လာမယ့်မေလ ၁၃ ရက်‌ကနေ ၂၁ ရက် နေ့အတွင်း ကျင်းပမယ့် Mecum ရဲ့ ကားလေလံ ပွဲတော်ကြီးထဲမှာ စိတ်ဝင်စားစရာ အတော်ကောင်းမယ့် ကားတစ်စီးရှိနေပါတယ်။ အဲ့ဒါကတော့ 1989 ခုနှစ်ထွက်  “Batman” ရုပ်ရှင်ကားနဲ့   1992 “Batman Returns”ရုပ်ရှင်တွေထဲက ဘတ်မန်း စီးတဲ့ ယာဉ်ကြီးရဲ့ ပုံစံတူ ကားတစ်စီး ပဲ ဖြစ်ပါတယ်။ Batmobile ယာဉ်တွေအဖြစ် ပုံတူ ပြန်သရုပ်ဖော်ကြရမှာတော့ အခု ရုပ်ရှင်တွေမှာ သုံးခဲ့တဲ့ ယာဉ်တွေက ဒီဇိုင်းအရရော ယာဉ် အရ ပါ ဖန်တီးရ အလွယ်ကူဆုံးအဖြစ် သတ်မှတ်ထားကြတာပါ။

Photo Credit: MotorAuthority

ရုပ်ရှင်ထဲက တကယ့် ကားကတော့ Chevrolet Impala ရဲ့ Chassis ကို ယူကာ ဖိုက်ဘာမှန် ကိုယ်ထည်နဲ့ ‌တည်ဆောက် ထားတာ ဖြစ်ပြီးရုပ်ရှင် စတီဒီယို ထဲမှာတောင် ဘာမှ Effect တွေဘာတွေ ကောင်းကောင်း မထည့်ထား ရ‌သေးပဲ ဖန်တီးထားတဲ့ လက်ရာ အတိုင်း ထည့်သုံး ခဲ့တာပါ။ ဒါပေမယ့် အခု လေလံပွဲမှာ တွေ့ရ မယ့် ကားကတော့ 1976 Cadillac Eldorado ကားကို အခြေခံ ယူသုံးထားတာ ဖြစ်ပြီး 502-Cubic-Inch Fuel-Injected Cadillac V-8 အင်ဂျင် ကြီးလည်း ပါဝင်လာမှာပါ။ Eldorado ကားရဲ့ Platform ကို သုံး ထားတာကြောင့် သေချာတာကတော့ အခု ဘတ်မန်း ပုံစံတူကားက Front-Wheel Drive အမျိုး အစားဖြစ် လာမှာပါ။ ဒါ့အပြင် အခု ကားမှာတော့ ပိုပြီး ထူးခြား ကောင်းမွန်တဲ့ နည်းပညာတွေဖြစ်တဲ့ ဖြုတ်တပ် သယ် ဆောင်လို့ရတဲ့ အမိုး ၊ တစ်ချို့သော ရုပ်ရှင်ထဲက အတိုင်း လက်နက်တွေနဲ့ Air Suspension စနစ် ၊ ဘက် ကြည့်ကင်မရာ၊ အဲကွန်းကောင်းကောင်းနဲ့ အသံစနစ်ကောင်းကောင်းတို့အပြင် Bluetooth တောင် ပါလိုက် ပါသေးတယ်။ သေချာတာကတော့ ၁၉၈၉ ဘတ်မန်း ရုပ်ရှင် ကားထဲမှာ Bluetooth မပါဝင်လာသေးပါဘူး။

Photo Credit: MotorAuthority

အခု လေလံပွဲကြီး ကျင်းပမယ့် Macum တို့ကတော့ လေလံပွဲထဲက ကားစာရင်းကို ထုတ်ပြန်ကြေညာထား ခြင်း မရှိ သေးပေမယ့်လည်း သိရသလောက်ကတော့ နောက်ထပ် ဘတ်မန်းကား ပုံစံတူ ယာဉ်တစ်စီးလည်း ပါလာဖို့ များနေပါသေးတယ်။ အဆိုပါ ကားရဲ့ အခြေခံ ကြမ်းခင်းဈေးနှုန်းကတော့ Honda Accord ကား သစ်တစ်စီးရဲ့ ‌ဈေး လောက် ရှိမယ်လို့ သိထား ရပါတယ်။ မကြာသေးမီက အသစ် ချပြထားတဲ့ ဘတ်မန်း ရုပ်ရှင်အသစ်မှာ ဆိုရင်လည်း ပုံစံတူ ပြလုပ်သူတွေအဖို့ အလုပ်များဦးမယ့် နောက်ထပ် ကားအဆန်းတစ်စီး ပါလာပါသေးတယ်။ ဒါပေမယ့် အခု ရုပ်ရှင် အသစ်ထဲက ကားအသစ်ကတော့ ပိုပြီးတော့ လက်တွေ့ဆန် လာခဲ့ပြီး လက်ရှိ ဈေးကွက်ထဲက Muscle Car တွေ ကို သေချာ ပြင်ဆင်ထားတာနဲ့တောင် တူနေပါသေး တယ်။ ဒါကြောင့် အခု ၁၉၈၉ ဘတ်မန်း ကားပုံစံတူ ဖန်တီးသူတွေ လုပ်ခဲ့ကြသလိုပဲ အခု နောက်ဆုံးထွက် ဘတ်မန်းကားကိုရော ဘယ်လိုတွေ ဖန်တီးနိုင်ကြဦးမလဲ ဆိုတာ စောင့်ကြည့် သွားရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority