သာမန်ထက်ထူးတဲ့ ဒီဇိုင်းပိုင်း အပြောင်းအလဲတွေ လုပ်ချင်တယ် ဆိုရင်တော့ Tuning Company တွေမှာ Mansory တို့ရဲ့လက်ရာက အတော်‌လေး သိသာပါတယ်။ အထူးသဖြင့် ကမ္ဘာပေါ်ကသီးသန့် အဆန်ဆုံး သော ကားတွေကို ပြန်လည် ပြောင်းလဲနေကြတာ ဖြစ်ပြီး Mercedes-Benz SLR McLaren လိုမျိုး ခပ်ရှား ရှား ကားတွေလည်း ပါဝင် နေပါတယ်။ အခုလိုမျိုး ခပ်ရှားရှားကားတွေကိုမှ ပိုပြီး သီးသန့်ဆန်သွားအောင် ပြင်ပေးနေတဲ့ Mansory တို့ကတော့ အခုလည်း Bentley Bentayga ကားအတွက် Kit အသစ်တစ်ခုကို ဆန်းဆန်းပြားပြား ဖန်တီးပေးလိုက်ပြန်ပါပြီ။ အဆိုပါ Kit ကို ပြီးခဲ့တဲ့ လထဲက မြင်ခဲ့ရပြီး အတော်လေးကို ရုပ်ဆိုးဆိုးနဲ့ သိသာအောင် လုပ်ထားတယ် ဆိုပေမယ့် လည်း ကားကတော့ လူကြားထဲမှာ ဘယ်ကားနဲ့မှ မတူပဲ ထင်းနေမယ့်ငေးကြည့်ချင်စရာ ကားဆိုတာ သေချာပါတယ်။

Photo Credit: CARBUZZ

ခပ်ရှားရှား Bentayga Speed W 12 ကားကို အခြေခံ ပြောင်းလဲ ပေးထားတဲ့ အဆိုပါ ကားကိုတော့ Mansory တို့က Feroza Edition လို့ အမည်ပေးထားပြီး အဆိုပါ မူလကား ကလည်း ယခင်ကတည်းက ကမ္ဘာပေါ်က အမြန်ဆုံး SUV တစ်စီး ဖြစ်ခဲ့ဖူးပါတယ်။ အဆိုပါ ကားကတော့ မူလကတည်းက 626 hp နဲ့ 664 lb-ft Torque အထိ စွမ်းဆောင် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပမာဏက Mansory တို့ အတွက်တော့ လုံလောက်တဲ့ဟန် မရှိသေးပဲ အခု ပြင်ဆင်မှုကနေ 888 hp အထိ ရှိတဲ့ စွမ်းဆောင်ရည် ကို ပေးနိုင်ခဲ့သလို Torque ကလည်း 922 lb-ft Torque အထိ ရှိလာပါတယ်။ အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီကို ယခင် ၁၉၀ ကနေ ၂၀၀ မိုင်အထိ မြင့်တက်လာခဲ့ပြီး တစ်နာရီ မိုင် ၆၀ နှုန်းကလည်း ယခင် ၃.၉ စက္ကန့် ကနေ ၃.၅ စက္ကန့် အထိကို အချိန်တွေ တိုတောင်းသွားခဲ့ပါတယ်။ Mansory ကတော့ အခုကားကို စွမ်းဆောင်ရည်ပိုင်းတွေတင် မကပဲ ဒီဇိုင်းပုံစံ ပြောင်းလဲမှုတွေပါ ထည့်ပေးခဲ့ပြီး Forged Carbon ကိုလည်း ရွေးချယ်စရာ သတ္တုအနေနဲ့ ပါလာပါတယ်။

Photo Credit: CARBUZZ

အခု ကားကတော့ Widebody Kit ဖြစ်တာကြောင့် Full Carbon အပြည့် အင်ဂျင်ဖုံးတွေ ၊ အရှေ့ဘက် Lip ပေါင်းစပ် ထားတာတွေ ၊ Side Flaps တွေနဲ့ လေဝင်ပေါက် တွေကိုတော့ Forged Carbon အပြည့် ထည့်ပေးထားပါတယ်။ Grille ကလည်း အဆင့်မြှင့်တင် ပေးထားတဲ့ ဒီဇိုင်းဖြစ်သွားတဲ့အပြင် Wing Mirror တွေ ၊ Roof Spoiler တွေ ၊ Fender Accents တွေနဲ့ ဘေးဘက်က Skirts တွေ ၊ အနောက်ဘက် က Fenders တွေကိုပါ အကုန်ပြောင်းလဲ အဆင့်မြှင့် ပေးထား ပါတယ်။ ကားရဲ့ ပြတင်းပေါက် ပတ်ပတ် လည်မှာလည်း Trim တွေထပ်ထည့် ပေးထားပြီး အနောက်ဘက် မှာလည်း Bumper အသစ် နဲ့ Diffuser တွေကို Spoiler အသစ်နဲ့ ချိတ်ဆက် ပေးထား ပါတယ်။ ဒါတင် မကသေးပဲ LED မီး အသစ်တွေနဲ့ ၂၃ လက်မ ၊ ၂၄ လက်မ အရွယ်ဘီးကြီးတွေကိုလည်း ရနိုင်ဦးမှာ ဖြစ်ကာ အတွင်းခန်း လယ်သာ သားတွေကို ကြမ်းခင်းတွေနဲ့ ထိုင်ခုံတွေနဲ့ပါ လိုက်ဖက်အောင် ဖန်တီး ပေးထားတာ မြင်နိုင်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် သာမန်ထက်လည်း အတော် ထူးခြားပြီး အတော် ကောင်းတဲ့ ပြင်ဆင်မှုသစ် ဖြစ်ခဲ့ကာ ဈေးလည်း အတော် များနိုင် ပုံရပါတယ်။ တကယ်တမ်း လက်တွေ့မှာ ဒီလို ကားမျိုးကိုပဲ ဒီထက်ဈေးချွေတာပြီး ကောင်းကောင်း လိုချင်တယ် ဆိုရင်တော့ Bentley Bentayga မူလကားကိုပဲ ရှာဝယ်တာ ပိုအဆင်ပြေပါလိမ့်မယ်။

Ref: carbuzz.com