Bentley ကား ကုမ္ပဏီကတော့ သူတို့ရဲ့ အတွက် ပထမဆုံးသော လျှပ်စစ်ကားကို မူလစီစဉ် ထားတာထက် တစ်နှစ် နောက်ကျပြီးမှသာ ချပြနိုင်တော့မှာဖြစ်လို့ လာမယ့် ၂၀၂၆ အထိကို မြင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကုမ္ပဏီ CEO ကိုယ်တိုင် အတည်ပြုပေးလိုက်ပါတယ်။ Automotive News နဲ့ အင်တာဗျူး တစ်ခုမှာတော့ CEO ဖြစ်သူ Adrian Hallmark က အကြောင်းအရင်း အတိအကျ မပြောကြားထားပဲ သူတို့ရဲ့ လျှပ်စစ်ကား နောက်ကျမယ် ဆိုတာကိုပဲ ဆိုထားခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမျိုး နောက်ကျနိုင်တာဟာ Volkswagen Group ရဲ့ Software Development Unit အပိုင်းက အပြောင်းအလဲတွေကြောင့်လား ဆိုတဲ့ အချက်ကိုတော့ ငြင်းဆိုခြင်းလည်း မရှိခဲ့တာပါ။ Bloomberg ရဲ့ သတင်းတွေ အရတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက VW Group ရဲ့ CEO အပြောင်းအလဲ ဖြစ်မှုတွေက Audi ၊ Bentley နဲ့ Porsche ကားသစ်တွေရဲ့ Software ပိုင်းတွေကိုဖန်တီးမှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် အခုလိုမျိုးပဲ ထုတ်လုပ်မှု နှောင့်နှေးသွားတာမျိုးတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

အခု Bentley ရဲ့ ပထမဆုံးသော လျှပ်စစ်ကားကတော့ Audi ရဲ့ Project Artemis လို့ Code-Name ပေးထားတဲ့ ကား တစ်စီးနဲ့ အတူတူတွဲဖက် ထုတ်လုပ်နေတာဖြစ်ပြီး ကား ၂ မျိုးလုံးကတော့ VW Group ရဲ့ SSP Platform ပေါ် အခြေခံ ထုတ်လုပ် ထားမှာပါ။ ဒါပေမယ့် Porsche ကတော့ အခု Project ရဲ့ မူလအစတုန်းက ပါဝင်ခဲ့ပေမယ့်  အခုနှစ် အစောပိုင်းတုန်းက အဆိုပါ Platform အစား လက်ရှိ Audi Q6 E-Tron လို ကားမှာ ဖန်တီးထားတဲ့ PPE Platform ကိုပဲ ဆက်သုံးလာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Bentley CEO ဖြစ်သူ Hallmark ကတော့ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်ကား နောက်ကျမှာဟာ တစ်နှစ် နောက်ဆုတ်တယ် ဆိုပေမယ့် လပိုင်းလောက်ပဲ နှောင့်နှေးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကားကိုတော့ မူလအတိုင်း ၂၀၂၅ ထဲ စတင် မိတ်ဆက် လာနိုင်ပြီး ထုတ်လုPပ်တာနဲ့ နောက်ပိုင်း အဆင့်တွေမှာသာ နောက်ကျလာ နိုင်ပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့် အခုလို နှောင့်နှေးမှုကတော့ နဂို မူလကတည်းက ရည်ရွယ်ထားခဲ့တဲ့ ကုမ္ပဏီရဲ့ ၂၀၃၀ မှာ လျှပ်စစ် ကား သီးသန့် လုပ်ငန်းဖြစ်ရမယ် ဆိုတဲ့ အချက်ကိုပါ ထိခိုက်နိုင်မှာလား ဆိုတာကိုတော့ မဖြေရှင်း ပေးထားသေးပါဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ တစ်ချက်ကတော့ Hallmark ရဲ့ ပြောကြားချက်တွေအရ Bentley မှာ လျှပ်စစ် ကားလောက ထဲမှာသာ ဆိုရင် ပိုကောင်းတဲ့သီးသန့် အခြေအနေ တစ်ရပ်ကိုတောင် ရောက်နိုင်ပြီး အကြောင်းကတော့ လက်ရှိ Bentley Engine တွေထက် လျှပ်စစ်ဘက်ထရီတွေက သူတို့အတွက် ပိုဈေးသက်သာနေတယ် ဆိုတဲ့ အချက်ပါပဲ။ သူ့ရဲ့ ပြောကြားချက် ထဲမှာတော့ သာမန် ကားဘက်ထရီ တစ်လုံးက သူတို့ လက်ရှိသုံးနေတဲ့ 12-Cylinder Engine ထက် ပို‌ဈေးသက်သာတာ ဖြစ်တယ်လို့ ဆိုထားပြီး အခုလိုဘက်ထရီတွေနဲ့ Bentley ကားသစ်တွေကို မြင်တွေ့ ရဖို့လည်း မစောင့်နိုင်တော့ဘူးလို့ ဆိုထားတာကြောင့် အတော်လေးတော့ စိတ်ဝင်တစား ရှိနေရပြီ ဖြစ်ပါတယ်။

Ref: MotorAuthority

(18) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube