ပြီးခဲ့တဲ့ 2022 Monterey Car Week မှာ မြင်ခဲ့ရတဲ့ Bentley Batur ကား အမျိုးအစားကတော့ Brand ရဲ့ သီးသန့် Grand Tourer ကား အမျိုးအစား တစ်ရပ်ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားသစ်ကို ဥရောပရဲ့ အများပြည်သူသုံး လမ်းမတွေထက်မှာ စတင်စမ်းသပ်နေပြီဖြစ်ပြီး ရက်သတ္တပတ်ပေါင်း ၅၈ ပတ် အတွင်း စမ်းသပ်မှုပေါင်း အဆင့် ၁၂၀ နဲ့ ပြင်ဆင်နေတာပါ။ Bentley ကတော့ အခု ကားသစ်ကို Batur Car #0 လို့ပဲ အမည် ပေးထားပြီး အနာဂတ်မှာ ပိုပြီးထုတ်လုပ်ဖြစ်မယ့် ကားတွေရဲ့အစ နမူနာ သဘောမျိုးလည်း ဖြစ်ပါတယ်။ အခု စမ်းသပ်နေတဲ့ ကားမှာ ထူးခြားတာ တစ်ခုကတော့ ကားရဲ့အရှေ့ဘက် Splitter ၊ Side Skirts တွေ ၊အနောက်ဘက် Diffuser တို့ မှာ High-Gloss Carbon Fiber တွေနဲ့အတူ အတော်လေး လှပတဲ့ ခရမ်းရောင်ကို တစ်စီးလုံးမှာ အသုံးပြုပေးထားတာပါပဲ။ ကားရဲ့ Grille ကစလို့ အလယ်ကနေ ဘေးဘက် အစွန်တွေအထိ Black Crystal လို့ခေါ်နိုင်မယ့် အနက်ရောင်လေးတွေကို ကားရဲ့ကိုယ်ထည် ခရမ်းရောင်နဲ့ လိုက်ဖက်အောင် ထည့်ပေးထားပါတယ်။ ကားရဲ့ အင်ဂျင်စက်ဖုံး တစ်လျှောက်နဲ့ ပြတင်းပေါက် အောက်ဘောင်တွေ မှာတော့ Satin Titanium ဆိုတဲ့ အရောင်လေးတွေနဲ့ Trim သစ်ကို အုပ်ပေးထား သေးတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

စမ်းသပ်ဆဲမှာ ကားရဲ့ Panels တွေ လှုပ်ရှားမှုတွေများ ရှိနေလား ဆိုတာကိုလည်း ကားပေါ်မှာ ထည့်ပေးထားတဲ့ မြှား သေးသေးလေးတွေက ပြပေးနိုင်တာမို့ တကယ်ချီးကျူးစရာပါပဲ။ အခု စမ်းသပ်ရတဲ့ အပိုင်းက လည်း တကယ်ကို ကြီးမားတဲ့ အပိုင်းလို့ ဆိုနိုင်ပြီး ဂျာမနီကနေ အီတလီ ၊ ပြင်သစ် နဲ့ စပိန် တို့အထိ ကို ဖြတ်သန်းကာ ၁,၅၃၃ မိုင် အကွာအဝေးကို မောင်းနှင် စမ်းသပ်နေတာပါ။ အရှိန်မြှင့် မောင်းရတဲ့ အခါမျိုးမှာ လက်ကိုင် ကောင်းကောင်း ထိန်းနိုင်မနိုင်ကိုပါ စမ်းသပ်နိုင်တာမျိုးဖြစ်ပြီး ဒီစမ်းသပ် ချက်ပြီးရင်လည်း တကယ့်လက်တွေ့ နောက်ထပ် မိုင်ပေါင်း ၄,၆၆၀ မိုင် လောက်ကို စမ်းသပ်မောင်းနှင်ပြရ ဦးမှာ ဖြစ်ပါတယ်။ အခု ကားထုတ်လုပ်မှု အပိုင်းထဲမှာမှ အင်ဂျင်ပိုင်း အတွက် ရက် ၁၀၀ လောက် သပ်သပ် အချိန်ယူခဲ့ ရပြီး Twin-Turbocharged 6.0 Liter W12 အင်ဂျင်ကြီးကြောင့် 730 hp နဲ့ 738 lb-ft Torque အထိလည်း ရှိနေကာ Bentley ရဲ့ ထုတ်ဖူးသမျှ ကားတွေထဲ စွမ်းဆောင်ရည် အမြင့်ဆုံးလည်း ဖြစ်လို့ နေပါတယ်။

Photo Credit: motor 1.com

အခု ကားသစ်မှာတော့ Air Suspension စနစ် သပ်သပ် ပါဝင်လာတဲ့ အတွက် မောင်းနှင်ရတာ အတော်လေး ငြိမ့်ညောင်းမှု ရှိနိုင်ပြီး Anti-Roll Bar တွေနဲ့ Four-Wheel စတီယာတိုင်လည်း ပါဝင်လာ လိမ့်ဦးမယ်လို့ သိရပါတယ်။ အခု Batur ကားတစ်စီးချင်းစီတိုင်းကို ဝယ်ယူသူတွေ စိတ်ကြိုက် Bentley ဘက်ကနေ အချိန်ယူ ပြင်ဆင် ပေးမှာလည်း ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်း အတွက်ကိုတော့ စကော့တလန်နဲ့ အီတလီ လယ်သာ သားတွေကို သုံးပေးထားပြီး တစ်ပတ်ရစ် ချည်မျှင်တွေကိုလည်း ပြန်လည် အသုံးချထားတယ်လို့ သိရပါတယ်။ ပိုပြီး ထူးခြားချင်တယ် ဆိုရင်တော့ ဝယ်ယူသူတွေ အနေနဲ့ ၁၈ ကာရက် ရွှေ ပမာဏရှိတဲ့ 3D-Print အပိုင်းတွေ ကိုလည်း ကားအတွင်းခန်းအတွက် ထည့်သွင်းနိုင်ပါသေးတယ်။ Bentley ကတော့ အခု ကားတွေကို စုစုပေါင်း မှ ၁၈ စီးပဲ အထူးထုတ် ပေးသွားမှာဖြစ်ပြီး တစ်စီးကို $ 2,028,741 လောက် အထိကို ကျသင့်မှာလည်း ဖြစ်ပါတယ်။

Ref: motor 1.com