်။ VW၊ Audi တို့နဲ့အတူ လက်တွဲ အလုပ်လုပ်ခဲ့တဲ့ Mindt ကတော့ Audi E-Tron လျှပ်စစ်ကားရဲ့ နောက်ကွယ်က ဒီဇိုင်းပညာရှင် ဖြစ်ခဲ့တာပါ။ အခုဆိုရင်လည်း E-Tron တုန်းကလိုပဲ Mulliner Batur ကားကို ကုမ္ပဏီရဲ့ အနာဂတ် လျှပ်စစ်ကား ထုတ်လုပ်ရေး ရည်မှန်းချက် Beyond 100 မူဝါဒနဲ့အညီ ဖန်တီးပေးထားပြန်တာ ဖြစ်ပါတယ်။ Bentley အနေနဲ့ကတော့ လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကား သီးသန့်ကုမ္ပဏီ ဖြစ်လာဖို့ ရည်မှန်းထားပေမယ့် အခုမြင်ရတဲ့ Batur ကားသစ်က လျှပ်စစ်သီးသန့်တော့ မဟုတ်သေးပါဘူး။ Bentley ရဲ့ လက်စွဲတော် Twin-Turbocharged 6.0 Liter W12 Engine ကြီးကိုပဲ သုံးထားပြီး 710 hp နဲ့ 738 lb-ft Torque လောက် အထိ ရောက်အောင် Tuning ပြန်လုပ်ပေးထားပါသေးတယ်။ လက်ရှိ အချိန်အထိ ကုမ္ပဏီက ထုတ်လုပ် ဖူးသမျှထဲမှာတော့ တကယ်ကို စွမ်းဆောင်ရည်အမြင့်ဆုံး ကားဖြစ်ပြီး ပိုအဆင့်မြင့်တဲ့ Air Suspension စနစ်ကိုမှ Electric Active Anti-Roll စနစ် ၊ Electric Limited Slip Differential စနစ်တို့အပြင် Four-Wheel Steering တို့ကိုပါ ပေါင်းစပ်ပေးထားလို့ အကောင်း ဆုံးဖြစ်လာ နေပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းကတော့ အပြင်ပိုင်းလောက် ထူးထူးခြားခြား ဆန်းသစ်သွားတာမျိုး မရှိပဲ မနှစ်က Bacalar ကား ရဲ့ အသွင်အပြင် တစ်ချို့ကိုပဲ ပြန်ယူထားပါတယ်။ Bentley ရဲ့ အဆင့်မြှင့်တင်ထားတဲ့ Material တွေကို အသုံး ပြုထားပြီး Customer တစ်ယောက်ချင်းစီ စိတ်ကြိုက် အပြင်အဆင်တွေကိုမှ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်အောင် ဖန်တီးပေးထားမှာဖြစ်ပါတယ်။ Sustainable ကုန်ကြမ်း ပစ္စည်းတွေကို ၃ မျိုးခွဲခြား အသုံးပြုထားပြီး စကော့တလန် နဲ့ အီတလီတို့ဆီက လယ်သာသားတွေအပြင် Dinamica Faux ‌Suede တို့ကိုလည်း သုံးထားတာ ဖြစ်ပါတယ်။ ကြမ်းခင်းတွေကိုတော့ ကုမ္ပဏီအတွက် ပထမဆုံးအကြိမ် အဖြစ် ပစ္စည်း အဟောင်းတွေကို ပြန်လည် ဖန်တီးထားတဲ့ ချည်တွေ သုံးထားပါတယ်။ ကာဗွန်ဖိုက်ဘာ အစား Bentley ကတော့ သဘာဝ ဖိုက်ဘာကို အစားထိုးပေးထားပြီး သူများထက်ကို ထူးချင်သေးတယ် ဆိုသူတွေ အဖို့တော့ ၁၈ ကာရက် ရွှေသားနဲ့ ပြုလုပ်ပေးထားမယ့် 3D ပုံလောင်း အစိတ်အပိုင်း တစ်ချို့ကိုလည်း ဖန်တီးပေးထားဦးမယ်လို့တော့ သိရပါတယ်။ အခု ကားကိုလည်း ၁၈ စီးပဲ သီးသန့် ထုတ်လုပ်မှာဖြစ်ပြီး ဈေးက လည်း လက်ရှိ အနေအထားအရ ဆိုရင် အမေရိကန် ဒေါ်လာ ၂ သန်းလောက် အထိကို ရှိနိုင်ပါတယ်။ ကားထုတ်လုပ်မှုတွေကိုတော့ လာမယ့် ၂၀၂၃ အစောပိုင်း အရောက်မှာတင် စတင်တော့မှာ ဖြစ်ပြီး အဆိုပါ နှစ် ထဲမှာတင်ပဲ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ အပြီးသတ်ကာ ဝယ်ယူထားသူတွေ လက်ထဲ ထည့်ပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com