ပြီးခဲ့တဲ့ ၂၀၂၀ တုန်းက အစီးရေ ၁၂ စီးအထိ ထုတ်လုပ်နိုင်ခဲ့ကာ အောင်မြင်ခဲ့တဲ့ Bacalar Convertible အမိုးဖွင့် ကားလေး အပြီးမှာတော့ အခု ဆိုရင် Bentley တို့ အနေနဲ့ နောက်ထပ် Bespoke ကားသစ်ကို ထုတ် လုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပြီး နာမည်ကိုတော့ Batur လို့ ပေးလာမယ်လို့ သိရပါတယ်။ Bentley ကတော့ အဆိုပါ ကားသစ်ကို 2022 Montery Car Week ပြပွဲကြီးမှာ လာမယ့် ဩဂုတ် ၂၀ ရက်မှာတင် ပြသသွားတော့ မှာပါ။ အခုဆိုရင်တော့ ကားအသစ် မမြင်ရသေးခင် Teaser တစ်ခုကို ချပြခဲ့ပြီး ကားရဲ့ Grille တစ်စိတ်တစ်ပိုင်း လေးကိုတော့ မြင်တွေ့ခွင့် ရလိုက်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားရဲ့ နာမည် အပြည့်အစုံကတော့ ဘာလီမှာ ရှိတဲ့ Batur ဆိုတဲ့ ကန်တစ်ခုရဲ့ နာမည်ကို အစွဲပြုထားတာ ဖြစ်ပြီး အခုကားရဲ့ မူလအခြေခံ ကားကတော့ Bentley ရဲ့ Continental GT Coupe ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း အတွက်ကိုတော့ Continental GT ရဲ့ အမြင့်ပိုင်း အင်ဂျင်ဖြစ်တဲ့ Twin-Turbo 6.0 Liter W 12 ကို သုံးထားဖို့ များနေပါတယ်။ Bentley အနေနဲ့ အဆိုပါ W 12 Engine ကို လာမယ့်နှစ် အပိုင်းအခြားတွေ အထိ ထုတ်လုပ် ပေးသွားမှာ ဖြစ်တာကြောင့် အခု Batur ကားသစ်ကလည်း အဆိုပါ အင်ဂျင်ရတဲ့ ကားတွေထဲက တစ်စီး ဖြစ်လာ နိုင်နေတာပါ။ အခု ကားကိုတော့ သတင်းတွေ အရ အစီးရေ ၂၅ စီးပဲ ထုတ်လုပ်လာလိမ့်မယ်လို့ သိထား ရပါတယ်။ တကယ်တော့ Batur ကားသစ်က ကုမ္ပဏီရဲ့ လျှပ်စစ်ကား အနာဂါတ် အတွက်လည်း ပေါင်းကူးသဖွယ် ဖြစ်နေပါသေးတယ်။ Brand အနေနဲ့က တော့ သူတို့အတွက် ပထမဆုံး လျှပ်စစ်ကားသစ်ကို လာမယ့် ၂၀၂၅ အရောက် မှာတင် စတင် ချပြလာဖို့ ရည်ရွယ်ထားပြီး Bentley ရဲ့ ပြောကြားချက်အရတော့ အခု Batur ကားသစ်မှာ ဒီဇိုင်းအသစ် စတင် ပါဝင် လာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် အခုကားရဲ့ ဒီဇိုင်းကို Brand ရဲ့ အနာဂါတ် လျှပ်စစ် ကား ဒီဇိုင်းတွေအတွက် ခန့်မှန်းတဲ့ နေရာမှာ ထည့်တွက်လို့ ရကောင်းရလာ နိုင်တော့မှာပါ။

Photo Credit: MotorAuthority

Bentley ရဲ့ ဒီဇိုင်းပိုင်း အကြီးအကဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ အစောပိုင်းတုန်းကမှ စတင် တာဝန်ယူလာခဲ့တဲ့ Andreas Mindt က အခု ကားဒီဇိုင်းသစ်တွေကို အဓိက ဖန်တီးပေးလာ နိုင်ပါတယ်။ Mindt ကတော့ ၁၉၉၉ ရဲ့ အလန်းစား Bentley Hunaudieres Concept ကားတုန်းကလည်း ဒီဇိုင်းဖန်တီးပေးခဲ့တာ ဖြစ်ပြီး အခု Batur ကားသစ် ထုတ်လုပ် ရေးကိုတော့ Bentley ရဲ့ In-House Coachbuilder ကုမ္ပဏီဖြစ်တဲ့ Mulliner ကပဲ တာဝန်ယူ ဖန်တီးလာဖို့ ရှိနေပါတယ်။

Ref: MotorAuthority