ဇိမ်ခံ ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Bentley Continental GT ဟာ လျှပ်စစ်ကားအဖြစ် ထွက်လာတော့မှာပါ။ Motor.es ရဲ့ Spy Shots တွေအရတော့ အဆိုပါ ကားဟာ Plug-In Hybrid အဖြစ် တွေ့ရမှာဖြစ်ပြီး ထူးခြားတာက‌တော့ လမ်းပေါ်မှာ ဘာ Camouflage မှ ကပ်မထား သေးတဲ့ ပုံစံနဲ့ မြင်ရမှာပါ။ ဒါပေမယ့် ကားရဲ့ ဘေးဘက် တံဆိပ်ကတော့ ကား အတွက် ပိုစိတ်ဝင်စားစရာ အကြောင်းခြင်းရာတွေကို စဉ်းစားစရာ ဖြစ်လာအဖို့ အကြောင်းဖန်နေစေပါတယ်။ အခု Continental GT Grille ရဲ့ညာဘက်မှာတော့ လေးထောင့် ဆန်ဆန် အပေါက်တွေထက် နဂိုရှိနေပြီးသား ပုံစံအတိုင်း မြင်သာစေမှာပါ။ ဒါ့အပြင်မြင်ရသလောက် က တော့ ကားရဲ့ Lens ပုံစံလေး နေရာလေးမှာ အဆင့်မြင့် ယာဉ်မောင်းအကူစနစ်တွေ ပါဝင်လာနိုင်ပြီး ယာဉ်ရဲ့ အားသွင်းပေါက်ကတော့ အနောက်ဘက် Fender ရဲ့ အောက်မှာ ပဲ ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ထူးခြားနေတာကတော့ ယာဉ်ရဲ့ အရှေ့ဘက် ဘီးတွေနောက်က 12 ဆိုတဲ့ တံဆိပ် အမှတ်အသား လေး ပါပဲ။ ပုံမှန်အားဖြင့် အဆိုပါ တံဆိပ်လေးကတော့ Continental GT ကိုမှ Twin-Turbo 6.0 Liter V 12 Engine သုံးထားတဲ့ ကားတွေမှာမှသာ မြင်နေရတာမျိုးပါပဲ။ ဒါကြောင့် အတော်လေး ထူးခြားနေတာဖြစ် ပြီး တစ်ချိန်တည်းမှာပဲ Bentayga နဲ့ Flying Spur တို့ရဲ့ Hybrid ကားတွေမှာတုန်းကတောင်မှ Turbocharged V6 Engine‌ တွေပဲ သုံးထားတာ ဖြစ်ပါတယ်။ အခု မြင်ရတာ ကတော့ စမ်းသပ်ဆဲ အဆင့် ကားသာဖြစ်တာကြောင့် W 12 အင်ဂျင်နဲ့ Continental GT ကားကို PHEV အဖြစ် စမ်းသပ်နေပြီလို့တော့ မှတ်ယူလို့ မရသေးပါဘူး။ ဒါမှမဟုတ် ကားကို မြင်တဲ့သူတိုင်း အခုလို မျိုး ကြောင်တောင်တောင် ခံစားချက် ရသွားစေဖို့ တမင် 12 ဆိုတာလေးကို ကပ်ပေးထားတာလည်း ဖြစ်နိုင်ပါသေးတယ်။ အစောပိုင်း တုန်းက လည်း Bentley အနေနဲ့ Continental GT Plug-In Hybrid ကားကို ထုတ်လုပ်ဖို့ ရှိတယ်ဆိုတဲ့ သတင်း တွေထွက်ခဲ့ဖူးသေးပြီး ပရိသတ်တွေ ဘက်ကလည်း အခုလိုမျိုး ကာဗွန်ထုတ်လုပ်မှု လုံးဝမရှိတဲ့ ကားမျိုးကို အလို ရှိနေကြတယ်လို့ ဆိုထား သေးပြန်ပါတယ်။ ဒါပေမယ့် အခုလို ကားတကယ် လုပ်ထားတယ်ဆိုရင် တောင်မှ ချပြဖို့ အလားအလာတွေ မရှိသေးပြန်ပါဘူး။

Photo Credit: motor 1.com

အခု ၂၀၂၂ အစောပိုင်းတုန်းကတော့ Bentley အနေနဲ့ ယူကေမှာ ၂.၅ ဘီလီယံပေါင် ရင်းနှီးမြုပ်နှံ ထားခဲ့ပြီး လာမယ့် ဆယ်စုနှစ် တစ်ခုစာအတွက် ရည်ရွယ်ထားတာပါ။ ကုမ္ပဏီ ကတော့ လာမယ့် ၂၀၂၅ အရောက်မှာ သူတို့ရဲ့ ပထမဆုံးသော လျှပ်စစ်သီးသန့် ကားကိုထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားပြီး ၂၀၃၀ အရောက် မှာတော့ ကားတွေအကုန်လုံး လျှပ်စစ်ကား အဖြစ်သာ ထုတ်လုပ်ဖို့ စီစဉ်ထားတာပါ။ ၂၀၂၅ မှာ ထွက်လာမယ်ဆိုတဲ့ သူတို့ရဲ့ လျှပ်စစ် ကားကလည်း Audi ရဲ့ Artemis Project ပေါ်မှာ တည်မှီ လာနိုင်ပါတယ်။ အကြောင်း ကတော့ အဆိုပါ Project ရဲ့ Platform က အလို အလျောက် မောင်းနိုင်မယ့် လျှပ်စစ်ကားတွေ အတွက် ရည်ရွယ်ထားတာ ဖြစ်ပြီး တကယ်လို့အဆင်သင့်ဖြစ်ပြီ ဆိုရင် တော့ Volkswagen Group က ကားတွေမှာ ပါ သုံးလာနိုင်ပါတယ်။ Bentley CEO ဖြစ်သူ Adrian Hallmark ကိုယ် တိုင်ကလည်း သူတို့ရဲ့ ပထမဆုံး လျှပ်စစ်ကားက SUV တစ်စီး ဖြစ်လာတော့မှာပါ ဆိုပြီး အတည်ပြုထားတာကြောင့် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com