တတိယမြောက် မျိုးဆက် Bentley Flying Spur ကားကိုတော့ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာပဲ ၂၀၂၀ မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ပေးလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Bentley အနေနဲ့ Flying Spur Hybrid ၊ Flying Spur S နဲ့ တစ်ခြားမျိုးကွဲတွေကို ဆက်တိုက်ထုတ်ပေးနေခဲ့ပြီး အခုနောက်ဆုံးတော့ Flying Spur Speed ကိုပါ ထုတ်လုပ် ပေးလိုက်ပါပြီ။ ထူးခြားတာ ကတော့ အခုကားဟာ ကုမ္ပဏီရဲ့ W12 Engine သုံးထားကို မြင်ရမယ့် နောက်ဆုံးသော Sedan ကားတစ်စီး ဖြစ်လာနိုင်တာပါပဲ။ အဆိုပါ Twin-Turbocharged 6.0 Liter W12 Engine ကြီးကြောင့်လည်း ကားက 626 hp နဲ့ 664 lb-ft Torque အထိ စွမ်းဆောင်လာ နိုင်ကာ Eight-Speed ZF Dual-Clutch Gearbox နဲ့လည်း တွဲဖက် ပေးထားပါသေးတယ်။ ဒါကြောင့် ကားကို တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်တင်ဖို့ဆိုရင် ၃.၇ စက္ကန့်အတွင်းတင် စွမ်းဆောင်နိုင်မှာဖြစ် ကာ အမြင့်ဆုံးမြန်နှုန်းကတော့ ၂၀၇ မိုင်အထိ မောင်းနှင်နိုင်မှာပါ။

Photo Credit: motor 1.com

ကားရဲ့ Torque ပမာဏကို ဝင်ရိုး ၂ ဖက်လုံးမှာ အလုပ်လုပ်နိုင်အောင် စီစဉ်ပေးထားတာကြောင့် Comfort Mode မှာ ဆိုရင် 354 lb-ft Torque အထိ အရှေ့ဘက်ဝင်ရိုးမှာ ရရှိနေမှာပါ။ Sport Mode မှာဆိုရင်လည်း 206 lb-ft Torque အထိ ရရှိနေဦးမှာ ဖြစ်တာကြောင့် ဒီပမာဏတွေက စထွက်ကတည်းက မောင်းနှင်မှု အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ် တွေနဲ့ ကြေညာထားခဲ့တဲ့ Flaying Spur S Model ထက်တောင် သာလွန်နေပြီ ဖြစ်ပါတယ်။ Bentley အနေနဲ့ အခုကားရဲ့ အသွင်အပြင်ပိုင်းလှပဖို့ကိုလည်း အတော်လေးအလေးပေးထားပြီး ၂၂ လက်မ အရွယ်ဘီးတွေကိုမှ Gloss Black ၊ Dark Tint ဒါမှမဟုတ် Silver စသဖြင့် ‌ရွေးချယ်နိုင် အောင် ထည့်ပေးထား ပါသေးတယ်။ ထပ်ပြီး ရွေးလို့ ရဦးမယ့် ၂၂ လက်မ ဘီး တွေမှာဆိုရင်လည်း Gloss Black ဒါမှမဟုတ် Pale Brodgar Satin အရောင်တွေနဲ့ ပြင်ဆင် ပေးထားသေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားရဲ့ Grille ၊ Headlights တွေ ၊ တံဆိပ်နဲ့ Taillight တွေ နေရာမှာလည်း Dark Tint Finish အရောင်ပြေးလေးတွေ ထပ်ထည့် ပေးထားပါသေးတယ်။ အနီရောင် Bentley Brand ဖြစ်တဲ့ Brake Caliper တွေ ကိုတော့ Standard အနေနဲ့ တပ်ဆင်ပေးထားပေမယ့် အနက်ရောင် ပြောင်းလဲချင်တယ် ဆိုရင်လည်း ငွေကြေး ထပ်မံကုန်ကျစရာမလိုပဲ ရွေးချယ်လဲလှယ် နိုင်ပါသေးတယ်။

Photo Credit: motor 1.com

ပုံမှန်အတိုင်းပဲ Brand အနေနဲ့ အခုကားကိုလည်း Flying Spur ပေါ် အခြေခံဖန်တီးထားမယ့် Styling Spec နဲ့ Blackline Spec တွေကိုလည်း စီစဉ်ပေးထားဦးမှာပါ။ အဆိုပါ Package တွေထဲက Styling Spec ဆိုရင်တော့ ကာဗွန် ဖိုက်ဘာနဲ့ အပိုင်းတွေ အတော်များများ ပါဝင်လာမှာဖြစ်ပြီး အရှေ့ဘက် Splitter ၊ ဘေးဘက် Skirts တွေကိုမှ Bentley တံဆိပ်တွေ ၊ အနောက်ဘက် Diffuser ၊ Trunk Lid Spoiler လို နေရာ တွေမှာ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ Blackline Spec မှာဆိုရင်တော့ ကားရဲ့ အရောင်တောက်တောက်နဲ့ ပိုလိုက်ဖက်နေမယ့် အနက်ရောင် Trim လေးတွေ ကွပ် ပေးထားမယ့် ပုံစံရမှာဖြစ်ပါတယ်။ ကားရဲ့ အတွင်း ခန်းမှာတော့ လယ်သာသားတွေပဲ များများ သုံးပေးထားပြီး Piano Black Veneer ဆိုတဲ့ အနက်ရောင်ကတော့ Standard ဖြစ်ကာ Crown Cut Walnut ၊ Dark Stained Burr Walnut ဒါမှမဟုတ် Dark Fiddleback Eucalyptus စတဲ့ အရောင်တွေကိုလည်း ငွေကြေး ထပ်ပေးစရာမလိုပဲ ပြောင်းလဲ ပေးနိုင်ပါသေးတယ်။ ဒါတင်မက‌သေးပဲ ပုံမှန်ထက် ပိုမိုက်တဲ့ Instrument Cluster Graphics တွေ ၊ ပုံစံ ၂၄ မျိုးအထိ ချိန်ညှိလို့ရတဲ့ အရှေ့ထိုင်ခုံနဲ့ ၁၄ မျိုးအထိ ညှိလို့ရတဲ့ အနောက်ဘက် ထိုင်ခုံတွေ ၊ Sports Pedals တွေ အပြင်အမျိုးစုံ နေအောင်ပြင်ဆင်လို့ ရဦးမှာပါ။ Bentley ရဲ့ ခန့်မှန်းချက်အရတော့ Flying Spur Speed ကားအသစ်အနေနဲ့ အမေရိကဈေးကွက်ထဲမှာတင် Flying Spur ကားအားလုံးရဲ့ ၃ ပုံ ၁ ပုံ လောက်အထိ ရောင်းအားရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းကား ဈေးကွက်တွေထဲမှာ ဆိုရင်တော့ ၅ စီးမှာ ၁ စီးစာလောက် အထိကို ရောင်းရလိမ့်မယ်လို့ Bentley တို့ ခန့်မှန်းထားပါတယ်။

Ref: motor 1.com